တစ်ပတ်တာအတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ
စိတ်ဝင်စားစရာအမေးအဖြေတွေကို စုစည်းပြီးဖော်ပြပေးနေတဲ့ စနေနေ့ကို ပြန်လည်ရောက်ရှိလို့လာပါပြီ။ မေးခွန်းနဲ့ အဖြေတွေကတွေကတော့ အစိမ်းရောင်လမ်းဆော့ဝဲရဲ့ အမေးအဖြေကဏ္ဍမှာ တောင်သူတွေမေးလာခဲ့တဲ့ မေးခွန်းတွေကို တခြားတောင်သူတွေပါသတိထားနိုင်ဖို့အတွက် ဗဟုသုတရဖွယ် ကောင်းနိုး ရာရာတွေကို ရွေးထုတ်ပြီးဖော်ပြပေးနေခြင်းပဲဖြစ်ပါတယ်။
Green Way ဆိုတာ စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ဆိုင်တဲ့ သတင်းတွေဆောင်းပါးတွေကို တောင်သူတွေကို အခမဲ့ဖြန့်ဖြူးပေးနေတဲ့ ဆော့ဝဲတစ်ခုပါ။ ဒီဆော့ဝဲထဲမှာဆို စိုက်ခင်းထဲက ပြဿနာတွေ ဇဝေဇဝါဖြစ်နေတဲ့ အကြောင်းအရာတွေကို တိုင်ပင်ဆွေးနွေးလို့ရနိုင်တဲ့ အခန်းကဏ္ဍလေး ရှိပါတယ်။ အဲ့ဒါကတော့ အမေးအဖြေကဏ္ဍပါ။ မေးခွန်းတွေကိုမေးမြန်းချင်ရင်တော့ အမေးအဖြေ ကဏ္ဍသို့ဝင်ကာ ပို့စ်တင်ပြီးမေးလို့ရနေပါတယ်။ ပညာရှင်တွေနဲ့ အတွေ့အကြုံရှိတောင်သူတွေ မှန်မှန်နဲ့ မြန်မြန်ဖြေပေးနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားပြီး ဝင်ဆွေးနွေးပေးကြပါတယ်ရှင့် ။
ဒီတစ်ပတ်ရဲ့ စိတ်ဝင်စားစရာ မေးခွန်းတွေကတော့.....
၁။ မေး (ကျော်လင်းသူ) - ကုလားပဲအရွက်ဖျားလေးတွေမှာ အဖြူလေးတွေဖြစ်နေလို့ ဘယ်လိုဖြစ်တာလဲ..ခဗျာ ဘာဆေးဖျန်းသင့်လဲ ဆရာတို့ရေ။ တင်ပို+ပီဖိုလန် အားဆေးဖျန်းရင်ရော အဆင်မပြေလောက်ဘူးလား.ဆရာ။

ဖြေ (ဒို့ဦးလေး) - အာဟာရချို့တဲ့သဘောပါ။ လစ်တိုဇင် ဖျန်းပေးပါ။ ဟိုမုန်းကြိုက်တယ် ကုလားပဲက.. ဟိုမုန်းပါတဲ့အားဆေးဆိုရပါတယ်။
၂။ မေး (Thet Hnin) - ဆေးဖျန်းခေါင်းကထွက်တဲ့ ရေမှုန်ကြီးတာနဲ့ သေးတာဘယ်ဟာ ပိုထိရောက်လဲဆရာ။
ဖြေ (ဒို့ဦးလေး) - အပင်ရဲ့အရွက်မှာရှိတဲ့စတိုမာ အပေါက်လေးတွေထဲ၊ ဆေးစိမ့်ဝင်ဖို့အတွက် အမှုံသေးသေးလေးတွေ ဖြစ်ဖို့လိုပါတယ်။
၃။ မေး (Aung Chan) - ဘာရောဂါလဲဆရာ ပဲတွေမှာတအားဖြစ်နေလို့ ဘာဆေးတွေနိုင်လဲ။

ဖြေ (ဒို့ဦးလေး) - ဆာကိုစပိုရာ ရွက်ပြောက်လို့ခေါ်ကြတယ်။ အဇိုဇီစထိုဘင်+ဒိုင်ဖန်နိုကိုနာဇိုး အတွဲ ဖျန်းပါ။
၄။ မေး (ခိုင်မင်းစိုး) - မြေသြဇာဆက်မသုံးတော့ဘဲ ကွဲနေတဲ့မြေကြီးကို မြေဆီကောင်းအောင် ဘယ်လိုအသက်သွင်းရမလဲ။
