စိုက်/မွေးနယ်ပယ်က အာဂအမျိုးသမီးများ
စိုက်ပျိုးမွေးမြူရေးဆိုတာ အမျိုးသားတွေနဲ့ချည်း ဆိုင်နေတာမဟုတ်ပါဘူး။ နိုင်ငံတကာမှာဆိုရင် အမျိုးသမီးတွေလည်း ဒီနယ်ပယ်မှာ ရင်ပေါင်တန်း လုပ်ဆောင်နေပြီး ချီးကျူးဂုဏ်ပြုလောက်အောင် ထိလည်းတော်တဲ့တတ်တဲ့ အမျိုးသမီးတွေ အများကြီးရှိနေပါတယ်။
ဒီထဲမှာ ပညာတတ်မဟုတ်ပေမယ့် အမျိုးသမီးတွေရဲ့ မွေးရာပါအစွမ်းအစတွေဖြစ်တဲ့ စေ့စပ်သေချာမှု၊ ဇွဲကြီးမှု၊ မိခင်စိတ်ရှိမှုတွေကြောင့် အောင်မြင်နေသူတွေလည်း အများကြီးပါ။
အဲ့ဒီအထဲကမှ ထူးထူးခြားခြား အောင်မြင်မှုရရှိထားတဲ့ အမျိုးသမီးငါးဦးအကြောင်းကို ဖော်ပြပေးလိုက် ပါတယ်။
ဟားရီးယက်ဝီလျံစ်ရပ်ဆဲလ်စရောင်း (အမေရိကန်, 1844 - 1926)
ကလေးတွေရဲ့မိခင် အတန်းပညာမတတ်တဲ့ မုဆိုးမကြီး ဟားရီးယက်ဟာ သူမရဲ့ သစ်ကြားသီး၊ သံလွင်နဲ့ သလဲသီးပင်တွေကို ရေပေးဖို့အတွက် ရေထိန်းသိမ်းရေးနဲ့ ခြောက်သွေ့ဒေသမှာ ရေပေးနည်း စနစ်တွေကို စတင်တီထွင်နိုင်ခဲ့တဲ့ အာဂအမျိုးသမီးကြီးပါ။ သူမဟာ တီထွင်မှုများစွာလုပ် မူပိုင်ခွင့်များစွာ ဖန်တီးခဲ့ပါတယ်။
ပမ်ပါဆိုတဲ့ ကြီးထွားမြန်မြက်ပင်တွေကို မွေးမြူရောင်းချပြီးတော့လည်း သူမရဲ့ မိသားစုနဲ့ မွေးမြူရေးခြံကြီးကို အကြွေးနွံထဲကနေ ဆွဲထုတ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဟားရီးယက်ဟာ အမေရိကန်ရဲ့ သစ်ကြားသီး စီးပွားဖြစ် ထိပ်တန်းစိုက်ပျိုးထုတ်လုပ်သူတစ်ဦး ဖြစ်လာပါတယ်။ အတန်းပညာမတတ်ပေမယ့် မုဆိုးမကြီး ဟားရီးယက်ရဲ့ဘဝမှာ လုပ်ခဲ့တာတွေကို ကြည့်လိုက်ပါဦး။ ရေထိန်းသိမ်းရေးနဲ့ ရေသွင်းစနစ်တွေနဲ့ပတ်သက်လို့ အကြံပေး၊ အမျိုးသမီးအခွင့်အရေးနှင့် ပညာရေးအတွက် လှုံ့ဆော်သူ၊ တီထွင်သူ၊ စိုက်ပျိုးရေးရှေ့ဆောင်၊ ပြည်သူ့ခေါင်းဆောင်၊ အမျိုးသမီးရေး ထောက်ခံအားပေးလှူဒါန်းသူ စသဖြင့် မနည်းမနောပါပဲ။ တကယ့်........အာဂ မုဆိုးမ။

ဒေါက်တာမေရီအင်ဂျယ်ပန်နင်တန် (အမေရိကန်၊ ၁၈၇၂-၁၉၅၂)
သူ့ကိုတော့ ရေခဲလူသားအမျိုးသမီးလို့ လူသိများတယ်။ ဘာလို့လဲဆိုတော့ နို့ထွက်ပစ္စည်းများ၊ ကြက်၊ ဥများနဲ့ ငါးများကို လုံခြုံစိတ်ချပြီး ပိုးသန့် အောင် သိုလှောင်ခြင်းနဲ့ မပုပ်မပိုးအောင် အအေးခန်းစနစ်တွေနဲ့ ထိန်းသိမ်းပို့ဆောင်ခြင်းဆိုတဲ့ Cold chain လုပ်ငန်းစဥ်ကို တီထွင်ခဲ့ခြင်းဖြင့် အစားအစာထောက်ပံ့ရေးနဲ့ ဖြန့်ဖြူးရေးစနစ်ကို တခေတ်ဆန်းစေခဲ့သူမို့လို့ပါ။ အအေးခန်းနှင့် အေးခဲထားသော အစားအစာတွေမှာ ဘက်တီးရီးယားအရေအတွက်ကို လျှော့ချနိုင်ဖို့ အပူချိန်ထိန်းပေးနိုင်တဲ့ သိုလှောင်ပစ္စည်းတွေရဖို့တော့ မေရီကို ဓာတုဗေဒပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေက ကူညီတီထွင်ပေးခဲ့ပါတယ်။
