တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၁၃.၉.၂၀၂၁ ) မှ (၁၇.၉.၂၀၂၁) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအတက်အကျ အပြောင်းအလဲက အများကြီးဖြစ်သွားပါတယ်။ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးပြောင်းလဲမှုကြောင့် ၂ ရက်အတွင်း တစ်တန်ကို ၇ သောင်းနီးပါးထိ ဈေးကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို ဈေးက ပြန်တက်လာပြီး လက်ရှိမှာ တစ်တန်ကို ငွေကျပ် ၁၅ သိန်း ၅ သောင်းအထိ ပေါက်ဈေးရှိနေပါတယ်။
လက်ရှိမှာ အိန္ဒိယနိုင်ငံမှာ ပဲပေါ်ချိန် မိုးအဆမတန်ရွာတဲ့အတွက် ပျက်ဆီးဆုံးရှုံးမှုတွေကြောင့် ပဲလိုအပ် ချက်က မြင့်နိုင်တယ်လို့ အိန္ဒိယ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ထို့ပြင် ပဲတင်သွင်းမှုကို အောက်တိုဘာလကုန်ကနေ ဒီဇင်ဘာလကုန်အထိ သက်တမ်းတိုးပေးလိုက်တဲ့အတွက် ပဲတင်ပို့မှုက နှစ်ကုန်အထိ ဆက်သွားမှာဖြစ်ပြီး ပဲဈေးကလည်း ၂၀၂၁ နှစ်ကုန်အထိ တက်နိုင်ဦးမယ်လို့ ကုန်သည်တွေ က ခန့်မှန်းထားပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၅ သိန်း ၅ သောင်း ကျော်အထိ ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်း တစ်တန်ကို ငွေကျပ် ၇ သောင်းကျော်အထိ ဈေးမြင့်တက်လာခဲ့ပါတယ်။
မန္တလေးဈေးကွက်မှာလည်း မတ်ပဲက သုံးတင်းဝင် တစ်အိတ်ကို ၁၅၀၀၀၀ ကနေ ၁၅၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၅၁၈၀၀ ကနေ ၅၂၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ အောင်လံ ဈေးကွက်မှာတော့ အောင်လံမှာတော့ ၄၉၀၀၀ ရှိပြီး ၂၀၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။
ပေါင်းတည်မှာတော့ တစ်တင်းကို ၅၀၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၈၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ပဲလက်ကျန်က လုံးဝမရှိတော့တဲ့အတွက် ဈေးက မတ်ပဲလောက် အတက်အကျအရမ်းများတာမျိုးမရှိပဲ ဖြည်းဖြည်းချင်းသာ ဈေးတက်ပါတယ်။ငွေလဲလှယ်နှုန်းဈေးအပြောင်းအလဲကြောင့်သာ အတက်အကျရှိပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၁၄ သိန်း ၁ သောင်း ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ငွေကျပ် ၃ သောင်းကျော်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်အိတ်ကို ၁၃၅၀၀၀ ကနေ ၁၃၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ လောက်သာ ဈေးတက်လာပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၄၅၀၀ မှ ၄၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ လောက်သာ ဈေးတက်လာပါတယ်။
အောင်လံမှာတော့ တစ်တင်းကို ၄၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပေါင်းတည်မှာ တစ်တင်းကို ၄၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကလည်းဈေးတက်လာပါတယ်။ တရုတ်တင်ပို့မှုကရှိနေတဲ့အတွက် ဈေးတွေက ဆက်တိုက် တက်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိပဲဈေးတွေ မြင့်တက်ရမှုမှာ ပြည်တွင်းဒေါ်လာဈေးမြင့်တက်နေတာကလည်း ဈေးတွေ မြင့်တက်စေတာဖြစ်ပါတယ်။