ဖြေ (ကျော်ကျော်ဦး) - သဘာဝမြေသြဇာထည့်၊ သစ်စိမ်းမြေသြဇာထည့်၊ Emများများဖျန်း ဖြစ်နိုင်ရင် ပေါင်းသတ်ဆေး၊ ထယ်ရေးလှန်ခြင်းကို ရှောင်၍ မြေမွေးထားပါ...။
(ဒို့ဦးလေး) - တတ်နိုင်ရင် သဲတွေရနိုင်သလောက် 4 လက်မထုချေပေးပါ။
၅။ မေး (မင်းမင်း) - ပဲစိုက်ရာသီနောက်ကျရင် ပိုးမွှားရောဂါပိုကျတယ်ဘာကြောင့်ပါလဲဆရာ။ ဥပမာ ပဲတီစိမ်းကိုနိုဝင်ဘာ15ရက်နောက်ဆုံးထားပြီးစိုက်ရပါတယ်။ ကျွန်တော့မှာလယ်နှစ်ကွင်းရှိပါတယ်။ တစ်ကွင်းက နိုဝင်ဘာ 16 ရက်မှာစိုက်တယ် စိုက်ချိန်မှန်တော့ ပိုးမွှားရောဂါနည်းနည်းပဲကျတယ်။ နောက်တစ်ကွင်းက နိုဝင်ဘာ 23 ရက်မှာစိုက်တယ် စိုက်ချိန်နောက်ကျတော့ ပျ၊ ယင်ဖြူ၊ လှေးတွေ အများကြီးကျပြီး အရွက်တွေတွန့်ကုပ်ပြီး အဝါရောင်မိုဇစ်ရောဂါဖြစ်ကုန်တယ်။ ကျေးဇူးပြု၍ဖြေပေးပါနော်ဆရာတို့...
ဖြေ ( ဦးသက်လွင်) - အဝါရောင် မိုစိတ်ရောဂါခံနိုင်ရည်မရှိသော မျိုးစိုက်လျှင် ဘယ်အချိန်စိုက်စိုက် အဆင်မပြေပါဘူး။ ရာသီဥတုဖြစ်စဉ်သည် ပိုးမွားရောဂါ အနည်းအများကို အဆုံးအဖြတ် ပေးတာပါ(မို့အုံ့ခြင်း၊ မအုံ့ခြင်း)
(ဒို့ဦးလေး) - စိုက်ချိန်နောက်ကျခြင်းကြောင့် ပိုးများပိုကျရောက်တယ်ဆိုတာ. ရာသီဥတုကြောင့်ပါ။ ယင်ဖြူ ပျ လှေးတွေဟာ ရာသီဥတု ပူချိန် ပေါက်ဖွားမှုနုန်းမြင့်ပါတယ်။ ဒါကြောင့် စိုက်ချိန်နောက်ကျရင် စုပ်စားပိုး ပိုဆိုးတာပါ။ ကျန်အခင်းတွေကနေ အပင်ငယ်တွေဆီ ပိုးတွေပိုကြိုက်ပါတယ်။ အပင်ဝါရောဂါကလည်း ဒီလိုပါဘဲ။ စောစိုက်တဲ့အခင်းတွေ အရမ်းနောက်ကျတဲ့အပင်တွေကျတတ်ပါတယ်။ မျိုးပြောင်းပါ။ မျိုးစေ့ ဆေးလူးစိုက်ပါ။ စုပ်စားပိုး ကာကွယ်ပါ။
နောက်တစ်ပတ်တွေမှာလည်း စိတ်ဝင်စားစရာ အမေးအဖြေများကို ဆက်လက်ဖော်ပြပါဦးမည်။
နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Kyaw Myanmar
လွန်ခဲ့သော ၃ နှစ် ကဒယ်အိုးထဲထည့်လှော်ပြီချေကြည့်ပါ
ဦးငွေဝင်း
လွန်ခဲ့သော ၃ နှစ် ကလက်ချားမုန့်ရေပျော်အောင်ဘယ်လိုလုပ်မလဲ
ဆုမြတ်နိုး
လွန်ခဲ့သော ၃ နှစ် ကမိုးစပါးအပြီးနိုဝင်ဘာလအတွင်းစိုက်ရင်အဆင်ပြေပါတယ်ရှင့်
win min soe
လွန်ခဲ့သော ၃ နှစ် ကမတ်ပဲကို ဘယ်လနဲ့ ဘယ်ရက်နောက်ဆုံးထားပီး စိုက်ရမလည်း ဆရာ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026