မေရီဟာ သမ္မတဟူးဗားရဲ့ အစားသောက် စီမံအုပ်ချုပ်ရေးအဖွဲ့၊ USDA နဲ့ FDA အပါအဝင် ပုဂ္ဂလိကအခန်းကဏ္ဍတွေမှာ အစားအသောက် ဘေးကင်းရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး အလေ့အကျင့်များ ပြုစုပျိုးထောင်ခြင်းဆိုင်ရာ ပညာရှင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒေါက်တာ အီဗန်ဂျလီနာဗီလီဂတ်စ် (မက္ကဆီကို၊ ၁၉၂၄-၂၀၁၇)
အီဗန်ဂျလီနာကတော့ နှံစားသီးနှံဓာတုဗေဒပညာရှင်နှင့် သုတေသီတစ်ဦးပါ။ သူဟာ အပင်မျိုးစပ်ပညာရှင် ဒေါက်တာဆာရင်ဒါဗေဆယ်နဲ့ပေါင်းပြီး လိုင်စင်းနဲ့ ထရစ်ပတိုဖန် အာဟာရမြှင့် ပြောင်းမျိုးတစ်မျိုးကို ဖန်တီးနိုင်ခဲ့ပါတယ်။ ပြောင်းဆိုတာကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတချို့ရဲ့ အဓိက စားသုံး သီးနှံဆိုတော့ အခုလို ပရိုတိန်းအရည်အသွေးမြင့် ပြောင်းမျိုးကို ဖန်တီးနိုင်လိုက်တာက ကမ္ဘာအနှံ့ကလူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်သလိုပါပဲ။ ဒါတင်မက မွေးမြူရေးလုပ်ငန်း အတွက်လည်း ထုတ်လုပ်မှုပိုင်းမြန်စေသလို စျေးကွက်ကို အမြန်ပို့နိုင်တာ ကြောင့်လည်းသူ့ရဲ့တီထွင်မှုကအကျိုးများစေခဲ့ပါတယ်။

ဒေါက်တာ တမ်ပယ်ဂရမ်ဒင် (အမေရိကန်၊ ၁၉၄၇ - လက်ရှိ)
တမ်ပယ်ကတော့ မသန်စွမ်းအော်တစ်ဇင်တစ်ဦးပါ။ တိရစ္ဆာန်တွေရဲ့ အမူအကျင့်တွေ၊ မွေးမြူရေးခြံတွေနဲ့ သားသတ်စက်ရုံတွေမှာ ကိုင်တွယ်မွေးမြူသုတ်သင်ကြတဲ့ပုံစံတွေက သူမရဲ့ဘဝနဲ့ အလုပ်အပေါ် လွှမ်းမိုးမှုရှိခဲ့ပါတယ်။ သူမဟာ အော်တစ်ဇင်တွေနဲ့ တိရစ္ဆာန်များရဲ့ အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးတွေနဲ့ပတ်သက်လို့ လူသိများ ကျော်ကြားပါတယ်။တိရစ္ဆာန်အခွင့်အရေးတွေနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ လေ့လာမှုများ၊ ဆောင်းပါးများနှင့် စာအုပ်အများအပြားကို တစ်ဦးချင်းအနေနဲ့ကော၊ ပူးတွဲအနေနဲ့ကော လုပ်ဆောင်ရေးသားရင်း မီးမောင်းထိုးပြခဲ့သူပါ။
တိရစ္ဆာန်ကိုင်တွယ်ခြင်းအတွက်သုံးတဲ့ Double Rail Restrainer Conveyor၊ တိရစ္ဆာန်သက်သာချောင်ချိရေးရှိမရှိ အကဲဖြတ်အမှတ်ပေးစနစ်နဲ့ တိရစ္ဆာန်တွေ စိတ်သက်သာမှုရှိေစတဲ့ အမိုးခုံးခြံ စတာတွေ တိုးတက်ဖြစ်ပေါ်လာဖို့လည်း သူမက ကူညီပေးနိုင်ခဲ့ပါတယ်။

ဒေါက်တာ မာရီယာအန်ဒရာဒီ (Cape Verde, 1958 - လက်ရှိ)
