တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
၃၀.၈.၂၀၂၁ မှ ၃.၉.၂၀၂၁ ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာ တစ်တန်ကို ၁၄ သိန်းထိ ဈေးတွေ မြင့်တက်လာခဲ့ပါတယ်။ အဓိက ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးတွေ ဆက်တိုက်မြင့်တက်လာခဲ့တဲ့အတွက် ပဲဈေးတွေက မြင့်တက်နေတာဖြစ်တယ်လို့ ကုန်သည်ကြီးတွေက ဆိုပါတယ်။
မတ်ပဲလက်ကျန်က အောက်ခြေဈေးကွက်ထဲလုံး၀မရှိတော့ပဲ လက်ရှိ အမြင့်ဈေးနဲ့ သိုလှောင်ပဲတွေကို ထုတ်ရောင်းနေမှုတွေရှိနေတယ်လို့လည်းသိရပါတယ်။
အိန္ဒိယဈေးကွက်မှာတော့ မြန်မာ့ပဲတွေက ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပေမယ့် ပြည်တွင်းမှာတော့ အရောင်းအဝယ်များနေပြီး ဈေးတွေတက်နေတယ်လို့လည်းသိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့တစ်တန်ကို ၁၄ သိန်းပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း တစ်တန်ကို ၇ သောင်းကျော်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၂၀၀၀ ကနေ ၁၃၅၀၀၀ ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်း ဈေးကတော့ အတက်အကျ အနည်းငယ်နဲ့ အပြောင်းအလဲသာရှိပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၅၀၀၀ ကနေ ၄၅၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၄၄၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၄၀၀၀ ပေါက်ဈေးရှိပြီး ရက်ခြားသာဈေးဖွင့်ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ၁၃ သိန်းအောက်ထိ ဈေးပြန်ကျဆင်းသွားပေမယ့် သောကြာနေ့မှာတော့ ၁၃ သိန်းကျော်အထိ ဈေးကပြန်တက်လာပါတယ်။ အဓိက မြန်မာ့ကျပ်ငွေဈေးတွေကျဆင်းပြီး ဒေါ်လာဈေးတွေ မြင့်တက်လာတဲ့အတွက်ကြောင့် ဈေးမြင့်နေတာဖြစ်ပါတယ်။ အိန္ဒိယကတော့ ဝယ်ယူမှုတွေက လက်ရှိမှာ ပုံမှန်ရှိနေတယ်လို့သိရပါတယ်။
နယ်ဈေးကွက်တွေမှာတော့ လက်ကျန်မရှိ၊ အရောင်းအဝယ်မရှိပဲ ဈေးကလည်း အနည်းငယ်တက်ဈေးနဲ့သာ ဈေးဖွင့်တာတွေရှိပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၃ သိန်း ၂ သောင်းကျော်ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်တော့ အနည်းငယ်ကျဆင်းပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၂၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲကတော့ မရှိပါဘူး။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၂၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲမရှိပါဘူး။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၂၃၀၀ ကျပ်ရှိပြီး ၃၀၀ ကျပ် ဈေးတက်လာပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကလည်း ဒီတစ်ပတ်မှာ ဈေးတွေမြင့်တက်လာပေမယ့် တောင်သူအများစုလက်ထဲမှာတော့ ပဲမရှိတော့ဘူးလို့ သိရပါတယ်။
လက်တလော တရုတ်ဘက်က မဝယ်ရှိတဲ့အပြင် အခြား နိုင်ငံအချို့ကလည်း ဝယ်ယူမှုရှိနေလို့ ဈေးတက်နေတယ်လို့သိရပြီး အဓိကနိုင်ငံခြားပို့ကုန်ဖြစ်တဲ့အတွက် ငွေကြေးအပြောင်းအလဲကြောင့် ဈေးတွေ ပိုတက်တယ်လို့ ဆိုလို့ရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၂၂၅၀ကနေ ၂၃၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့ တစ်ပိဿာကို ၂၀၀၀ ကနေ ၂၀၈၅ ကျပ်ရှိပြီး ၈၅ ကျပ်၊ ပဲတီစိမ်း(ပခုက္ကူ) ကတော့ တစ်ပိဿာကို ၁၇၃၀ ကနေ ၂၃၃၅ ကျပ် ရှိပြီး ၈၅ကျပ် အသီးသီးဈေးတက်လာပြီး ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၅၀၀ ကနေ ၂၅၈၅ နဲ့ဈေးငြိမ်ပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၀၀၀၀၀ ကနေ ၁၁၀၀၀၀ ပေါက်ဈေးရှိပြီးပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့တစ်အိတ်ကို ၃၀၀၀ လောက်ဈေးတက်လာပါတယ်။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၈၀၀၀ ကနေ ၃၈၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲကြီး
ပြီးခဲ့တဲ့ တစ်လလုံး ဈေးတွေ ဆက်တိုက်မြင့်တက်နေခဲ့တဲ့ပဲကြီးက ဒီတစ်ပတ်မှာတော့ ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။ ပဲလည်းမရှိ အရောင်းအဝယ်လည်းမရှိတဲ့အတွက် ဈေးတွေကပြန်ကျဆင်းပြီး ငြိမ်နေတယ်လို့ ကုန်သည်တွေကဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ရွှေကျွန်း)က တစ်ပိဿာကို ၃၁၈၅ မှ ၃၃၆၅ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၁၈၀ ကျပ်ဈေးတွေ ကျဆင်းသွားပါတယ်။ ပဲကြီး(ကုန်း)ကတော့၂၇၈၀ မှ ၂၈၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲကြီး(ကြီး၊လတ်၊သေး)က တစ်အိတ်ကို ၁၆၀၀၀၀ ကနေ ၁၈၅၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၅၀၀၀ လောက် ဈေးပြန်ကျဆင်းသွားပါတယ်။
အောင်လံဈေးကွက်မှာတော့ ပဲကြီးက တစ်တင်းကို ၅၅၀၀၀ ကနေ ၆၀၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ အဝင်တွေ ဆက်တိုက်ရှိနေတဲ့အတွက် ဈေးတွေက ပြန်ကျဆင်းသွားခဲ့ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၄၇၀၀ ကနေ ၄၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်ဖြူ(ရှမ်း)ကတော့ အဝင်ပုံမှန်ရှိပြီး အဝယ်လည်းပုံမှန်ရှိတဲ့အတွက် ဈေးတွေကတော့ ငြိမ်နေပါတယ်။ တစ်ပိဿာကို ၂၇၀၀ ကနေ ၃၂၀၀ ပေါက်ဈေးရှိပါတယ်။
ထန်းလျက်
ထန်းလျက်ကလည်းကုန်ကြမ်းရှားပါးမှုနဲ့အတူ ဈေးတွေက ဆက်တိုက်မြင့်တက်လာခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၁၈၀၀ကနေ ၂၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။
ဦးမြင့်ထွေး
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026