အစိမ်းရောင်လမ်း
တစ်ပတ်အတွင်း ဈေးကွက်သုံးသပ်ချက်

တစ်ပတ်အတွင်း ဈေးကွက်သုံးသပ်ချက်

AMIA
AMIA 15/05/2021

(၁၀.၅.၂၀၂၁ မှ ၁၄.၅.၂၀၂၁) ထိ တစ်ပတ်အတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ

ဆန်၊စပါး

ဒီတစ်ပတ်မှာတော့ ဆန်ကြမ်းဈေး အချို့ ဈေးတက်လာပြီး ဆန်ချောဈေးတွေ ငြိမ်ပါတယ်။ ဆန်ကောင်းမှ အရောင်းအဝယ်ကောင်းနေတဲ့အနေအထားဖြစ်ပါတယ်။ နယ်ဈေးကွက်မှာတော့ မိုးစပါးတွေကငြိမ်နေပြီး နွေစပါးတွေကတော့ ဈေးအနည်းငယ်တက်နေပါတယ်။

ဆန်ကြမ်းတွေဖြစ်တဲ့ မြီးဒုံဆန်က တစ်အိတ်ကို ၃၁၅၀၀ ကနေ ၃၃၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်၊ဧည့်မထ ၂၅ % က တစ်အိတ်ကို ၂၂၅၀၀ ကနေ ၂၃၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်၊ သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၂၂၅၀၀ ကနေ ၂၃၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ဧည့်မထ(နွေ)စပါးက တင်း ၁၀၀ ကို ၅၃၄၀၀၀ ပေါက်ဈေးရှိပြီး ၂၈၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့တ စ်အိတ်ကို ၂၂၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။

ဒေးဒရဲဧည့်မထ(နွေ)စပါးကတော့ တင်း ၁၀၀ ကို ၅၄၂၀၀၀ေ ပါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၂၂၀၀၀ ပေါက်ဈေးနဲ့ ဈေးငြိမ် နေပါတယ်။။ဖျာပုံ ဧည့်မထ(နွေ)စပါးကလည်း တင်း ၁၀၀ ကို ၅၄၂၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ ၂၂၀၀၀ ကျပ်ရှိပါတယ်။

ပဲခူးပေါင်းတည်ဈေးကွက်မှာတော့ အင်းလယ်စပါးက တင်း ၁၀၀ ကို ၆၇၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ်ဈေး တက်လာပါတယ်။

မတ်ပဲ

ပြီးခဲ့တဲ့အပတ်က ဈေးတက်လာခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာလည်း ဈေးတက်လာပါတယ်။ ပြည်တွင်း ပြောင်းလဲနေတဲ့ နိုင်ငံခြားငွေ ပြောင်းလဲမှုကြောင့် ပြည်ပတင်ပို့နေတဲ့ ပဲ တွေ ဈေးတက်နေခဲ့တာဖြစ်ပါတယ်။ ပြည်ပ တင်ပို့မှုကတော့ ရှိနေပါတယ်။

ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၉၅၀၀၀၀ အထိ ဈေးတက်လာပြီး တစ်ပတ်အတွင်း တစ်တန်ကို ၆၀၀၀၀ နီးပါး တက်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၈၀၀၀ ကနေ ၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မုံရွာမှာတော့ တစ်တင်းကို ၂၉၂၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀  ကျပ်၊ ဈေးတက်လာပြီး ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၀၀၀၀ပေါက်ဈေးရှိပြီး ၁၄၀၀ ကျပ်ဈေးတက်လာပါတယ်။

အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၂၈၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ပြည်တွင်းလက်ကျန်သိပ်မရှိပေမယ့်လည်း ဈေးက တက်လာပါတယ်။ အရောင်းအဝယ်ကလည်း သိပ်မရှိသလို ငွေဈေးကြောင့်သာ ဈေးတက်လာပြီး အတက်ဈေးနဲ့ ငြိမ်နေခဲ့ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းက တစ်တန်ကို ၉၄၀၀၀၀ ပေါက်ဈေးရှိပြီး ၂၅၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၅၅၀၀ ကနေ ၈၆၀၀၀ ပေါကဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၈၅၀၀ ပေါက်ဈေးရှိပြီး  တစ်တင်းကို ၇၀၀ ကျပ်ဈေးတက်လာပါတယ်။ 