ထို့ပြင် ပဲတီစိမ်းကလည်း လက်ကျန်လျော့နည်းလာပြီဖြစ်ပြီး ဝယ်လိုအားမြင့်တက်နေမှုကြောင့် ထိပ်စ ပဲတွေက ဈေးပိုရနေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၂၄၁၅ ကနေ ၂၅၀၀ ပေါက်ဈေးရှိပြီး ၈၀ ကျပ်၊ ပဲတီစိမ်း (ပဲခူးရွှေဝါ) ကတော့ တစ်ပိဿာကို ၂၁၆၅ ကနေ ၂၂၅၀ ပေါက်ဈေးရှိပြီး ၁၁၅ ကျပ်
ဈေးတက်လာပြီး၊ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၆၆၅ မှ ၂၇၀၀ နဲ့ ဒီတစ်ပတ်မှာ ဈေးငြိမ်နေပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၀၇၀၀၀ ကနေ ၁၁၇၀၀၀ ပေါက်ဈေး ရှိပြီး တစ်အိတ်ကို ၅၀၀၀ လောက်ဈေးတက်လာပါတယ်။
အောင်လံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၈၅၀၀ ကနေ ၄၀၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၃၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပန်းနှမ်း
ပန်းနှမ်းကလည်း ဈေးတက်လာပါတယ်။ အဝင်မရှိတော့တဲ့အတွက်ဈေးတက်နေတာဖြစ်ပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၉၀၀၀၀ ကနေ ၉၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ လောက်ဈေးတက်လာပါတယ်။
ကြက်သွန်နီ
ပြီးခဲ့တဲ့အပတ်က အနည်းငယ်ဈေးတက်လာတဲ့ ကြက်သွန်နီက ဒီတစ်ပတ်မှာတော့ ဈေးက ပြန်ကျဆင်းသွားပါတယ်။
ဝယ်လိုအားရှိပေမယ့် ထွက်ရှိတဲ့ကြက်သွန်တွေ များပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အရည်အသွေးပိုင်းညံ့နေတဲ့အတွက် ဈေးကောင်းရရှိဖို့ခက်နေတယ်လို့လည်းသိရပါတယ်။ အဓိက ပြည်ပ တင်ပို့မှုမရှိတဲ့အတွက်ကြောင့် ပြည်တွင်းမှာပိုလျံနေပြီး ဈေးက ဆက်တိုက်ကျဆင်းနေတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ၊မြင်းခြံ၊ပခုက္ကူ) တို့က တစ်ပိဿာကို ၂၀၀ ကနေ ၅၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ ကြက်သွန်နီ(မြစ်သား) က တစ်ပိဿာကို ၄၇၀ ကနေ ၅၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ဧရာဝတီပုသိမ်ဈေးကွက်မှာတော့ ကြက်သွန်နီက တစ်ပိဿာကို ၅၀၀ ပေါက်ဈေးရှိနေပါတယ်။
CHO TUN
လွန်ခဲ့သော ၄ နှစ် က၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊( T_T)\(^-^ )
CHO TUN
လွန်ခဲ့သော ၄ နှစ် ကဟင့်အင်းဘဘဘ ဘဘဘရ။ ဂဂဟသဟဟသသသသဟသဟသသသသသသသသသသသသသဟဟဟဟဟဟဟဟဟဟဟဟဟဟဟၐဟဟဟသသဟဟဟည့၊၊၊၊၊၊၊၊၊၊၊၊ရ😅😂( T_T)\(^-^ )ლ(・﹏・ლ)ლ(・﹏・ლ)ლ(・﹏・ლ)ლ(・﹏・ლ)( T_T)\(^-^ )( T_T)\(^-^ )( T_T)\(^-^ )ლ(・﹏・ლ)( T_T)\(^-^ )( T_T)\(^-^ )( T_T)\(^-^ )( T_T)\(^-^ )ლ(・﹏・ლ)( T_T)\(^-^ )( T_T)\(^-^ )( T_T)\(^-^ )( T_T)\(^-^ )( T_T)\(^-^ )( T_T)\(^-^ )( T_T)\(^-^ )( T_T)\(^-^ )( T_T)\(^-^ )( T_T)\(^-^ )( T_T)\(^-^ )⊂(◉‿◉)つ⊂(´・◡・⊂ )∘˚˳°⊂(´・◡・⊂ )∘˚˳°
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026