ဒေါက်တာမာရီယာကတော့ မိုဇမ်ဘစ်ရှိ တောင်သူများထံ မိုးခေါင်ရေရှားဒဏ်ခံ ကန်စွန်းဥမျိုး ကိုးမျိုးကို သုတေသနလုပ် မိတ်ဆက်ပေးနိုင်ခဲ့သူပါ။ သူမဟာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ဒေါက်တာ Robert Mwanga နဲ့ ဒေါက်တာ Jan Low တို့နဲ့အတူ ဇီဝအားကောင်း လိမ္မော်ရောင် ကန်စွန်းဥတွေကို တီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။ ဗီတာမင် A ကြွယ်ဝတဲ့ ဒီကန်စွန်းဥတွေကို သဲကန္တာရတစ်ပိုင်း အာဖရိကရဲ့ မတူညီတဲ့အခြေအနေအမျိုးမျိုးမှာ ရှင်သန်ကြီးထွားနိုင်အောင် မျိုးစပ်ထားတာပါ။ လယ်သမားများနဲ့ စားသုံးသူများအား ပညာပေးခြင်းဖြင့် မာရီယာနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ စိုက်ပျိုးရေး၊ အာဟာရနှင့် ကျန်းမာရေးတို့အကြား ဟာကွက်တွေကို ပေါင်းကူးပေးကာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လုပ်ငန်းဆောင်တာများကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းမှာ အမျိုးသမီးတွေ ဆက်လက်တိုးပွားလာနေလို့ ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်တဲ့ အမျိုးသမီးတွေ အများကြီးရှိနိုင်ပါသေးတယ်။ အမေရိကန်တစ်နိုင်ငံတည်းမှာတင် လယ်သမားတွေရဲ့ ၃၁ ရာခိုင်နှုန်းဟာအမျိုးသမီးများဖြစ်ပြီး ဧကသန်း ၃၀၀ ကျော်မှာ စိုက်ပျိုးလုပ်ကိုင်နေကြပြီး နိုင်ငံစီးပွားရေးအတွက် သက်ရောက်မှု ဒေါ်လာ ၁၂.၉ ဘီလီယံထိ ရှိနေပါတယ်တဲ့။

ဆိုတော့ အထက်မှာဖော်ပြခဲ့တဲ့ အမျိုးသမီးတွေဟာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် အရေးပါတဲ့ စိုက်ပျိုး မွေးမြူရေးကဏ္ဍကို တစ်ခေတ်ဆန်းစေတဲ့ အမျိုးသမီးတွေပါပဲ။ အားကျဖို့လည်းကောင်းတဲ့ အာဂအမျိုးသမီးတွေပါ။
မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတောင်သူတွေ အများကြီးရှိပါတယ်။ လိုနေတာကတော့ မိရိုးဖလာအလုပ်တွေကို လုပ်နေရတယ်လို့ သဘောမထားဘဲ စီးပွားရေးအခွင့်အလမ်းတခုလို မြင်ပြီးလုပ်ကြဖို့ပါ။ ဒီလိုဆိုရင် ဒီက အမျိုးသမီးတွေလည်း ဒီလို ချီးကျူးဂုဏ်ပြုခံထိုက်သူစာရင်းထဲ ပါလာမှာမလွဲပါပဲ။
ဖော်ပြခဲ့သူတွေက ဘယ်သူ့ကို အားကျမိပါသလဲ အမျိုးသမီးတို့ရေ...။
ref: https://www.usda.gov/media/blog/2018/03/27/wonder-women-agriculture
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နန်းသန္တာခိုင်
လွန်ခဲ့သော ၄ နှစ် ကဟားရီးယက် မုဆိုးမကလေးမိခင်ကိုအားကျပါတယ် ပညာမတတ်ပေမဲ့စွမ်းရည်မြင့်မားတဲ့သူတွေကို ဂုဏ်ယူသင့်ပါတယ်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026