တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ
စနေနေ့လေးကိုပြန်လည်ရောက်ရှိလို့လာပါပြီ။
ဒီတစ်ပတ်အတွက် စိတ်ဝင်စားစရာ အမေးအဖြေတွေက ဘာတွေဖြစ်မလဲ..?
မေးခွန်းနဲ့ အဖြေတွေကတွေကတော့ အစိမ်းရောင်လမ်းဆော့ဝဲရဲ့ အမေးအဖြေကဏ္ဍမှာ တောင်သူတွေ မေးလာခဲ့တဲ့ မေးခွန်းတွေကို တခြားတောင်သူတွေပါသတိထားနိုင်ဖို့အတွက် ဗဟုသုတရဖွယ် ကောင်းနိုး ရာရာတွေကို ရွေးထုတ်ပြီးဖော်ပြပေးနေခြင်းပဲဖြစ်ပါတယ်။
Green Way ဆိုတာ စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ဆိုင်တဲ့ သတင်းတွေဆောင်းပါးတွေကို တောင်သူတွေကို အခမဲ့ဖြန့်ဖြူးပေးနေတဲ့ ဆော့ဝဲတစ်ခုပါ။ ဒီဆော့ဝဲထဲမှာဆို စိုက်ခင်းထဲက ပြဿနာတွေ ဇဝေဇဝါဖြစ်နေတဲ့ အကြောင်းအရာတွေကို တိုင်ပင်ဆွေးနွေးလို့ရနိုင်တဲ့ အခန်းကဏ္ဍလေး ရှိပါတယ်။ အဲ့ဒါကတော့ အမေးအဖြေကဏ္ဍပါ။ မေးခွန်းတွေကိုမေးမြန်းချင်ရင်တော့ အမေးအဖြေ ကဏ္ဍသို့ဝင်ကာ ပို့စ်တင်ပြီးမေးလို့ရနေပါတယ်။ ပညာရှင်တွေနဲ့ အတွေ့အကြုံရှိတောင်သူတွေ မှန်မှန်နဲ့ မြန်မြန်ဖြေပေးနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားပြီး ဝင်ဆွေးနွေးပေးကြပါတယ်ရှင့် ။
ဒီတစ်ပတ်ရဲ့ စိတ်ဝင်စားစရာ မေးခွန်းတွေကတော့.....
၁။ မေး (U Than Htay Lwin) - ကြံ လမိုင်းထားခြင်းဆိုတာ ဘာလဲဗျ မသိလို့ ရှင်းပြကြပါအုံးဗျ။
ဖြေ (ဆုမြတ်နိုး) - ကြံကိုအကုန်ရိတ်သွားတာမဟုတ်ဘဲ အဆစ်ချန်ပြီးဖြတ်သွားတာပါရှင့်။ အဲ့အဆစ်ကနေ ထပ်ထွက်လာတာကြောင့် နောက်တစ်နှစ်မှာ အသစ်ထပ်စိုက်စရာမလိုတော့တာကို လမိုင်းထားတယ်လို့ခေါ်ပါတယ်ရှင့် ။
၂။ မေး (မင်းမင်း) - မတ်ပဲ တစ်ရာသီမှာမှိုဆေး ဘယ်နှစ်ကြိမ်သုံးရလဲ။ ပြီးတော့မှိုဆေးကို တစ်မျိုးထဲကို ပြီးသည့်အချိန်ထိသုံးရင်ရောဆင်ပြေမပြေလေးသိချင်ပါတယ်။ ဆရာမိတ်ဆွေတို့ ရှင်းပြပေးပါ။
ဖြေ (ဒို့ဦးလေး) - တစ်ရာသီ၃ကြိမ် သုံးနိုင်ပါတယ်၊ တစ်မျိုးတည်း သီးနှံအစအဆုံး မသုံးသင့်ပါ။ ကာကွယ်ဆေး၊ပြီးမှ ကုသဆေး သုံးပါ။
(Kyaw Kyaw Oo) - ရောဂါမကျခင်မှာ ကာကွယ်ဆေးဖျန်းပြီး ရောဂါကျလျင် ကုသဆေးဖျန်းသင့် ပါတယ်..။ အလှည့်ကျဖျန်းတာအကောင်းဆုံးပါ...။
(Say Yar) – ၃ ကြိမ်။
၃။ မေး (ဦးစိန်ယွန်း) - စိုက်ပျိုးရေး ပညာရှင်များခင်ဗျာ။ တောင်သူများအငြင်းပွားမှုတွေ ရှိနေကြတဲ့ မေးခွန်းလေးမေးချင်လို့ပါ။ ပက်ကြဲတဲ့ ပုလဲမြေဩဇာနဲ့ အရွက်ဖျန်းနေတဲ့ ပုလဲမြေဩဇာ မတူဘူးလို့ ပြောတဲ့သူနဲ့ ၊ အတူတူပါပဲ အမှုန့်ကြိတ်ပေးထားတာကလွဲလို့ဆိုတဲ့သူနဲ့ ဘယ်သူကအမှန်ဆိုတာ ရှင်းပြပေးပါခင်ဗျာ။
ဖြေ (ဒို့ဦးလေး) - အတူတူပါဘဲခင်ဗျာ နိုက်ထြိုဂျင် ၄၆% ပါဝင်တဲ့ယူရီးယားပါပဲ။ အပင်က ယူရီးယားကို စားသုံးတဲ့ပုံစံ မတူတာပဲကွာပါတယ်။ ယူရီးယားကို မြေကြီးထဲကျွေးရင်၊ အပင်က တိုက်ရိုက်မစားနိုင်သေးဘဲ အကျိုးပြုဘက်တီးရီးယားများမှ၊ အမိုနီယံပုံစံနဲ့ နိုက်ထြိတ်ပုံစံ ပြောင်းပေးပြီးမှ အမြစ်ကတဆင့် အပင်ထဲရောက်ပါတယ်။ ယူရီးယားကို ရေH2Oနဲ့ ဖျော်ပြီး အရွက်ကိုဖျန်းရင်..အမိုးနီးယားနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် ဓာတ်ပြောင်းသွားလိူ့ အရွက်က တိုက်ရိုက်စားသုံးနိုင်ပါတယ်။ ဒီဖြစ်စဥ်က အကြမ်းဖျဥ်းပြောပြတာဖြစ်ပါတယ်။
၄။ မေး (Kyaw Win Htun) - ငရုတ်အညှာတွေအဲ့လိုဖြစ်နေလို့ ဘာဆေးဖြန်းရမလဲသိချင်လို့ပါ။

ဖြေ (ဒို့ဦးလေး) - အသီးတောင့်ငယ်စဥ်အရွယ်မှာ လှေးကျခံရလို့ ဂျွတ်တက်တာပါ။ နောက်ထပ်မဖြစ်အောင် လှေးဆေး ဖျန်းပေးရပါတယ်။
(Aung Zayya) - မင်းမဟော်ကထုတ်တဲ့မင်းသားဆေးဖျန်းပါ။
၅။ မေး (နေထက်) - ဗမာ နွားမတကောင်ကိုယ်ဝန်ဆောင်ကာလာဘယ်နှစ်လကြာပါသလဲခင်ဗျာ။
ဖြေ (ဆုမြတ်နိုး) - 283 ရက်ပါ ၉ လကျော်ကျော်ရှင့်။
(Kyaw Aung) - ၉. လကျော် တစ်ခါတလေ ၁၀ လအပြည့်နေတာလဲရှိပါတယ်။
အခုလိုမျိုးသိချင်တဲ့ အကြောင်းအရာတွေအပြန်အလှန်ဆွေးနွေးဖို့ အစိမ်းရောင်လမ်းရဲ့ အမေးအဖြေကဏ္ဍကနေ ဖိတ်ခေါ်ပါတယ်နော်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026