သိုး၊ဆိတ်များတွင်အဖြစ်များသော မေးခိုင်ရောဂါ ကာကွယ်ကုသနည်း

သိုး၊ ဆိတ်များတွင် ဖြစ်လေ့ဖြစ်ထရှိသော မေးခိုင်ရောဂါ(Tetanus)အကြောင်းကို သိုး၊ ဆိတ် မွေးမြူသူများ သိရှိစေရန် ရေးသားဖော်ပြလိုက်ရပါသည်။
ရောဂါဖြစ်ပွားသည့်အကြောင်းအရင်း

CL.tetani ဟု ခေါ်သော ပိုးမျိုးစိတ်၏ Spore များ သိုး၊ ဆိတ်များ၏ ဒဏ်ရာနက်နက်ထဲသို့ ဝင်သွားပြီး vegetative ပုံစံသို့ ပြန်ပြောင်းပွားများကာ အဆိပ်ထုတ်လုပ်သောကြောင့် ဖြစ်ပွားပါသည်။
ရောဂါလက္ခဏာများ
- ဘက်တီးရီးယားပိုးက ထုတ်လုပ်သောအဆိပ်(toxin)သည် ဖြေလျော့ကြွက်သားများအား ထောက်ပံ့သည့်အာရုံကြော (Inhibitory nerves)များကို တွယ်ကပ်ပြီး ဖျက်ဆီးပစ်ကြသဖြင့် သိုး၊ ဆိတ်၏ ကြွက်သားများ ဖြေလျော့၍မရဘဲ တောင့်တင်းနေစေပါသည်။
- ရောဂါဖြစ်ပွားသည့်အခါ လှုံ့ဆော်မှုအသေးစားလေးများကိုပင် ကြွက်သားများက အလွန်အမင်း အထိန်းအချုပ်မဲ့စွာ တုံ့ပြန်ကြသည်ကို တွေ့ရှိရပါသည်။
- နောက်ဆုံးတွင် ဆိတ်ငယ်ကလေးမှာ အသက်ရှူ၍မရဘဲ အသက်သေဆုံးရပါသည်။
ကူးစက်ပုံ
- CL.tetani ပိုးများသည် အခွံမာအိတ်(spores)အိတ်များ ပြုလုပ်နေထိုင်နိုင်ပြီး မစင်များရှိသည့် မည်သည့်နေရာတွင်မဆို ရှိနေနိုင်ပါသည်။
- ၎င်းတို့သည် လေမဝင်နိုင်သဖြင့် အောက်ဆီဂျင်မရရှိနိုင်သော အနာနက်နက်များတွင် ကောင်းစွာ ပေါက်ပွားရှင်သန်ကြပါသည်။
- တိရစ္ဆာန်များဒဏ်ရာရရှိသည့်အခါ (ဥပမာ-သင်းကွပ်ခြင်း) ပတ်ဝန်းကျင်ရှိ ရောဂါပိုး spore များသည် ဒဏ်ရာအတွင်းသို့ ဝင်သွားပြီး ကူးစက်ခြင်းဖြစ်ပါသည်။
အသေကောင်အားခွဲစိတ်စစ်ဆေးခြင်း
- ရောဂါဖြစ်ပြီး သေဆုံးသွားသော တိရစ္ဆာန်အသေကောင်အား ခွဲစိတ်စစ်ဆေးရာတွင် ထူးခြားချက်များ မတွေ့ရှိရပါ။
ရောဂါကိုစစ်ဆေးခြင်း
- ရောဂါလက္ခဏာနှင့် ဒဏ်ရာရရှိမှု နောက်ကြောင်းလေ့လာမှုများအရ ရောဂါဟု အမည်တပ်နိုင်ပါသည်။
ကာကွယ်ခြင်း
- မေးခိုင်ရောဂါကို ကာကွယ်ရာတွင် အသုံးပြုသော ကာကွယ်ဆေးမှာ အဆိုပါရောဂါပိုးမှ ထုတ်လုပ်သောအဆိပ်ကို အားဖျော့ထားသော(toxoid)ကာကွယ်ဆေး ဖြစ်ပါသည်။
- ၎င်းကာကွယ်ဆေးသည် ခန္ဓာကိုယ်ခုခံအားစနစ်ကို လှုံ့ဆော်ပေးပြီး ခုခံအားစနစ်အနေဖြင့် ရောဂါ ပိုးမှ ထုတ်လုပ်သည့်အဆိပ်ကို ချေဖျက်နိုင်မည့် ရောဂါအခံဓာတ်(Immunoglobulin)များကို ထွက်ပေါ်လာစေပါသည်။
- ဆိတ်မကြီးများအား သားမကျမီ အနည်းဆုံး ၂ ပတ်ခန့်အလိုတွင် မေးခိုင်ကာကွယ်ဆေး (toxoid) ထိုးနှံပေးရပါမည်။
- ထို့နောက် ဆိတ်ငယ်လေးများအား သင်းမကွပ်မီ၂ ပတ်ခန့်ကြိုတင်၍ မေးခိုင်ကာကွယ်ဆေး ထိုးနှံရန် လိုအပ်ပါသည်။
ကုသခြင်း
- ငြိမ်ဆေးများ ထိုးနှံပေးပြီး မှောင်သောအခန်းတွင် တိရစ္ဆာန်အား ထားရှိခြင်းဖြင့် အာရုံကြောလှုံ့ဆော်မှုများကို လျှော့ချပေးရပါမည်။
- ကာကွယ်ဆေးထိုးထားသော တိရစ္ဆာန်၏သွေးရည်ကြည်တွင်ပါဝင်သော Immunoglobulins များအား ဒဏ်ရာနက်နက်ရထားပြီး ကာကွယ်ဆေး မထိုးထားသော တိရစ္ဆာန်တွင် ထိုးနှံပေးခြင်းကို ပြုလုပ်ပေးလေ့ရှိကြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Win Htike
လွန်ခဲ့သော ၃ နှစ် ကဘယ်လို့လုပ်သင့်လည်းဆရာကြီးခဗျ
U Win Htike
လွန်ခဲ့သော ၃ နှစ် ကမွေးပီကာစဆိတ်ပေါက်လေးတေချီးမပါတာဘာတိုက်လို့ရလည်းဗျ
thandar kyaw
လွန်ခဲ့သော ၃ နှစ် ကဆရာကြီးရှင့် ဆိတ်တွေ နှာစေး ချောင်ဆိုးဖြစ်နေတာ စိုးရိမ်ရလား ဘယ်လိုကုသပေးရမလဲ ပြောပြပေးပါ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး