၁၈.၁၀.၂၀၂၁ မှ ၂၂.၁၀.၂၀၂၁ ရက်အတွင်း ဈေးကွက်သုံးသပ်ချက်
(၁၈.၁၀.၂၀၂၁) မှ (၂၂.၁၀.၂၀၂၁) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
ဒီတစ်ပတ်ကတော့ အများပြည်သူ ရုံးပိတ်ရက်ဖြစ်တဲ့အပြင် ပွဲတော်ကာလ ဖြစ်တဲ့အတွက် ကုန်စည်ဒိုင်တွေ ပိတ်ပြီး အရောင်းအဝယ်ကလည်း အများကြီး မဖြစ်ပါဘူး။
မတ်ပဲ
မတ်ပဲကတော့ ပြည်တွင်းငွေလဲလှယ်ဈေးနှုန်းကျဆင်းလာတဲ့နဲ့အမျှ ဈေးတွေကလည်းကျဆင်းနေပါတယ်။ အိန္ဒိယတင်ပို့မှုကတော့ ပုံမှန်ရှိနေပြီး ဈေးကလည်း ပြည်ပမှာ တက်နေပေမယ့် ပြည်တွင်းမှာတော့ ကျဆင်းနေပါတယ်။
အတက်ဈေးနဲ့ ကုန်သည်တွေဝယ်ယူခဲ့ပြီး ဈေးတွေကျဆင်းလာတဲ့အတွက် ရတဲ့ဈေးနဲ့ ပြန်ထုတ်ရောင်း မှုတွေကြောင့် ဈေးကကျဆင်းသွားတာလို့လည်းသိရပါတယ်။ ပြည်တွင်းမှာ မတ်ပဲက ဈေးတက်နိုင်ခြေရှိတယ်လို့ ကုန်သည်တွေက သုံးသပ်ထားပေမယ့် အရင်ဈေးရရှိဖို့ မသေချာပဲ အတက်အကျအနည်းငယ်သာ ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အိန္ဒိယမှာ မိုးစိုက်ပဲတွေ ပျက်စီးဆုံးရှုံးပြီး အရည်အသွေးအားနည်းနေတဲ့အတွက် ပြည်ပ မတ်ပဲဈေးတွေကတော့ ဈေးမာနိုင်သေးတယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၄ သိန်း ၈ သောင်းကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၃ သောင်းနီးပါးဈေးကျဆင်းသွားပါတယ်.
မန္တလေးဈေးကွက်မှာ မတ်ပဲက တစ်အိတ်ကို ၁၄၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ လက်ရှိမှာ အကျဈေးနဲ့ပဲ ဈေးငြိမ်နေပါတယ်။ အိန္ဒိယမှာ မြန်မာ့ပဲစင်းငုံနီတွေဈေးတက်ပေမယ့် ပြည်တွင်းငွေလဲလှယ်နှုန်းဈေးကြောင့် ဈေးတွေကျဆင်းခဲ့ပြီး ပဲကတော့ ကုန်သည်လက်ထဲမှာတင် အရောင်းအဝယ်သာရှိနေတာဖြစ်လို့ မတ်ပဲလောက် မကြမ်းပါဘူး။
အိန္ဒိယတင်ပို့မှုရှိပေမယ့် အိန္ဒိယစားသုံးမှုက မတ်ပဲလောက် မရှိတဲ့အတွက် ပဲစင်းငုံနီက အဝင်ပုံမှန်ရှိပြီး ဈေးကလည်း ပုံမှန်ရှိပါတယ်။ တက်ရင်လည်း အနည်းငယ်သာ တက်နိုင်ပြီး ကျဆင်းရင်လည်း အများကြီး ကျဆင်းနိုင်ခြေမရှိဘူးလို့ အိန္ဒိယပဲသတင်းတွေအရ သိရပါတယ်။
ပြည်တွင်း အရောင်းအဝယ်ကလည်း နယ်အများစုမှာ ဈေးသာဖွင့်ထားပြီး အရောင်းအဝယ်မရှိပဲ အချို့ နယ်ကုန်စည်ဒိုင် အချို့မှာတော့ ဈေးဖွင့်ထားခြင်းတောင် မရှိပါဘူး။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၂ သိန်း ၇ သောင်း ၅ ထောင် ပေါက်ဈေးရှိပြီး တစ်တန်ကို ၁ သောင်းကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာ ဈေးမဖွင့်ပါ။
ကုလားပဲ
ကုလားပဲကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပေမယ့် နယ်ဈေးကွက်တွေမှာတော့ ဈေးကကျဆင်းသွားပါတယ်။ လက်ရှိမှာ ပဲမျိုးစုံငွေကြေးပြောင်းလဲမှုကြောင့် ဈေးက ကျဆင်းနေလို့ ကုလားပဲက ဈေးကျဆင်းနေတာဖြစ်ပေမယ့် ဈေးကွက်ထဲမှာတော့ ပဲလက်ကျန်တွေ မရှိတော့ဘဲ မျိုးပဲ တွေသာ အရောင်းအဝယ်ဖြစ်နေပါတယ်။
မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၁၁၃၀၀၀ ကနေ ၁၁၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ ကုလားပဲ(929) က တစ်အိတ်ကို ၁၁၆၀၀၀ ကနေ ၁၁၇၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်၊ ကုလားပဲ(V2) ကတော့ တစ်အိတ်ကို ၁၂၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ကုလားပဲ(V7) က တစ်အိတ်ကို ၁၂၂၀၀၀ ကနေ ၁၂၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။
အောင်လံဈေးကွက်မှာတော့ ကုလားပဲ(HL) က တစ်တင်းကို ၄၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ကုလာပဲမြကြေးမုံကတော့ တစ်တင်းကို ၄၀၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
ဆင်ဖြူကျွန်းမှာတော့ ကုလားပဲ(ထိုင်ဝမ်) နဲ့ ကုလားပဲ(HL) က တစ်တင်းကို ၃၈၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပေါက်တည်ဈေးကွက်မှာတော့ ကုလားပဲ(HL) က တစ်တင်းကို ၄၂၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ကုလားပဲ (929) က တစ်တင်းကို ၄၃၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ ကုလားပဲ (V2) ကတော့ ၄၂၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။
ဘိုကိတ်ပဲ
ဘိုကိတ်ပဲကတော့ ရန်ကုန်ဈေးကွက်မှာသာ အရောင်းအဝယ်ရှိနေပြီး ဈေးကတော့ ဆက်တိုက် ကျဆင်းနေပါတယ်။ အောက်တိုဘာလ အစပိုင်းအထိ အခြားပဲနည်းတူဈေးတက်ပေမယ့် ပြန်ကျဆင်းသွားခဲ့တာပါ။
နယ်ဈေးကွက်တွေမှာတော့ ပဲလက်ကျန်တွေမရှိပဲ အရောင်းအဝယ်ကလည်းဈေးဖွင့်ခြင်းမရှိပါဘူး။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၁၆၆၅ ကနေ ၁၉၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးကျဆင်းသွားပါတယ်။
နှမ်းညို(သစ်)
နှမ်းညို (သစ်)ကတော့ ဈေးကွက်ထဲ အဝင်များလာလို့ ဈေးက ပြန်ကျဆင်းသွားပါတယ်။ အဝယ်ကလည်း အခြားနှမ်းတွေနဲ့ ယှဉ်ရင်နည်းနေတယ်လို့သိရပါတယ်။
မန္တလေးဈေးကွက်မှာတော့ နှမ်းညိုက (သစ်)က တစ်အိတ်ကို ၁၂၀၀၀၀ ကနေ ၁၂၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မုန်လာဥနီ
မုန်လာဥနီကတော့ ဈေးအနည်းငယ်ပြန်တက်လာပါတယ်။ နယ်တွေက အဝင်နည်းလာတဲ့အပြင် ကားခတွေ ဈေးတက်တဲ့အတွက် မုန်လာဥနီလည်းဈေးတက်လာတာပါ။
သီရိမင်္ဂလာဈေးမှာတော့ တစ်ပိဿာကို ၂၃၀၀ ကနေ ၃၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ လောက်ဈေးတက်လာပါတယ်။
အောင်ပန်းဈေးကွက်မှာတော့ တစ်ပိဿာကို ၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်လာပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....