တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၇.၆.၂၀၂၁ မှ ၁၁.၆.၂၀၂၁) ထိ တစ်ပတ်အတွင်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်လယ်ယာထွက်ကုန်သီးနှံများ
မတ်ပဲ
မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးပြန်တက်လာပြီး ဒီတစ်ပတ်မှာလည်း ဈေးတွေထပ်တက်လာပါတယ်။ လာမယ့် ဇွန်လ လပိုင်းမှာ တန်ချိန် ၈ သောင်းနီးပါး အိန္ဒိယတင်ပို့မှာဖြစ်တဲ့အတွက် ရက်ပိုင်းအတွင်း အဝယ်များပြီးဈေးတက်လာတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအတွင်းမှာတော့ မတ်ပဲဈေးတွေ ကျဆင်းနေတဲ့အတွက် ဈေးက ထင်သလောက် တက်တာမျိုးတော့ မရှိပါဘူး။
ရန်ကုန်ဈေးကွက်မှာမတ်ပဲ(FAQ/RC) က တစ်တန်ကို ၁၁၀၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ၁၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၀၇၀၀၀ ကနေ ၁၀၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ် ၅၀၀၀ ကျပ် သာ ဈေးတက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၅၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၈၀၀ ကျပ် ဈေးတက်လာပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၅၆၀၀ ပေါက်ဈေးရှိပြီး ၁၆၀၀ ကျပ် ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ပဲစင်းငုံနီကလည်း တင်ပို့မှုရှိတာဖြစ်တဲ့အတွက်ဈေးတက်နေတာဖြစ်ပါတယ်။ ကုန်သည်များအကြား အရောင်းအဝယ် ရှိနေတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ပဲစင်းငုံနီ ဈေးတွေကျဆင်းနေတာဖြစ်လို့ အများကြီးတော့ ဈေးမတက်ပါဘူး။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီကတစ်တန်ကို ၁၀၈၂၅၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၂၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ၁၀၁၀၀၀ ကနေ ၁၀၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၃၈၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေး တက်လာပါတယ်။
ပြည်ဈေးကွက်နဲ့အောင်လံဈေးကွက်မှာ တော့ တစ်တင်းကို ၃၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ကုလားပဲ
ဒီတစ်ပတ်ကတော့ ပြည်ပတင်ပို့မှုများတဲ့အတွက် ပဲမျိုးစုံ ဈေးတက်နေတာဖြစ်ပါတယ်။ ကုလားပဲဈေးကလည်း ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ကုလားပဲကတော့ ပြည်တွင်းရောင်းဝယ်မှုပေါ်မူတည်ပြီး ဈေးအတက်အကျ ပြောင်းလဲမှုတွေရှိပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁၄၇၀ ကနေ ၁၅၃၅ ပေါက်ဈေးရှိပြီး ၆၅ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၁၅၅၀ ကနေ ၁၅၈၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ်ကို ၈၃၀၀၀ မှ ၈၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ကုလားပဲ (၉၂၉) က တစ်အိတ်ကို ၈၆၀၀၀ မှ ၈၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ကုလားပဲ (v2)က တစ်အိတ်ကို ၉၀၀၀၀ ကနေ ၉၁၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်၊ ကုလားပဲ v7 က တစ်အိတ်ကို ၉၂၀၀၀ ပေါက်ဈေးရှိပြီး ၄၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
မုံရွာဈေးကွက်မှာလည်း ကုလားပဲ(ထိုင်ဝမ်) က ၂၈၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ၊၉၂၉ က တစ်အိတ်ကို ၂၉၀၀၀ ရှိပြီး ၁၀၀၀ ကျပ် ၊ကုလားပဲ (V2) ကတော့ တစ်တင်းကို ၂၉၅၀၀ ကျပ် ရှိပြီး ၇၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
ပြည်ဈေးကွက်မှာတော့ ကုလားပဲ (ဟော်လန်) မှာ တစ်တင်းကို ၃၀၅၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ်ဈေးတက်လာပါတယ်။
အောင်လံဈေးကွက်မှာတော့ ကုလားပဲ (ဟော်လန်)က တစ်တင်းကို ၃၀၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပြီး ကုလားပဲ(မြကြေး) ကတော့ ၃၁၀၀၀ ပေါက်ဈေးရှိကာ ဈေးငြိမ်ပါတယ်။
ငရုတ်
ငရုတ်ကတော့ ဒီတစ်ပတ်မှာ ဈေးကတက်လာပါတယ်။ ဝင်ရောက်မှုနည်းပြီး အဝယ်များတဲ့အတွက်ဈေး တက်နေတာလို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ မိုးထောင်(မြစ်ဝ)က တစ်ပိဿာကို ၃၅၅၀ ကနေ ၃၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ် ဈေးတက်လာပါတယ်။
မိုးထောင်(ဟင်္သတ)ကလည်း တစ်ပိဿာကို ၃၈၀၀ ကနေ ၃၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ် ဈေးတက်လာပါတယ်။
ငရုတ်(ပန်းတနော်) ကလည်း တစ်ပိဿာကို ၂၇၀၀ ကနေ ၃၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
အာလူး
အာလူးကတော့ ဈေးကျဆင်းသွားပါတယ်။ အဝင်များတဲ့အတွက်ဈေးကျဆင်းသွားတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဟဲဟိုး အမျိုးအစားက တစ်ပိဿာကို ၃၃၀ ကနေ ၄၈၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ဝတ်ရည်မွန် (AMIA)
Ko Bo Bo
လွန်ခဲ့သော ၅ နှစ် ကမတ်ပဲဈေးတက် ဝမ်းသာစရာပါ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....