ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါ အပိုင်း(၁)
ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သော အရေပြားအကျိတ်နာရောဂါ (Lumpy Skin Disease)မှာ ကျွဲ၊ နွား အသက်အရွယ်မရွေး၊ နေရာဒေသမရွေး ဖြစ်ပွားတတ်သဖြင့် ကျွဲ၊ နွားမွေးမြူသူများအနေဖြင့် သတိပြုသင့်သော ရောဂါတစ်မျိုးဖြစ်သည်။

မြန်မာနိုင်ငံဒေသအချို့တွင်လည်း ဖြစ်ပွားမှုများရှိသလို သေဆုံးမှုများလည်း ရှိခဲ့ပါသည်။
ထို့ကြောင့် ယခုရောဂါနှင့်ပတ်သက်၍ ရောဂါလက္ခဏာများ၊ ရောဂါမဖြစ်ရအောင် ကာကွယ်နည်းများနှင့် ကုသနည်းများကိုပါ သတိပြုနားလည်နိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။
ရောဂါဖြစ်ပွားစေသည့်အကြောင်းရင်း
- အရေပြားအကျိတ်နာရောဂါသည် စတုဂံ(Brick-shaped) ပုံသဏ္ဌာန်ရှိသော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါသည်။
ရောဂါဖြစ်ပွားသည့် တိရစ္ဆာန်များ
- နွားမျိုးများနှင့် ရေစိမ်ကျွဲမျိုး၊
နို့စားနွားနှင့် မျိုးစပ်ထားသော နွားမျိုးများတွင် ရောဂါဖြစ်ပွားပါက သေဆုံးနှုန်း မြင့်မားပါသည်။
ရောဂါပိုးတွေ့ရှိနိုင်သော အရင်းအမြစ်များ
- ရောဂါကူးစက်ခံထားရသော ကျွဲ၊ နွားတို့၏ အရေပြားအဖုအကျိတ်နှင့် အနာဖေးတို့တွင် ဗိုင်းရပ်စ်ပိုးကို အများဆုံး တွေ့ရပါသည်။
- ထို့ပြင် ရောဂါကူးစက်ခံထားရသော ကျွဲ၊ နွားတို့၏ သွေး၊ သုတ်ရည်၊ တံတွေး၊ သွားရည်နှင့် နှာရည်တို့တွင်လည်း ဗိုင်းရပ်စ်ပိုးကို တွေ့ရနိုင်ပါသည်။
ရောဂါပိုးပျိုးသည့် အချိန်ကာလမှာ...
- (၄ - ၂၈)ရက်အထိ ကြာနိုင်ပါသည်။
- ပြန်လည်ကျန်းမာလာသော ကျွဲ၊ နွားများတွင် ဗိုင်းရပ်စ်ပိုးသယ်ဆောင်ခြင်းကို မတွေ့ရပါ။
ရောဂါလက္ခဏာများမှာ -
- ကျွဲ၊ နွား၏ ခန္ဓာကိုယ်အပူချိန် ၄၁ °C အထက် မြင့်တက်ခြင်း၊
- နို့ပေးကာလအတွင်း နို့ထုတ်လုပ်မှုကျဆင်းခြင်း၊
- မှိုင်တွေနေခြင်း၊
- သွားရည်များ ထွက်ကျခြင်း၊
- အစားအသောက်ပျက်ခြင်းနှင့် ပိန်လာခြင်း၊
- နှာခေါင်းအတွင်း အမြှေးပါးရောင်ခြင်းနှင့် မျက်ခွံရောင်ခြင်း၊
- သွားလာရခက်ခဲခြင်း၊
- အရေပြား၊အဆီအသားအလွှာနှင့် အသားတို့တွင် အဖုများဖြစ်လာခြင်း၊
- အနာအဖုများမှ လောက်ထွက်လာခြင်း၊
- ပြန်ရည်ကြောအဖု ကြီးလာခြင်းနှင့် ဖောရောင်လာခြင်း၊ ၀.၅ - ၇ စင်တီမီတာ အရွယ်အစားရှိ အနာအဖုများ(ခေါင်း၊ လည်ပင်း၊ နို့အုံ၊ မျိုးပွားလမ်းကြောင်း၊ ခြေလက်၊ စအို၊ အမမျိုးပွားအင်္ဂါ၊ အထီးမျိုးပွားအင်္ဂါတို့တွင်)ဖြစ်လာခြင်း၊
- အထီးများ သားအောင်နှုန်း လျော့နည်းခြင်း၊
- နွားမများသားလျှောခြင်း၊ နွားမ၊ နွားမဒန်းများတွင် လအတော်ကြာအထိ မြိုင်မလာခြင်းနှင့် သားတောင်းမှု မရှိခြင်း၊
