အစိမ်းရောင်လမ်း
ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါကို ကာကွယ်ကုသနည်း အပိုင်း(၂)

ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါကို ကာကွယ်ကုသနည်း အပိုင်း(၂)

ဦးဇော်(dof)
ဦးဇော်(dof) 08/11/2022

ကျွဲ၊ နွား အရေပြား အကျိတ်နာရောဂါနှင့်ပတ်သက်၍ ရောဂါလက္ခဏာများအကြောင်း၊ ကူးစက်ပျံ့နှံ့ပုံအကြောင်း စသည်တို့ကို အပိုင်း(၁) တွင် ဖော်ပြပေးခဲ့ပြီး ဖြစ်ပါသည်။

အောက်ပါလင့်မှ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://greenwaymyanmar.com/posts/Cattle_Lumpy_Skin_Disease_1

အခု အပိုင်း(၂) မှာတော့ ရောဂါမဖြစ်ခင် ကာကွယ်နည်းနဲ့ နောက်ဆက်တွဲကုသနည်းများကို ဖော်ပြပေးသွား မည်ဖြစ်ပါသည်။

ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါကို အခြားရောဂါများနှင့်လည်း မှားယွင်းနိုင်ပါသည်။ 

မှားယွင်းဆုံးဖြတ်နိုင်သော ရောဂါများမှာ-

  • ကျွဲ၊ နွား ရေယုန်ရောဂါ၊
  • ကျွဲ၊ နွားပါးစပ်အတွင်းရှိ အမြှေးပါးရောင်ရောဂါ၊
  • အင်းဆက်ပိုးမွှားကိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အရေပြားရောဂါ၊
  • ကျွဲ၊ နွား အရေပြားဆဲလ်ရောင်ရောဂါ၊
  • ကျွဲ၊ နွား နေလောင်ရောဂါ၊
  • နွားကျောက်ရောဂါနှင့် သဏ္ဌာန်တူရောဂါ၊
  • နွားကျောက်ရောဂါ၊
  • နွားပလိပ်ရောဂါ၊
  • ကျွဲ၊နွား အဆုတ်ရောင်ရောဂါ၊
  • သန်မျိုးစိတ်တစ်မျိုးကြောင့်ဖြစ်သော မျက်လုံးကွယ်ရောဂါ

စသည်တို့ ဖြစ်ပါသည်။

ကုသခြင်း

  • ထိရောက်သောကုသဆေး မရှိပါ။
  • နောက်ဆက်တွဲရောဂါများ ဝင်မလာစေရန်တော့ ပဋိဇီဝဆေးများဖြင့် ကုသ၍ ရပါသည်။ 

ကာကွယ်ဆေးထိုးနှံခြင်း

  • အားဖျော့ထားသော Homologous နှင့် Heterologus ပိုးအရှင် ကာကွယ်ဆေးထိုးနှံ၍ ကာကွယ်နိုင်ပါသည်။ 
  • နွားကလေးအသက်(၃-၄)လမှ စတင်၍ ထိုးနှံနိုင်ပါသည်။
  • ၁ နှစ်၁ ကြိမ် ပုံမှန်ထိုးနှံပေးရပါမည်။
  • အသားထုတ်လုပ်မည့် ကျွဲ၊နွားများအား ကာကွယ်ဆေးထိုးနှံပြီး ၂၁ ရက်အကြာမှသာ အသားထုတ်လုပ်ရပါမည်။
  • ကာကွယ်ဆေးထိုးပြီးပါက နို့ထုတ်လုပ်မှု ခဏတာ လျော့ကျသွားတတ်ပါသည်။

ရောဂါကာကွယ်ရန် လိုက်နာရမည့်အချက်များ

မိမိတို့မွေးမြူထားသော ကျွဲ၊ နွားများအား ရောဂါကူးစက်ခြင်းမှကာကွယ်ရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရပါမည်။

  • (က) နာမကျန်း ကျွဲ၊ နွားများကို လွှတ်ကျောင်းခြင်း၊ အခြား ကျွဲ၊ နွားများနှင့် ရောနှောခြင်း မပြုရန်။
  • (ခ) ကျွဲ၊ နွား မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုရန်နှင့် ပိုးသတ်သန့်စင်ခြင်း ဆောင်ရွက်ရန်။
  • (ဂ) ရောဂါပိုးသယ်ဆောင်တတ်သည့် အင်းဆက်ပိုးမွှားများဖြစ်သည့် မှက်၊ ခြင်၊ ယင်နှင့် မွှားများကို ထိန်းချုပ်ရန် ။
  • (ဃ) ဆေးထိုးအပ်နှင့် ခြံအသုံးအဆောင်ပစ္စည်းများ မျှဝေသုံးစွဲခြင်း မပြုရန်။
  • (င) သေဆုံးပြီးသော ကျွဲ၊ နွားများကို စနစ်တကျ ရှင်းလင်းဖယ်ရှားရန်။
  • (စ) ကျွဲ၊ နွားများကို ရွှေ့ပြောင်းသယ်ဆောင်ရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက်လက်မှတ် ရယူရန်။
  • (ဆ) နွားအသစ်ဝယ်ယူမွေးမြူမည်ဆိုပါက ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ နွားများကို ဝယ်ယူမွေးမြူရန်။
  • (ဇ) ဝယ်ယူသည့် နွားအသစ်များကို မိမိခြံရှိနွားများနှင့် မရောမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်။
  • (စျ) မိမိနွားခြံတွင် အရေပြားအကျိတ်နာရောဂါ ဖြစ်ပွားနေသည်ဟု သံသယရှိပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့သို့ ချက်ချင်းသတင်းပို့ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်တို့ ဖြစ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။    

8
Ko Soe Hlaing

Ko Soe Hlaing

လွန်ခဲ့သော ၂ နှစ် က

နွားကျောက်ရောဂါ

May Thet Hnin

May Thet Hnin

လွန်ခဲ့သော ၂ နှစ် က

ယ္ခုလက်ရှိအဖုအပိန့်ထွက်ပီးအနာပျောက်စေမည့်ဆေးနည်းများ ပေါင်နာလက်နာပျောက်ကင်းစေသောဆေးနည်းများကိုညွှန်ပြပေးကြပါရန်တောင်းဆိုအပ်ပါသည်။

pho pyae

pho pyae

လွန်ခဲ့သော ၂ နှစ် က

ဒီဖက်မှာအဖြစ်များနေလို့ ပြုစုစောင့်ရှောက်နည်းလေးပါ ဆက်ရေးပေးပါဦးဆရာ

အောင်ဇော်

အောင်ဇော်

လွန်ခဲ့သော ၃ နှစ် က

ဆေးကုသနည်းလေးညွှန်းပါအုံး

အောင်ဇော်

အောင်ဇော်

လွန်ခဲ့သော ၃ နှစ် က

နွား၏တစ်ကိုယ်လုံးဝဲစွဲနေလို့ပါခင်ဗျ

You

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့

tinwinesein • ဖြေကြားချက် 2 ခု

ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်

အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု

နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ

ဇော်ရဲသက် • ဖြေကြားချက် 0 ခု

အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး

sansansoe • ဖြေကြားချက် 0 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....