အစိမ်းရောင်လမ်း
တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်

တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်

AMIA
AMIA 25/09/2021

(၂၀.၉.၂၀၂၁ ) မှ (၂၄.၉.၂၀၂၁) ထိ တစ်ပတ်အတွင်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်လယ်ယာထွက်ကုန်သီးနှံများ

ဆန်၊စပါး

ဆန်တွေကတော့ ရန်ကုန်စျေးကွက်မှာ ဒီတစ်ပတ် စျေးအနည်းငယ်ငြိမ်နေပါတယ်။ နယ်စျေးကွက်တွေမှာလည်း အဟောင်းတွေကမရှိတော့တဲ့အတွက် စျေးပြန်ငြိမ်သွားပြီး အချို့ မြို့နယ်တွေမှာတေ့ာ အဝယ်လိုက်နေတဲ့အတွက် စျေးတွေတက်ပါတယ်။

ပုသိမ်စျေးကွက် မြောင်းမြစျေးကွက်တို့မှာ စပါးလက်ကျန်မရှိတော့အတွက် အခြားမြို့နယ်က စပါးနဲ့ ဆန်တွေက အဝယ်လိုက်ပြီး စျေးတက်လာပါတယ်။

ဒေးဒရဲစျေးကွက်မှာ ဒေးဒရဲပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၉၇၂၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၆၀၀၀၀ ကျပ် စျေးတက်လာပြီး ဆန်ကလည်း တစ်အိတ်ကို ၂၀၀၀ ကျပ်စျေးတက်လာကာ ၄၇၀၀၀ ကျပ်ပေါက်စျေးရှိနေပါတယ်။

ဒေးဒရဲဧည့်မထ (မိုး)စပါးကလည်း တင်း ၁၀၀ ကို ရ၂၆၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၅၅၀၀၀ ကျပ်စျေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၉၀၀၀ နဲ့ ၁၀၀၀ ကျပ်စျေးတက်လာပါတယ်။ ဒေးဒရဲဧည့်မထ(နွေ)ကတော့ တင်း ၁၀၀ ကို ၆၆၂၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၁၈၀၀၀ ကျပ် စျေးတက်လာပြီး ဆန်ကတော့တစ်အိတ်ကို ၂၆၀၀၀  ရှိကာ ၁၀၀၀ ကျပ်စျေးတက်လာပါတယ်။

ဖျာပုံစျေးကွက်မှာတော့ ဖျာပုံပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၉၈၁၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၅၃၀၀၀ ကျပ်စျေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၄၇၀၀၀ ပေါက်စျေးရှိပြီး ၂၀၀၀ကျပ်စျေးတက်လာပါတယ်။

ဖျာပုံဧည့်မထ (မိုး)ကတော့ တင်း ၁၀၀ ကို ရ၂၆၀၀၀ ကျော်ပေါက်စျေးရှိပြီး တစ်အိတ်ကို ၅၅၀၀၀ ကျပ်စျေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၂၉၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်စျေးတက်လာပါတယ်။ ဧည့်မထ(နွေ)ကတော့ တင်း ၁၀၀ ကို ၆၆၂၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၁၈၀၀၀ ကျပ်စျေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၆၀၀၀ ရှိပြီး ၁၀၀၀ ကျပ်စျေးတက်လာပါတယ်။

ပေါင်းတည်စျေးကွက်မှာတော့ ရတနာတိုးစပါးက တင်း ၁၀၀ ကို ၆၀၀၀၀၀ ပေါက်စျေးရှိပြီး ရ၀၀၀၀ ကျပ်စျေးတက်လာပါတယ်။ လက်ရှိမှာတော့ ကြိုဝယ်တွေများတဲ့အတွက်ကြောင့်ဈေးတွေက တက်နေပြီး ငွေကြေးကျဆင်းမှုကြောင့် စျေးတွေက ထပ်ပြီးတက်နိုင်ခြေရှိတယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။

မတ်ပဲ 

မတ်ပဲကတော့ဒီတစ်ပတ်မှာ စျေးကထပ်ပြီး တက်လာပါတယ်။ တစ်တန်ကို ငွေကျပ် ၁၆ သိန်းထိ စျေးတက်လာပါတယ်။ ပြည်တွင်းစျေးကွက်မှာသာ စျေးတွေတက်နေခဲ့ပေမယ့် အိန္ဒိယမှာတော့ မတ်ပဲ အသစ်တွေ စျေးကွက်ထဲကို၀င်လာတဲ့အတွက် စျေးတွေက အနည်းငယ် ကျဆင်းသွားပါတယ်။ 

ဒီဇင်ဘာလကုန်အထိ တင်သွင်းခွင့်ကာလတိုးခဲ့တဲ့အတွက် မတ်ပဲကစျေးတွေ ဆက်ပြီးတက်နိုင်ဦးမယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။

ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၆ သိန်း ၆ သောင်း ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်း တစ်တန်ကို ငွေကျပ် ၁ သိန်းကျော် စျေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း မတ်ပဲက သုံးတင်းဝင် တစ်အိတ်ကို ၁၆၀၀၀၀  ကနေ ၁၆၃၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျော် စျေးတက်လာပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၅၅၀၀၀ ကနေ ၅၆၀၀၀ ပါက်ဈေးရှိပြီး ၆၀၀၀ ကျပ်၊ အောင်လံ ဈေးကွက်မှာတော့ အောင်လံမှာတော့ ၅၃၀၀၀ ရှိပြီး ၂၀၀၀ ကျပ် စျေးတက်လာပါတယ်။

ပေါင်းတည်မှာတော့ တစ်တင်းကို ၅၄၀၀၀ ပေါက်စျေးရှိပြီး ၄၀၀၀ ကျပ်စျေးတက်လာပါတယ်။

ပဲစင်းငုံနီ 

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်အတွင်း စျေးက ၁၄ သိန်းအောက် ပြန်ရောက်သွားပေမယ့် သောကြာနေ့မှာတော့ စျေးကပြန်တက်လာပါတယ်။ ပြည်တွင်းမှာတော့ လွန်ခဲ့တဲ့ ၂ နှစ် က ပဲတွေသာ အရောင်းအဝယ်ရှိနေပြီး ၂၀၂၁ ပဲတွေကတော့ လုံးဝ လက်ကျန်မရှိတော့ဘူး လို့သိရပါတယ်။

လက်ရှိမှာ ပဲစင်းငုံနီက အိန္ဒိယမှာ အသစ်တွေထွက်ရှိလာပြီဖြစ်လို့ မြန်မာ့ပဲစင်းငုံနီကို ထိန်း၀ယ်ယူမှုတွေရှိပြီး စျေးတွေ အေးသွားတာလို့လည်း သိရပါတယ်။ ထွက်ရှိလာတဲ့ပဲတွေသာ မိုးကြောင့် ပျက်စီးမှုရှိရင်တော့ မြန်မာ့ပဲစင်းငုံနီစျေးက ယခုထက် တက်နိုင်ဦးမယ်လို့လည်း သုံးသပ်ထားပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၁၄ သိန်း ၂ သောင်းနီးပါး ပေါက်စျေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ပါက အနည်းငယ်ထပ်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲစင်းငုံနီက စျေးမဖွင့်ပါဘူး။ 

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၄၀၀၀ ကြားပေါက်စျေးရှိပြီး တစ်ပတ်အတွင်းအပြောင်းအလဲက သိပ်မရှိပါဘူး။

အောင်လံမှာတော့ တစ်တင်းကို ၄၄၅၀၀ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ပေါင်းတည်မှာ တစ်တင်းကို ၄၂၀၀၀ ကနေ ၄၃၀၀၀ ကြားပေါက်စျေးရှိပြီး ၂၀၀၀ လောက်စျေးတက်လာပေမယ့် အရောင်းအဝယ်ကတော့ မရှိဘူးလို့သိရပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ဒီတစ်ပတ်မှာ စျေးငြိမ်နေတဲ့အနေအထားဖြစ်ပြီးတော့ ပဲခြမ်းတွေကတော့ စျေး အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ပဲလက်ကျန်တွေလည်း မရှိတော့တဲ့အတွက်အပြင် ပဲခွဲစက်တွေကလည်း ၀ယ်ယူမှုလျော့နည်းသွားပါတယ်။

