တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၂.၈.၂၀၂၁ မှ ၆.၈.၂၀၂၁) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
မတ်ပဲ
မတ်ပဲကတော့ ဈေးစဖွင့်တဲ့အချိန်မှာ အတက်ဈေးနဲ့ဈေးဖွင့်ခဲ့ပါတယ်။၂ ပတ်ကျော်ကြာ ဈေးကွက်တွေ ပိတ်ထားခဲ့ပြီး အရောင်းအဝယ်ကလည်း မရှိတော့တဲ့အခြေအနေပါ။ ဈေးကွက်အတွင်း အတက်ဈေးနဲ့ ရှိခဲ့ပေမယ့် ရက်ပိုင်းအတွင်းမှာ အများအပြားထုတ်ရောင်းမှုတွေကြောင့် ဈေးတွေ ပြန်ကျဆင်းသွားခဲ့ပါတယ်။
မတ်ပဲကတော့ လက်ရှိမှာ အတက်ဈေးနဲ့ပဲ ရှိနေဦးမယ့်အခြေအနေပါပဲ။ လက်ကျန်တွေက လျော့နည်း နေပြီး ငွေထုတ်ဖို့အခက်အခဲတွေနဲ့ အပြည့်အဝပြန်လည်မဖွင့်သေးတဲ့ ကုန်စည်ဒိုင်တွေကြောင့် အရောင်းအဝယ်က ထင်သလောက် ရှိနေဦးမှာ မဟုတ်ပါဘူး။
အိန္ဒိယကလည်း ပဲတင်ပို့မှုကို ပွဲတော်မတိုင်မှီတင်သွင်းဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပြီး မိုးစိုက်ပဲဧက လျော့နည်းတဲ့အတွက် မြန်မာ့ပဲဈေးကတော့ အရမ်းမကျဆင်းနိုင်ဘူးလို့ ကုန်သည်အချို့က သုံးသပ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၂၆၀၀၀၀ အထိ ပေါက်ဈေးရှိခဲ့ပြီး ၂ ပတ်အတွင်း တစ်တန်ကို ၁ သိန်း ၅ သောင်းလောက် ဈေးမြင့်တက်လာခဲ့ပါတယ်။ တစ်ပတ်အတွင်း ငွေကျပ် ၂သောင်းလောက် ပြန်ကျဆင်းသွားခဲ့ပြီး သောကြာနေ့ စာရင်းအရ တစ်တန်ကို ၁၂၄၅၀၀၀ သာပေါက်ဈေးရှိပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၉၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ဆင်ဖြူကျွန်းမှာတော့တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ဈေးကွက်ပြန်လည်ဖွင့်ချိန်မှာ အတက်ဈေးနဲ့ ဈေးဖွင့်ပါတယ်။ ဒါပေမယ့် ပဲလက်ကျန်မရှိတော့တဲ့အခြေအနေကြောင့် ဈေးက အတက်ဈေးနဲ့ ငြိမ်နေပါတယ်။ နယ်တော်တော်များများမှာလည်း အရောင်းအဝယ်က မရှိပါဘူး။
ပဲစင်းငုံနီက မတ်ပဲလောက်ဈေးမတက်ပါဘူး။ ပြည်တွင်းမှာလည်း စိုက်ဧကလျော့နည်းပြီး ကုန်သည်များလက်ထဲမှာသာ ပဲတွေက ရှိတော့တာဖြစ်အတွက် ပဲဈေးကွက်က ငြိမ်နေခဲ့တာဖြစ်ပါတယ်။
အိန္ဒိယမှာတော့ ပဲစင်းငုံနီ စိုက်ပျိုးထုတ်လုပ်မှုလျော့ကျတဲ့အပြင် မိုးသည်းထန်စွာရွာသွန်းတဲ့အတွက်ကြောင့် စိုက်ဧကတွေလျော့နည်းနိုင်တဲ့အတွက် ဈေးတွေက တက်နေခဲ့တာဖြစ်ပါတယ်။
ဈေးကွက်ဖွင့်တဲ့အချိန်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၁၈၀၀၀၀ နဲ့ စဖွင့်ခဲ့ပြီး လက်ရှိမှာတော့တစ်တန်ကို ၁၁၇၅၀၀၀ နဲ့ ၃ ရက်ကြာဈေးအပြောင်းအလဲမရှိပဲ ငြိမ်နေပါတယ်။ ဈေးမပိတ်ခင်ရက်နဲ့ နှိုင်းယှဉ်လိုက်ရင် တစ်တန်ကို ၅ သောင်းလောက်သာ ဈေးတက်လာခဲ့ပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်စဖွင့်တဲ့အချိန်မှာ ပါးပါးလေးဈေးတက်လာပါတယ်။ အချို့နယ်ဈေးတွေမှာတော့ ဈေးကတောက်လျှောက်ငြိမ်နေပါတယ်။ တရုတ်က အဓိကဝယ်ယူတာဖြစ်ပြီး လတ်တလောအရောင်းအဝယ်က ပြည်တွင်းသာရှိတဲ့အတွက် ဈေးက ငြိမ်နေခဲ့တာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၂၀၈၀ ကနေ ၂၁၇၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ)က တစ်ပိဿာကို ၂၀၁၅ ကနေ ၂၀၇၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။ ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့ တစ်ပိဿာကို ၁၉၁၅ ကနေ ၁၉၅၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲမရှိပါဘူး။