- နောက်ဆက်တွဲအနေဖြင့် အဆုတ်ရောင်ခြင်း၊ နို့အုံရောင်ခြင်း၊
- နေရာကွက်၍ အသားပုပ်ဆွေးခြင်းနှင့် အနာအပေါက်များ ဖြစ်လာခြင်းတို့ကို တွေ့ရပါမည်။
ရောဂါဖြစ်ပွားမှုနှင့် သေနှုန်း
- ရောဂါဖြစ်ပွားနှုန်းမှာ (၁၀ - ၂၀%) ရှိပြီး သေနှုန်းအနေဖြင့် (၁-၅%) ရှိပါသည်။
ရောဂါကူးစက်ပျံ့နှံ့ပုံ
အရေပြားအကျိတ်နာရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်သဖြင့် ရောဂါကူးစက်ပျံ့နှံ့ခြင်း ဖြစ်ပါသည်။
- (က) ရောဂါဖြစ်နေသော ကျွဲ၊နွားနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊
- (ခ) ရောဂါပိုးပါသည့် ကျွဲ၊နွား၏ သွားရည်၊နှာရည်များကို စားသုံးမိခြင်း၊
- (ဂ) သွေးစုပ်သည့် မှက်၊ခြင်၊ယင်နှင့် မွှားစသည့် အင်းဆက်ပိုး မွှားများကိုက်ခြင်း၊
- (ဃ) ယင်ကောင်မျိုးစိတ်များထဲမှ သွေးစုပ်ကိုက်တတ်သော ယင်ကောင်ကိုက်ခြင်း၊ မွှားမျိုးစိတ်များထဲမှ မွှားအထီးများ ကိုက်ခြင်းမှတဆင့် ကူးစက်နိုင်ခြင်း၊
- (င) ရောဂါပိုးနှင့် ထိတွေ့ထားသော အစာ၊ ရေနှင့် ရောဂါဖြစ်နေသော ကျွဲ၊ နွားများမှတဆင့် ကူးစက်နိုင်ခြင်း၊
- (စ) ရောဂါပိုးပါဝင်သည့် ဆေးထိုးအပ်နှင့် ခြံအသုံးအဆောင်ပစ္စည်းများ မျှဝေသုံးစွဲခြင်းဖြင့် ကူးစက်နိုင်ခြင်း၊
- (ဆ) ရောဂါပိုးရှိသော ကျွဲ၊ နွားကို စားကျက်နှင့် ကျင်းများတွင် လွှတ်ကျောင်းမွေးမြူခြင်းဖြင့် ကူးစက်နိုင်ခြင်း၊
- (ဇ) ရောဂါဖြစ်နေသော ကျွဲ၊ နွားနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများကို ရွှေ့ပြောင်းသယ်ဆောင်ခြင်းဖြင့် ကူးစက်နိုင်ခြင်း(သို့သော် နွားထီး၏သုတ်ရည်တွင် ဗိုင်းရပ်စ်ပိုးပါရှိနိုင်သော်လည်း မကူးစက်နိုင်ပါ။)
- (ဈ) အဆိုပါရောဂါသည် လူသို့ကူးစက်တတ်သော ရောဂါမဟုတ်ပါ။ ကျွဲ၊ နွားအချင်းချင်းသာ ကူးစက်နိုင်ပါသည်။
Ref: မွေးကုဦးစီးဌာနတွင် သင်တန်းတက်ခဲ့စဉ်က လေ့လာသင်ယူခဲ့သော အချက်အလက်များ။
(အပိုင်း-၂ တွင် ကာကွယ်ကုသနည်းများအကြောင်းကို ဆက်လက်ဖော်ပြပေးသွားပါမည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Daw Nann
လွန်ခဲ့သော ၃ နှစ် က၏
thein htun kain
လွန်ခဲ့သော ၃ နှစ် က။ဗိုက်ဖေါင်းပြီးသေတါဘါရေါဂါလဲ
ဦးဇော်(dof)
လွန်ခဲ့သော ၃ နှစ် ကအပိုင်း- ၂ မှာ ကာကွယ်နည်းပါပါတယ်။ ဖတ်ကြည့်ပါ ခင်ဗျ။
TSO
လွန်ခဲ့သော ၃ နှစ် ကVirusရောဂါဖြစ်သည့်အတွက်အတိအကျ ကုသနည်းမရှိပါဟု ပြောလျှင်ရမည်ထင်ပါသည်။
မတင်တင်ယု
လွန်ခဲ့သော ၃ နှစ် ကနွားလေးမှာဒီလိုရောဂါတကယ်ဖြစ်နေလို့ပါ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....