တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၃၀.၁၁.၂၀၂၁) မှ (၃.၁၂.၂၀၂၁) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
ဆန်၊ စပါး
ဆန်အဟောင်းစပါးအဟောင်းတွေကတော့ လက်ကျန်မရှိသလောက်ဖြစ်နေပြီး ဈေးတွေကလည်း အပြောင်းအလဲ မရှိတော့ပါဘူး။ နယ်အချို့မှာ စပါးဆန် အသစ်တွေ ဆက်တိုက် ထွက်ရှိနေပါတယ်။ ဆန် အသစ်တွေကတော့ ဈေးလျော့နည်းပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ လက်တလော အဟောင်းတွေရော အသစ်တွေ ထွက်ရှိနေပြီး အသစ်တွေကတော့ ဈေးအနည်းငယ်အတက်အကျရှိပါတယ်။
ဝါးတန်းဈေးကွက်မှာ ဖျာပုံပေါ်ဆန်းနဲ့ ဒေးဒရဲပေါ်ဆန်းက တစ်အိတ်ကို ၄၅၀၀၀ ကနေ ၄၇၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။ မြောင်းမြပေါ်ဆန်းကတော့ ၄၆၀၀၀ ကနေ ၅၀၀၀၀ ပေါက်ဈေးရှိ ပြီး အပြောင်းအလဲ မရှိပါဘူး။ ပေါ်ဆန်းနယ်စုံကတော့ တစ်အိတ်ကို ၄၃၀၀၀ ကနေ ၄၅၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ငစိန်(အသစ်)က တစ်အိတ်ကို ၂၂၈၀၀ ကနေ ၂၃၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ဧည့်မထ၂၅မှတ်တန်ကတော့ တစ်အိတ်ကို ၂၂၅၀၀ ကနေ ၂၃၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ဧရာဝတီတိုင်းဈေးကွက်မှာလည်း အသစ်တွေ ပေါ်လာပြီဖြစ်ပါတယ်။ ပုသိမ်ပေါ်ဆန်းစပါး(သစ်)က တင်း ၁၀၀ ကို ၉၂၀၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ် ကို ၃၈၀၀၀ ပေါက်ဈေးရှိပါတယ်။ ပုသိမ်ဧည့်မထစပါးမိုး(သစ်)ကတော့ တင်း ၁၀၀ ကို ၆၄၄၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၃၀၀၀ ပေါက်ဈေးရှိပါတယ်။
မြောင်းမြပေါ်ဆန်းစပါး(သစ်)ကတော့ တင်း ၁၀၀ ကို ၉၃၇၅၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ် ကို ၃၅၀၀၀ ပေါက်ဈေးရှိပါတယ်။ မြောင်းမြဧည့်မထစပါးမိုး(သစ်)ကတော့ တင်း ၁၀၀ ကို ၆၈၅၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၅၀၀၀ ပေါက်ဈေးရှိပါတယ်။
မအူပင်ပေါ်ဆန်းစပါး(သစ်)ကတော့ တင်း ၁၀၀ ကို ၉၂၀၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၃၆၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။ မအူပင်ဧည့်မထစပါးမိုး(သစ်)ကတော့ တင်း ၁၀၀ ကို ၅၈၀၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၁၅၀၀ ပေါက်ဈေးရှိပါတယ်။
အချို့မြို့နယ်တွေမှာတော့ အသစ်တွေမထွက်သေးပဲ အဟောင်းဈေးတွေကတော့ ငြိမ်နေပါတယ်။
မတ်ပဲ
မတ်ပဲကတော့ လက်တလောမှာ ဈေးတက်လာတယ်လို့ပြောလို့ရပေမယ့် တစ်ပတ်အတွင်းမှာတော့ အတက်အကျက မငြိမ်ပါဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာတစ်လလုံး အကျဈေးနဲ့ ရှိနေခဲ့ပြီး နိုဝင်ဘာ နောက်ဆုံးအပတ်မှာ တစ်တန်ကို ၁၄ သိန်း ၃ သောင်းထိ ပေါက်ဈေးရှိခဲ့ပြီး တစ်တန်ကို ၄ သောင်းနီးပါးလောက်ဈေးတက်လာခဲ့ပါတယ်။
စက်တင်ဘာလလောက်မှာ တစ်တန်ကို ငွေကျပ် သိန်း ၂၀ ကျော်အထိ ငွေကြေးပြောင်းလဲမှုနဲ့အတူ ဈေးတွေတက်ခဲ့ချိန်နဲ့ နှိုင်းယှဉ်ရင်တော့ လက်ရှိပေါက်ဈေးက ကျတယ်လို့ ဆိုလို့ရပါတယ်။ အဓိက ဒေါ်လာ ပေါက်ဈေးလျော့နည်းသွားလို့လည်းဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာလည်း ဈေးအနည်းငယ်ပြန်တက်လာလို့ ပြည်တွင်းပေါက်ဈေး အနည်းငယ်တက်လာပေမယ့် ပဲကုန်သည်တွေ ထိန်းဝယ်ယူနေလို့ အတက်အကျကတော့ အများကြီး မရှိပါဘူး။
လက်ရှိ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၁၄၁၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးအနည်းငယ်သာကျဆင်းပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၅၀၀၀ ကနေ ၁၃၇၀၀၀ကြား ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ အများကြီးမရှိပါဘူး။
အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၄၄၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၅၅၀၀ ကနေ ၄၆၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်က ဈေးတက်လာပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးကပြန်ကျဆင်းသွားပါတယ်။
အိန္ဒိယမှာ ဈေးတွေတက်လို့ ပဲဈေးက တက်လာခဲ့ပေမယ့် အိန္ဒိယမှာ ပဲအသစ်တွေပေါ်နေပြီဖြစ်တဲ့အတွက် ဝယ်ယူမှုလျော့နည်းသွားလို့ စက်တင်ဘာလနဲ့နှိုင်းယှဉ်ရင်တော်တော် ဈေးက ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမမယ့် မိုးအဆမတန်ရွာသွန်းမှုတွေကြောင့် ပဲအထွက်နှုန်းကလည်း လျော့နည်းနိုင်တယ်လို့ ကြေညာထားတဲ့အတွက် ပဲစင်းငုံနီဈေးကတော့ လက်တလောမှာ မှန်းဆရခက်နေပါတယ်။
မြန်မာပြည်တွင်းမှာတော့ လက်ကျန်မရှိတဲ့အတွက် နေရာအများစုမှာ ဈေးအဖွင့်မရှိတော့ပဲ တင်ပို့မှုပဲ ရှိနေတာဖြစ်တယ်လို့ ကုန်သည်တွေထံကနေသိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၁၁ သိန်း ၅သောင်း ကျော် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန် ကို ၃ သောင်းနီးပါးဈေးပြန်ကျဆင်းသွားပါတယ်။
မန္တလေးမှာတော့လက်ရှိအချိန်ထိ ဈေးဖွင့်ခြင်းမရှိသေးပါဘူး။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။
စားတော်ပဲ
စားတော်ပဲကတော့ လက်ရှိမှာ အမြင့်ဆုံးရောက်ရှိနေပါတယ်။ ပြည်ပကနေ ပဲအဝင်မရှိတဲ့အတွက် ပြည်တွင်းစားသုံးမှုအများဆုံးဖြစ်တဲ့ စားတော်ပဲက အပတ်စဉ်ဈေးတက်နေခဲ့တာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ စားတော်ပဲက တစ်ပိဿာကို ၄၀၈၀ ကနေ ၄၆၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၃၅ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၁၄၀၀၀၀ ကနေ ၂၂၀၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပဲလက်ကျန်မရှိတဲ့အတွက်အတက်ဈေးနဲ့ ဈေးငြိမ်နေခဲ့ပါတယ်။
ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၈၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀၀ ကျပ်ဈေး တက်လာပါတယ်။ ဈေးဖွင့်ပေမယ့် လက်ကျန်မရှိလို့ အရောင်းအဝယ်မရှိဘူးလို့သိရပါတယ်။
ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၈၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။
စားတော်ပဲက တစ်လအတွင်း တစ်ပိဿာကို ၁၀၀၀ နီးပါးဈေးတက်လာခဲ့တာဖြစ်ပြီးတော့ လက်ရှိ ပဲမျိုးစုံထဲမှာ အမြင့်ဆုံး ဈေးရရှိနေတဲ့ ပဲလည်း ဖြစ်ပါတယ်။
နှမ်းဖြူ
ပြီးခဲ့တဲ့အပတ်က ဈေးတက်ခဲ့တဲ့ နှမ်းဖြူဈေးက ဒီတစ်ပတ်မှာတော့ဈေးပြန်ကျဆင်းပါတယ်။ အဝယ်လျော့ နည်းလို့ဈေးကျဆင်းတယ်လို့သိရပါတယ်။
မန္တလေးဈေးကွက်မှာ နှမ်းဖြူက တစ်အိတ်ကို ၁၄၅၀၀၀ ကနေ ၁၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၀၀၀၀ ကျပ်ရှိပြီး ဈေးငြိမ်နေပါတယ်။
ဆင်ဖြူကျွန်းမှာလည်း တစ်တင်းကို ၄၅၀၀၀ ပေါက်ဈေးရှိဈေးငြိမ်ပါတယ်။
khinaung
လွန်ခဲ့သော ၄ နှစ် ကမတ်ပဲ၁၀ရက်သားကိုမှိုဆေးဖြန်းရမလားဗျ။ဘာမှိုဆေးဖြန်းရမလဲ
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....