တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၁၂.၇.၂၀၂၁ မှ ၁၆.၇.၂၀၂၁) ထိ အပြောင်းလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
ဆန်စပါး
ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးကွက်က ငြိမ်နေပြီး ဧရာဝတီတိုင်းဈေးကွက်မှာတော့ ဈေးက အပြောင်းအလဲ အနည်းငယ်ရှိပါတယ်။ စပါးဈေးတွေ တက်လာပြီး ဆန်ဈေးကတော့ အနည်းငယ်သာ အပြောင်းအလဲ ရှိပါတယ်။ စပါးလက်ကျန်လျော့ပြီး ပြည်တွင်း ဝယ်ယူမှုများလို့ဈေးတက်တယ်လို့သိရပါတယ်။
ပုသိမ်ဧည့်မထ(နွေ)စပါးက တင်း ၁၀၀ ကို ၅၅၂၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၂၄၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။
မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၉၂၀၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ အပြောင်းအလဲမရှိပဲ တစ်အိတ်ကို ၄၁၀၀၀ ပေါက်ဈေးရှိပါတယ်။မြောင်းမြဧည့်မထ(နွေ)စပါးက တင်း ၁၀၀ ကို ၅၈၉၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားပြီး ဆန်ကတော့တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းကာ ၂၂၀၀၀ ပေါက်ဈေးရှိပါတယ်။
ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၃၃၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပြီး ၃၉၀၀၀ ကျပ်ရှိပါတယ်။
ဖျာပုံပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ ကို ၈၄၀၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကလည်း တစ်အိတ်ကို ၃၉၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
လပ္ပတ္တာပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၆၇၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၇၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့တစ်အိတ်ကို ၃၉၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မတ်ပဲ
မတ်ပဲ ကတစ်ပတ်အတွင်း ဈေးတွေကျဆင်းခဲ့ပေမယ့် သောကြာနေ့မှာတော့ ဈေးက ပြန်တက်လာခဲ့ပါတယ်။
အိန္ဒိယအစိုးရရဲ့ ပဲသိုလှောင်ခွင့်ကန့်သတ်ချက်ရဲ့ နောက်ဆက်တွဲသက်ရောက်မှုလို့ ကုန်သည်အများက သုံးသပ်မှုတွေရှိသလို ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါအခြေအနေကြောင့် အရောင်းအဝယ် နားထားရတဲ့ အခြေအနေတွေကြောင့် ဈေးက တည်ငြိမ်မှုမရှိပါဘူး။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC) က တစ်တန်ကို ၁၁၃၇၅၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် အနည်းငယ်ဈေးတက်ပါတယ်။
မန္တလေးကတော့ ကုန်စည်ဒိုင် ဈေးမဖွင့်တာ ၃ သုံးရက်မြောက် ရှိပါပြီ။
ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၃၆၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မော်လမြိုင်မှာတော့ တစ်တင်းကို ၃၆၂၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၈၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
အိန္ဒိယရဲ့ ပဲသိုလှောင်ခွင့် ကန့်သတ်ချက် မပြောင်းလဲတဲ့ကာလအတွင်း ပြည်ပမှာ ပဲတင်သွင်းမှုကို ထိန်းနေရတဲ့အတွက် ပဲဈေးတွေထပ်ပြီး ကျဆင်းသွားနိုင်တယ်လို့ အိန္ဒိယ စီးပွားရေးသတင်းများမှာ ဖော်ပြထား ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ဈေးကျဆင်းသွားပါတယ်။ တင်ပို့မှုရှိပေမယ့် ပြည်တွင်း ပဲလက်ကျန်မရှိပါဘူး။ ကုန်စည်ဒိုင်တွေလည်း ပိတ်ထားရပြီး အရောင်းအဝယ်လည်း မရှိသလောက်ဖြစ်နေပါတယ်။
အိန္ဒိယက ကုန်သည်တွေကလည်း ပဲ သိုလှောင်ခွင့်ကန့်သတ်ချက်ကြောင့် ပိုလျှံပဲတွေကို ဈေးချရောင်းချနေရပြီး ပြည်တွင်းမှာပါ ဈေးကျဆင်းနေတယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီကတစ်တန်ကို ၁၁၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၀၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေကျဆင်းသွားပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီက ပြီးခဲ့တဲ့အပတ်က ဈေးတက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးက ပြန်ကျဆင်းသွားပါတယ်။ ပြည်ပတင်ပို့မှုလည်း မရှိတော့တဲ့အတွက်ဈေးက ပိုကျဆင်းသွားတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ(ဆိပ်ဖြူ၊ပခုက္ကူ၊မုံရွာ) တို့က တစ်ပိဿာကို ၁၅၀ ကနေ ၄၀၀ အထိ ပေါက်ဈေးရှိပြီးနေပြီး တစ်ပိဿာကို ၁၇၅ ကျပ်ဈေးကျဆင်းသွားပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၂၅၀ ကနေ ၄၅၀ ပေါက်ဈေးရှိပါတယ်။
အာလူး
အာလူးကတော့ တရုတ်က တင်သွင်းမှုမရှိတော့တဲ့အတွက် ပြည်တွင်းမှာ ဆက်တိုက်ကို ဈေးတွေ တက်နေခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ အာလူး(ဟဲဟိုး)က တစ်ပိဿာကို ၅၅၀ ကနေ ၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ်ဈေးတက်လာပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၉၅၀ ပေါက်ဈေးရှိပါတယ်။
ခရမ်းချဉ်သီး
ပြီးခဲ့တဲ့အပတ်အထိ ဈေးမြင့်နေခဲ့တဲ့ ခရမ်းချဉ်သီးက ဒီတစ်ပတ်မှာတော့ ဈေးတွေ ကျဆင်းသွားခဲ့ပါတယ်။ ကိုဗစ်ကြောင့် ကုန်စည်ဒိုင်တွေ ပိတ်ထားရသလို သယ်ယူပို့ဆောင်ရေးတွေလည်း နားထားရတဲ့အတွက် အဝင်တွေများပြီး ဈေးတွေက ကျဆင်းသွားခဲ့ပါတယ်။
အောင်ပန်းဈေးကွက်မှာ တစ်ပိဿာကို ၅၀၀ သာပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၀၀၀ လောက်ကျဆင်းသွားခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ အဝင်မရှိတဲ့အတွက် ဈေးတွေကတက်လာပြီး တစ်သေတ္တာကို ၅၀၀၀ ကနေ ၈၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ လောက်ဈေးတက်လာပါတယ်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026