မျက်လုံးကွယ်သည်အထိဖြစ်နိုင်သော နွားမျက်လုံးသန်ကောင်ရောဂါ
နွား၊ မြင်းတို့၏ မျက်လုံးအမြှေးပါးအိတ်(သို့) တတိယမျက်ခွံ၊ မျက်ရည်ပြွန်တို့တွင် အရွယ်ရောက်သန်ကောင်များကို တွေ့ရတတ်ပါသည်။

ရောဂါကူးစက်ပုံ
မျက်လုံးသန်ကောင်ကို ယင်ကောင်များမှတဆင့်သယ်ဆောင်ပေးပြီး နွားတစ်ကောင်နှင့်တစ်ကောင် ကူးစက်စေပါသည်။ ထို့ကြောင့် နွား၏မျက်လုံးတစ်ဝိုက် အထူးသဖြင့် မျက်ရည်ကိုစုပ်ယူသောယင်ကောင်များ ပေါများချိန်တွင် ဖြစ်ပွားနှုန်းပိုများနိုင်ပါသည်။
ရောဂါလက္ခများ
မျက်လုံးသန်ကောင်ရှိနေလျှင် တွေ့ရသောလက္ခဏာများမှာ -
- မျက်ရည်ကျခြင်း၊
- မျက်ကြည်လွှာရောင်ခြင်း၊
- မျက်လုံးတစ်ဝိုက်ရှိအရေပြား ရောင်ရမ်းခြင်း၊
- အလင်းစူးရှမှုကို ကြည့်ရန်ကြောက်ခြင်း၊
- အချိန်ကြာလာပါက မျက်လုံးအတွင်း အနာဖြစ်လာနိုင်ပြီး မျက်လုံးကွယ်သည်အထိ ဖြစ်နိုင်သည်။
- မျက်လုံးသန်ကောင်ကြောင့် မျက်လုံးအတွင်းအနာဖြစ်ပြီး အခြားဘက်တီးရီးယားပိုးများ ဝင်ရောက်လာနိုင်ပြီး pinky eye ဖြစ်လာနိုင်ချေ များလာပါမည်။
ကုသခြင်း
- (၁) မျက်လုံးအတွင်း သန်ကောင်များရွေ့လျားပြီး နွားကိုနေရခက်နေစေပါက ထုံဆေးပေး၍ Normal Saline ဖြင့်ဆေး၍(သို့မဟုတ်)Forcep သုံးပြီး မျက်လုံးတွင်းမှသန်ကောင်ကို ဖယ်ရှားခြင်းများ ပြုလုပ်သင့်ပါသည်။
- (၂) သန်ချဆေးပေးရမည်။
- (၃) နောက်ဆက်တွဲ ဘက်တီးရီးယားဝင်ရောက်ပါက ပိုးသတ်ဆေးနှင့် အရောင်ကျဆေးပါသော မျက်စဉ်းခတ်ခြင်းနှင့် လိုအပ်သောဆေးဝါးများလည်းပေးရန် လိုအပ်ပါသည်။
ကြိုတင်ကာကွယ်ခြင်း
- (၁) နွားများကို ငယ်ရွယ်စဉ် ၂ ပတ်သားမှစ၍ တစ်လတစ်ကြိမ် သန်ချဆေးပုံမှန်တိုက်ကျွေး၍ သန်ချပေးရမည်။
- (၂) အသက် ၆ လနောက်ပိုင်းတွင်လည်း သန်ချဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းများ ပြုလုပ်ရပါမည်။
- (၃) ပတ်ဝန်းကျင်တွင် ယင်ကောင်ပေါက်ဖွားမှုနည်းအောင် စီမံပြီး ခြံ၏သန့်ရှင်းရေးကိုလည်း အလေးထားဆောင်ရွက်သင့်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Koko
လွန်ခဲ့သော ၃ နှစ် ကနွားလေး၃လသားမျက်ရည်စည်းကြနေပြီး အနက်အိမ်ပြောက်ပြီးဖြူုပီးအောက်ခြေကနီနေပါတယ်ဘာလုပ်သင်လဲဆရာ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး