တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၂၅.၁၀.၂၀၂၁) မှ (၂၉.၁၀.၂၀၂၁) ထိ တစ်ပတ်အတွင်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
ဆန်၊ စပါး
ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာ ဆန်ချောဈေးတွေ ငြိမ်နေပြီးတော့ ဆန်ကြမ်းဈေးတွေ ကျဆင်းသွားပါတယ်။ ရန်ကုန်အပြင် နယ်ဈေးကွက်မှာပါ ဆန်ကြမ်းဈေးတွေ ကျဆင်းသွားတာဖြစ်ပါတယ်။ အသစ်တွေ ထွက်လာတော့မှာ ဖြစ်ပါတယ်။ တင်ပို့မှုကလည်း ငွေဈေးပြောင်းလဲခြင်းကြောင့် ဈေးတွေ မရတာလည်း ဖြစ်ပါတယ်။
ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထက တစ်အိတ်ကို ၂၄၅၀၀ ကနေ ၂၅၅၀၀ကျပ် ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ဧည့်မထ ၂၅ % ကလည်း တစ်အိတ်ကို ၂၂၅၀၀ ကနေ ၂၃၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်၊ သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၂၅၀၀၀ ကနေ ၂၅၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။
ပဲခူးတိုင်း ပြည်ကုန်စည်ဒိုင်ဈေးကွက်မှာတော့ အင်းမဘော်ရိုးရိုးက တစ်အိတ်ကို ၂၆၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ အင်းမစူပါက တစ်အိတ်ကို ၂၈၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်၊ကရင်မဆန်ကတော့ တစ်အိတ်ကို ၂၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀ ကျပ်၊ သုခ(မိုး)ကတော့ ၂၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၅၀၀ ကျပ်၊ ရတနာ(မိုး)ကတော့ တစ်အိတ်ကို ၂၁၅၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း ဈေးတွေက ကျဆင်းပါတယ်။ အဓိက ပြည်တွင်းငွေလဲလှယ်နှုန်းဈေးကျဆင်းတဲ့အတွက်ကြောင့် ဈေးတွေက ကျဆင်းနေတာဖြစ်ပါတယ်။ မတ်ပဲဈေးက အဓိက ဒေါ်လာဈေးနဲ့ ကျပ်ငွေပြောင်းလဲမှုမှာ မူတည်နေပြီးတော့ FOB ဈေးတွေကတော့ အပြောင်းအလဲ သိပ်မရှိပါဘူး။
အိန္ဒိယမှာလည်း ဒေသထွက် မတ်ပဲတွေဝင်လာလို့ ပြည်ပက မတ်ပဲဈေးတွေက အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ကုန်သည်တွေ သုံးသပ်ထားသလို မြန်မာ့မတ်ပဲကတော့ တင်ပို့မှုက ပုံမှန်ရှိနေမှာဖြစ်ပြီးတော့ ငွေကြေးပြောင်းလဲမှုကြောင့်သာကျဆင်းတာဖြစ်လို့ ဈေးက မာနေဦးမှာပါ။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၃ သိန်း ၆ သောင်းကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁ သိန်းကျော်လောက်ဈေးကျဆင်းသွားပါတယ်။ ဒေါ်လာပေါက်ဈေးကလည်း ပြီးခဲ့တဲ့အပတ်က တစ်ဒေါ်လာကို ငွေကျပ် ၂၀၀၀ နီးပါးရှိပြီး တစ်ပတ်အတွင်း တစ်ဒေါ်လာကို ၁၈၂၀ အထိ ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာ မတ်ပဲက တစ်အိတ်ကို ၁၂၅၀၀၀ ထိ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ထိ ကျပ်ဈေးကျဆင်းသွားခဲ့ပါ တယ်။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၄၂၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၄၅၀၀၀ ပေါက်ဈေးရှိနေပြီး ၅၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။
မတ်ပဲက တစ်လအတွင်း တစ်တန်ကို ငွေကျပ် ၅ သိန်းနီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီက မတ်ပဲလောက် အကျမကြမ်းပေမယ့် ငွေဈေးပြောင်းလဲမှုပေါ်မူတည်ပြီး တစ်ဖြေးဖြေးကျဆင်းနေပါတယ်။ ပြည်တွင်းမှာလည်းဈေးကျဆင်းနေသလို အိန္ဒိယမှာလည်း ဝယ်ယူမှုလျော့နည်းလို့ ဈေးတွေကျဆင်းနေတယ်လို့ အိန္ဒိယပဲသတင်းတွေအရ သိရပါတယ်။
ပဲစင်းငုံနီက လက်ရှိပြည်တွင်းမှာလည်း လက်ကျန်လျော့နည်းနေတာဖြစ်လို့ အိန္ဒိယမှာ ပဲဈေးတွေ ဆိုးဆိုးရွားရွားကျဆင်းမှုမရှိရင်တော့ ယခုထက်ဈေးကျဆင်းသွားနိုင်ခြေမရှိဘူးလို့ ကုန်သည်တွေက သုံးသပ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၂ သိန်း ၁ သောင်း ပေါက်ဈေးရှိပြီး တစ်တန်ကို ၆ သောင်းကျပ် ဈေးကျဆင်းသွာပါတယ်။
မန္တလေးဈေးကွက်မှာ ဈေးမဖွင့်ပါ။
အောင်လံဈေးကွက်မှာ တစ်တင်းကို ၄၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီကလည်း တစ်လအတွင်း တစ်တန်ကို ၃ သိန်းခွဲ နီးပါးဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကလည်း ဆက်တိုက်ကို ဈေးကျဆင်းနေပါတယ်။ လက်ရှိမှာတော့ ဈေးတက်နိုင်ခြေက ငွေကြေးပြောင်းလဲမှုနဲ့ တရုတ်တင်ပို့မှုပုံမှန်ရှိရင်တော့ ပြန်တက်လာနိုင်ခြေရှိပါတယ်။ တရုတ်အပြင် အခြား နိုင်ငံတင်ပို့မှုကလည်း ရှိပေမယ့် အသစ်ပေါ်ချိန်ဖြစ်လို့ ဈေးချဝယ်ယူမှုတွေကြောင့် ဈေးက လျော့နည်းနေတာလည်း ဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တော့ တစ်ပိဿာကို ၂၄၁၅ မှ ၂၅၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ပဲတီစိမ်း (ပဲခူးရွှေဝါ)က တစ်ပိဿာကို ၂၂၂၅ မှ ၂၃၃၅ ပေါက်ဈေးရှိပြီး ၂၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၄၁၅ ကနေ ၂၆၇၀ေ ပေါက်ဈေးပြီး ၈၀ကျပ် ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း အဟောင်းက တစ်အိတ်ကို ၁၁၅၀၀၀ ကနေ ၁၂၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အသစ်ကတော့ တစ်အိတ်ကို ၁၂၄၀၀၀ ပေါက်ဈေးရှိနေပါတယ်။
အောင်လံမှာလည်း တစ်တင်းကို ၃၇၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
အာလူး
အာလူးကတော့ လက်ရှိမှာ အမြင့်ဆုံးဈေးရရှိနေပါတယ်။ တရုတ်တင်သွင်းမှုမရှိသလို ပြည်ပမှာလည်း အဝင်လျော့လို့ဈေးတွေက ဆက်တိုက်မြင့်တက်နေခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၁၅၀၀ကနေ ၂၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၅၀ ကျပ်ဈေးတက်လာပါတယ်။ တစ်လအတွင်းတစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။
မော်လမြိုင်ဈေးကွက်မှာလည်း အာလူးက တစ်ပိဿာကို ၂၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို၄၀၀ လောက်ဈေးတက်လာပါတယ်။
စားအုန်းဆီ
စားအုန်းဆီကလည်း ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။ အဓိက ငွေလဲလှယ်နှုန်းဈေးကြောင့် ကျဆင်းသွားတာဖြစ်သလို ဆီအသင်းကလည်း ပြည်နယ်အလိုက် ထုတ်ရောင်းပေးမှုကြောင့် ဈေးကွက်အတွင်း တည်ငြိမ်သွားတယ်လို့ဆိုလို့ရပါတယ်။
ဆီကုန်သည်အသင်းရဲ့ ဈေးနှုန်းအရ စားအုန်းဆီ (CIF) ဈေးနှုန်းက မြင့်တက်နေပေမယ့် ကျဆင်းသွားတဲ့ ငွေလဲလှယ်နှုန်းဈေးကြောင့် ဈေးကကျဆင်းနေတာဖြစ်ပါတယ်။
ဒီတစ်ပတ်မှာ စားအုန်းဆီ (CIF) ဈေးက ၁၃၆၀ ကနေ ၁၃၈၀ ဒေါ်လာ ပေါက်ဈေးရှိပြီး ၁၅ ဒေါ်လာ ဈေးတက်လာပေမယ့် ငွေလဲလှယ်နှုန်းဈေးက ဗဟိုဘဏ်ပေါက်ဈေးအရ ငွေကျပ် ၁၀၀ ကျော်ဈေးကျဆင်းသွားတဲ့အတွက် စားအုန်းဆီ လက်ကားဈေးက တစ်ပိဿာကို ၄၂၅၀ ပေါက်ဈေးရှိပြီး ၃၀၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က စားအုန်းဆီ (CIF) ဈေးနှုန်းက ၁၃၆၅ ပေါက်ဈေးရှိပေမယ့် စားအုန်းဆီ လက်ကားဈေးက တစ်ပိဿာကို ၄၅၂၀ ပေါက်ဈေးရှိခဲ့ပါတယ်။
မန္တလေးဈေးကွက်မှာတော့ စားအုန်းဆီက တစ်ပိဿာကို ၄၄၃၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၆၀ ကျပ် ဈေးကျဆင်းသွားပါတယ်။]
ပြည်ဈေးကွက်မှာတော့ တစ်ပိဿာကို ၄၄၅၀ ကနေ ၄၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၈၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ တစ်လအတွင်း တစ်ပိဿာကို ၆၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....