အစိမ်းရောင်လမ်း
ဘဲများတွင် ဖြစ်ပွားတတ်သော ရောဂါများ

ဘဲများတွင် ဖြစ်ပွားတတ်သော ရောဂါများ

 

 

 

       ဘဲမွေးမြူရေးနှင့် ဘဲအစာကျွေးနည်းများကို ဖော်ပြထားပြီးဖြစ်၍ ယခုတစ်ပတ်တွင် ဘဲရောဂါများအကြောင်းကို တင်ပြပေးပါမည်။

 

ဘဲများရောဂါဖြစ်ပွားခြင်း အကြောင်း

 

       ကြက်နှင့်ဘဲများမှာ ရောဂါဖြစ်ပွားပုံမတူဘဲ ခြားနားကြောင်း တွေ့ရှိရသည်။ ဘဲသည် ကြက်များကဲ့သို့ ရောဂါဖြစ်ပွားမှု မများချေ။ ရုတ်တရက်ရောဂါ မဖြစ်လွယ်ပေ။ ဘဲများ၏ သဘာဝမှာ ရွံ့နွံထဲရှိ အညစ်အကြေးများထဲတွင် ကျက်စားလေ့ရှိသဖြင့် ထိုသို့ကျက်စားခြင်းကပင် ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီး ရောဂါများ ရုတ်တရက်ဖြစ်ပွားခြင်းကို ခံနိုင်ရည်ရှိကြပါသည်။ သို့သော် ဘဲများတွင် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများမှာ အောက်ပါအတိုင်းဖြစ်ကြပါသည်။

 

ဘဲများတွင် ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားရသည့် ရောဂါများမှာ-

 

   () ဝမ်းကျရောဂါ

 

   () ပါရာတိုက်ဖွိုက်ရောဂါ

 

   () သွက်ချာပါဒရော တို့ဖြစ်ကြသည်။

 

၁။ ဝမ်းကျရောဂါ

 

       ဝမ်းကျရောဂါဖြစ်ပွားပါက အသားများအလွန်ပူခြင်း၊ ဒူးဆစ်ရိုးရောင်ခြင်း၊ အသေမြန်ခြင်း စသည့် လက္ခဏာများ တွေ့ရတတ်သည်။

       ကြိုတင်ကာကွယ်ရန်မှာမူ - ဘဲများအတွက် ဝမ်းရောဂါကာကွယ်ဆေးထိုး၍ ကာကွယ်နိုင်သည်။ ရောဂါဖြစ်ပွားနေပါက – ဆာလ်ဖိုနဖိုက်ဆေးများ တိုက်ကျွေးရပါမည်။

 

၂။ ပါရာတိုက်ဖွိုက်ရောဂါ

 

 

 

       ဆဲလ်မိုနီးလားရောဂါပိုး တစ်မျိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ အထူးသဖြင့် ဘဲငယ်များတွင် ဖြစ်ပွားတတ်သည်။

 

       ရောဂါဖြစ်ပွားပါက အအေးမိသကဲ့သို့ အသက်ရှူကျပ်ခြင်း၊ တဖြည်းဖြည်းပိန်လာပြီး သေဆုံးခြင်း၊ မှောက်၍ သေးဆုံးနေခြင်း စသည့် လက္ခဏာများ တွေ့ရသည်။

 

       ကြိုတင်ကာကွယ်ရန်မှာ - မွေးမြူရာတွင် ပတ်ဝန်းကျင်သန့်ရှင်းရေး ဂရုစိုက်ရမည်။

 

       ရောဂါဖြစ်ပွားပါက(နိုက်ထရိုဖျူရာဇုန်း)ဆေး တိုက်ကျွေးသင့်သည်။

 

၃။ သွက်ချာပါဒရော

 

       ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ ရောဂါဖြစ်ပွားပါက ခြေထောက်များဆွဲနေပြီး ကိုယ်ခန္ဓာမဟန်နိုင်ခြင်း၊ ခြေထောက်များ ယက်ကန်ယက်ကန်ဖြစ်နေခြင်း၊ မစင်စွန့်ရာတွင် အစိမ်းရောင်၊ အဖြူရောင်များတွေ့ရခြင်း စသည့် လက္ခဏာများ တွေ့ရသည်။

 

       ကာကွယ်ရန်မှာ - အာဟာရဓါတ်ပြည့်ဝသော အစာများကျွေးခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းပြီး လေကောင်းလေသန့်အမြဲရရှိစေရန် ဆောင်ရွက်ထားသင့်သည်။

 

       ရောဂါဖြစ်ပွားပါက – ဘဲများကို ()နာရီခန့် အစာမကျွေးဘဲထားပြီး ဆာလ်ဖိုနဖိုက်ဆေး တိုက်ကျွေးရပါမည်။