ကုလားပဲ

ကုလားပဲကလည်း ပြည်ပ တင်ပို့မှု အနည်းငယ်ရှိပြီး ပြည်တွင်းအရောင်းအဝယ်ရှိနေတဲ့အတွက် ဈေးက တက်လာပါတယ်။ပြီးခဲ့တဲ့ လက ကုန်သည်များက ဈေးတွေ ကျဆင်းနိုင်မယ်လို့ခန့်မှန်းထားခဲ့ပေမယ့် ရုတ်တရက်တက်လာတဲ့ ငွေကြေးနိုင်ငံခြားငွေကြေးတက်လာတဲ့အတွက်ကြောင့် ဈေးက အနည်းငယ် ပြန် တက်လာ တာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁၄၆၅ ကနေ ၁၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ် ၊ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၁၅၀၀  ကနေ ၁၅၅၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးတက်လာ ပါတယ်။

မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ်ကို ၈၁၀၀၀ ကနေ ၈၂၀၀၀  ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်၊ကုလားပဲ (၉၂၉) က တစ်အိတ်ကို ၈၄၀၀၀ ကနေ ၈၅၀၀၀  ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀ ကျပ်၊ကုလားပဲ (v2)က တစ်အိတ်ကို ၈၈၀၀၀ကနေ ၈၉၀၀၀ ပေါက်ဈေးရှိပြီး  ၃၀၀၀ ကျပ်၊ ဈေးပြန်တက်လာပါတယ်။

ပဲခူး ပေါင်းတည်ကုန်စည်ဒိုင်ဈေးကွက်မှာတော့ ကုလားပဲv2 က တစ်တင်းကို ၂၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်၊ ကုလားပဲ 929 က တစ်တင်းကို ၂၈၅၀၀ ကျပ် ရှိပြီး ၅၀၀ ကျပ် ဈေးကျဆင်းသွားပြီး ကုလားပဲ ဟော်လန်က တစ်တင်းကို ၂၈၀၀၀ ကျပ် နဲ့ဈေးငြိမ်ပါတယ်။

မုံရွာဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်) က ၂၇၅၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀ ကျပ် ၊၉၂၉ က တစ်အိတ်ကို ၂၈၀၀၀ ရှိပြီး ၁၅၀၀ ကျပ် ၊ကုလားပဲ (V2) ကတော့ တစ်တင်းကို ၂၉၀၀၀ ကျပ် ရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေး တက်လာပါတယ်။

အောင်လံဈေးကွက်မှာတော့ ကုလားပဲ(ဟော်လန်)က တစ်တင်းကို ၂၉၀၀၀ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်၊ကုလားပဲ(မြကြေးမုံ) ကတော့ တစ်တင်းကို ၃၀၅၀၀ပေါက်ဈေးရှိတစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ကွမ်း

မန္တလေးတိုင်းဈေးကွက်မှာတော့ ကွမ်းဈေးတွေက တောက်လျှောက်ကျဆင်းနေပါတယ်။နယ်ပေါင်းစုံက ထွက်ရှိနေတဲ့အတွက် ဈေးကျဆင်းနေတာဖြစ်ပါတယ်။

ကွမ်း(ကျောက်ဆည်)က တစ်ပိဿာကို ၁၅၀၀ ကျပ်  ရှိပြီး ၁၅၀၀ ကျပ်၊ ရွှေဘို က တစ်ပိဿာကို ၁၅၀၀ ကနေ ၂၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်၊ မတ္တရာ က တစ်ပိဿာကို ၄၅၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်၊ ခင်သာက တစ်ပိဿာကို ၃၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်၊ မန္တလေးကတော့ တစ်ပိဿာကို ၃၀၀ ကနေ ၁၀၀၀ ကျပ်ရှိပြီး ၁၅၀၀ ကျပ်  အသီးသီးဈေးကျဆင်းသွားပါတယ်။

ဝတ်ရည်မွန်(AMIA)

 

3
Htet Wai Aung

Htet Wai Aung

လွန်ခဲ့သော ၅ နှစ် က

ပဲလွမ်းဈေးတွေလည်းတင်ပေးပါ

Phoe Cho

Phoe Cho

လွန်ခဲ့သော ၅ နှစ် က

ရွှေဝါ ပဲဒီစိမ်း

Kyaw Kyaw

Kyaw Kyaw

လွန်ခဲ့သော ၅ နှစ် က

ြကက်သွန်နီ နေ့စဉ်စေ‌ျးကွက် တင်ပေးပါ

You

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....