ရန်ကုန်စျေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၂၀၈၀ ကနေ ၂၁၇၀ ပေါက်စျေးရှိပြီး စျေးငြိမ်နေပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၂၂၅၀ ကနေ ၂၃၀၀ ပေါက်စျေးရှိပြီး ၃၅ ကျပ်စျေးကျဆင်းသွားပါတယ်။ ကုလားခြမ်းတော့ တစ်ပိဿာကို ၂၇၀၀ ကနေ ၂၉၀၀ ပေါက်စျေးရှိ ပြီး ၁၀၀ ကျပ် စျေးကျဆင်းသွားပါတယ်။

မန္တလေးစျေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၁၁၇၀၀၀ ကနေ ၁၁၈၀၀၀ ကျပ်၊ ကုလားပဲ(929) က တစ်အိတ်ကို ၁၂၁၀၀၀ ကနေ ၁၂၂၀၀၀ပေါက်စျေး၊၊ ကုလားပဲ(V2) က တစ်အိတ်ကို ၁၃၀၀၀၀ ပေါက်စျေးနဲ့ စျေးငြိမ်နေပါတယ်။ ကုလားပဲ (v7)က တော့ တစ်အိတ်ကို ၁၂၉၀၀၀  ပေါက်စျေးရှိပြီး ၁၀၀၀ ကျပ် စျေးတက်လာပါတယ်။

အောင်လံစျေးကွက်မှာတော့ ကုလားပဲ(HL) က တစ်တင်းကို ၄၂၀၀၀ ပေါက်စျေးရှိပြီး ၅၀၀ ကျပ်စျေးတက်လာပါတယ်။ ကုလားပဲ(မြကြေးမုံ)ကတော့တစ်အိတ်ကို ၄၀၀၀၀ ပေါက်စျေးရှိပြီး စျေးငြိမ်ပါတယ်။

ပေါင်းတည်စျေးကွက်မှာတော့ ကုလားပဲ(HL) က တစ်တင်းကို ၄၂၀၀၀၊ ကုလားပဲ(929) က တစ်တင်းကို ၄၃၀၀၀ ကျပ်ရှိပြီး စျေးငြိမ်ပါတယ်။ ကုလားပဲ(V2) က တစ်တင်းကို ၄၃၀၀၀ ကနေ ၄၄၀၀၀ ပေါက်စျေးရှိပြီး ၁၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။

ပြည်စျေးကွက်မှာတော့ ကုလားပဲ(HL)က တစ်တင်းကို ၄၂၅၀၀ ကနေ ၄၃၅၀၀ ပေါက်စျေးရှိပြီး ၅၀၀ ကျပ် စျေးတက်လာပါတယ်။

ပဲပုပ်

ပဲပုပ်ကတော့ ပြီးခဲ့တဲ့လကအထိ ရန်ကုန်စျေးကွက်မှာ ဆက်တိုက်စျေးတက်ခဲ့ပေမယ့် လက်ရှိမှာ စျေးငြိမ်သွားပါတယ်။ နယ်စျေးကွက်တွေမှာတော့ အဝင်များလို့ စျေးတွေက ကျဆင်းသွားပါတယ်။

ရန်ကုန်စျေးကွက်မှာတော့ ပဲပုပ်(အထွက်တိုး) က တစ်ပိဿာကို ၂၀၀၀ ကနေ၂၂၅၀ ပေါက်စျေးရှိပါတယ်။

မန္တလေးစျေးကွက်မှာတော့ ပဲပုပ်(ရှမ်း)က သုံးတင်းဝင် တစ်အိတ်ကို ၈၀၀၀၀ ကနေ ၁၁၀၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျော်စျေးကျဆင်းသွားပါတယ်။ ပဲပုတ်(ဗမာ) ကလည်း တစ်အိတ်ကို ၁၄၀၀၀၀ ကနေ ၁၄၅၀၀၀ ပေါက်စျေးရှိပြီး ၃၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။

 

You

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....