 

ဘဲများတွင် ဖြစ်ပွားတတ်သော အခြားရောဂါများအတွက် ဆေးမြီးတိုကုတုံး

 

   (က) အအေးမိရောဂါ - ရေမှော်ပင်အား အစာတွင် ထည့်ကျွေးပါ။

 

   () ချောင်းဆိးရောဂါ - ကညွတ်ပင်အားထောင်း၍ အရည်အနည်းငယ် တိုက်ပေးပါ။

 

   () သွေးဝမ်းရောဂါ - ဗေဒါပင်စင်း၍ ကျွေးပါ။

 

   () အပူနာရောဂါ - ဘဲကိုရေချခြင်း၊ ရေပက်ခြင်းပြုလုပ်ပါ။

 

   () ဝမ်းချုပ်ရောဂါ - ဆားခါးကို ရေဖြင့် ဖျော်တိုက်ပါ။

 

       ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ရောဂါဖြစ်ပွားနေသော ဘဲများကို အခြားဘဲများနှင့် ရောမထားဘဲ ချက်ချင်းခွဲထုတ်၍ သီးခြားထားရပါမည်။ ဤသို့ မပြုလုပ်ပါက ရောဂါများကူးစက်ပြန့်ပွားပြီး ဆုံးရှုံးမှုများကို ဖြစ်စေနိုင်သည်။ ရောဂါဖြစ်ပွားသည့် ဘဲ သေဆုံးသွားခြင်း(သို့) ကုသ၍ မရတေ့ာလောက်အောင် ရောဂါဆိုးရွာလာလျှင် တွင်းနက်နက်တူးပြီး မြေမြုပ်သင့်ပါသည်။

 

       ကျန်းမာသန်စွမ်းမှုမရှိဘဲ ချည့်နဲ့နေသော ဘဲများကိုလည်း အခြားဘဲများနှင့်အတူ ရောနှော၍ မထားသင့်ဘဲ စောစီးစွာ ဖယ်ထုတ်သင့်ပါသည်။

 

       ဘဲများမှာ အစာရှာစားရင်း သံတိုသံစ ကဲ့သို့သော တွေ့ရာပစ္စည်းကိုလည်း မျိုချလေ့ရှိကြသည်။ ထို့ကြောင့် မွေးမြူရေးခြံအနီး ပတ်ဝန်းကျင်တွင် သံတိုသံစကဲ့သို့သော ပစ္စည်းများကို ရံဖန်ရံခါ ဖယ်ရှားသင့်သည်။

 

       ဘဲထီးအင်္ဂါသည် သွက်ချာပါဒဖြစ်ခြင်း၊ ဘဲမများတွင် ဥအိမ်အဝထွက်လာခြင်းတို့သည် မကြာခဏတွေ့ရတတ်သည့် ရောဂါများဖြစ်သည်။ ထို့ပြင် ဝမ်းဗိုက်ထဲတွင် ရေများစု၍ တွဲကျနေသည့်ရောဂါများလည်း ကြုံတွေ့ရတတ်သည်။ ဤရောဂါမျိုးမှာ မျိုးရိုးမှတဆင့် ကူးစက်တတ်သောကြောင့် အထူးဂရုစိုက်သင့်ပါသည်။

 

ဦးဇော်(dof)

 

မှိငြမ်း- တိရစ္ဆာန်ကုထုံးစာအုပ်မှ ကောက်နုတ်ချက်များ။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

 

Kaung

Kaung

လွန်ခဲ့သော ၁ နှစ် က

ဘဲအစာကိုအဟာရလည်းပြည်မှိအေ ာင်အစာဖိုလည်းသက်သာအောင်ဘာတွေကြွေးသင့်လည်းကူညီပါဥိး

Sa Swam Pyae Moe

Sa Swam Pyae Moe

လွန်ခဲ့သော ၁ နှစ် က

ဆာလ်လ်ဖိုနဖိုက်ဆေး ကဘယ်လိုပုံလဲဗျ ဆေးဆိုင်တွေမှာအဲ့လိုပြောဝယ်ရင်ရလားဗျ

ဉီးသင်းဇော်ထွန်း

ဉီးသင်းဇော်ထွန်း

လွန်ခဲ့သော ၄ နှစ် က

ဆရာပြောတဲ့ဆေးဘယ်မှာဝယ်လို့ရလဲ ကျွန်တော် ရှာမရဘူး

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့

tinwinesein • ဖြေကြားချက် 2 ခု

ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်

အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု

နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ

ဇော်ရဲသက် • ဖြေကြားချက် 0 ခု

အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး

sansansoe • ဖြေကြားချက် 0 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....