မော်လမြိုင်ဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်တင်းကို ၃၂၅၀၀ ကနေ ၃၇၀၀၀ ကြားပေါက်ဈေးရှိပါတယ်။
ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၃၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ လောက်ဈေးတက်လာပါတယ်။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၂၉၀၀၀ ကနေ ၂၉၅၀၀ ပေါက်ဈေးနဲ့ ဈေးကွက်ဖွင့်ပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ကုန်စည်ဒိုင်တွေမပိတ်ခင်ကတည်းက ဈေးတွေက တက်နေခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းဝယ်လိုအားကောင်းနေတဲ့အပြင် လက်ကျန်တွေကလည်းမရှိတဲ့အတွက် အတက်ဈေးနဲ့ပဲရှိနေခဲ့တာဖြစ်ပါတယ်။ ကုန်သည်တွေကလည်း အသစ်မထွက်ခင်ထိ ကုလားပဲဈေးတွေက မာနေဦးမယ်လို့ သုံးသပ်မှုတွေရှိခဲ့ပါတယ်။
ရန်ကုန် ဘုရင့်နောင်ဈေးကွက် စဖွင့်တဲ့အချိန်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁၇၅၀ ကနေ ၁၈၃၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၀ လောက်တက်လာပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၁၉၁၅ ကနေ ၂၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်ဈေးတက်လာပါတယ်။
ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၂၂၀၀ ကနေ ၂၂၅၀ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးတက်လာပါတယ်။
ဆင်ဖြူကျွန်းမှာတော့ ကုလားပဲ(HL) နဲ့ (ထိုင်ဝမ်) တစ်တင်းကို ၃၀၀၀၀ ကျပ်ပေါက်ဈေးရှိနေပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဈေးပြန်ဖွင့်တဲ့အချိန်မှာ ဈေးအနည်းငယ်တက်လာခဲ့ပါတယ်။ ကုန်စည်ဒိုင်တွေ ပိတ်တဲ့အတွက် ရန်ကုန်ဈေးကွက်ထဲကို အဝင်မရှိပဲဈေးတက်နေတာဖြစ်ပါတယ်။ တောင်သူတွေလက်ထဲမှာတော့ ကြက်သွန်နီက ထင်သလောက်မတက်ပဲ ရှိနေပါတယ်။
လတ်တလောပြည်ပဝယ်ယူမှုမရှိတဲ့အတွက် ဈေးကတော့ တက်လာနိုင်ချေမရှိသေးဘူးလို့ ကုန်သည် တွေက သုံးသပ်ထားပါတယ်။
ရန်ကုန်ဈေးစဖွင့်တဲ့အချိန်မှာ ကြက်သွန်နီက တစ်ပိဿာကို ၂၅၀ ကနေ ၅၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ ဈေးကွက်မပိတ်ခင်ရက်နဲ့ နှိုင်းယှဉ်ပါက ၁၀၀ လောက်ဈေးတက်လာပါတယ်။
Zaw Tun
လွန်ခဲ့သော ၅ နှစ် ကငရုပ်ဈေးနှုန်းသိချင်ပါတယ်
ထွန်းထိုက်
လွန်ခဲ့သော ၅ နှစ် ကပခုက္ကူပဲတီစိမ်းဈေးကွက်အခြေနေလေးသိချင်ပါတယ်
ဦးမြင့်ထွေး
လွန်ခဲ့သော ၅ နှစ် ကမတ်ပဲဈေးကွက် အခြေအနေလေး ဆက်လက်သုံးသပ်တင်ပြ ပေးစေချင်ပါတယ်ခင်ဗျာ။
ht
လွန်ခဲ့သော ၅ နှစ် ကမြေပဲ
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026