ဘဲ အအေးမိ၊ နှာရည်ယို၊ ချောင်းဆိုးရောဂါကို ကာကွယ်ကုသနည်း
ဘဲမွေးမြူသူများအနေဖြင့် မိုးရာသီကာလတွင် ဘဲများ၌ အဖြစ်များသော အအေးမိ၊ နှာရည် ယို၊ ချောင်းဆိုးရောဂါအကြောင်းကို သိရှိထားရန် လိုသဖြင့် ကာကွယ်ကုသနည်းကို ဖော်ပြပေးလိုက်ပါသည်။
ရောဂါဖြစ်ပွားသည့် အကြောင်းအရင်းမှာ -
- အေးသောရာသီဥတု (သို့မဟုတ်) ရာသီဥတုရုတ်တရက် ပြောင်းလဲခြင်းမျိုးတွင် ဘဲများ အအေးမိ၊ နှာရည်ယို၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်ပါသည်။
- အခြားရောဂါများကြောင့်လည်း ဤလက္ခဏာမျိုး ဖြစ်ပေါ်နိုင်ပါသေးသည်။
ရောဂါလက္ခဏာများမှာ -
- နှာချေခြင်း ၊
- နှာရည်ယို စီးကျခြင်း၊
- ခံတွင်းပျက်ခြင်း၊
- မျက်လုံးတွင် အရည်လည်နေခြင်း၊
- နှုတ်သီးတွင် အစာများကပ်နေခြင်း၊
- အမွှေးအတောင်များ တွဲလျားကျနေခြင်းတို့ ဖြစ်ပွားကြပါသည်။
ကူးစက်ပုံ
- ဤရောဂါသည် လေ၊ သောက်ရေနှင့် အစာများမှတဆင့် ကူးစက်ပြန့်ပွားနိုင်ပါသည်။
ကာကွယ်ခြင်း
- အာဟာရပြည့်ဝသော အစာများကိုကျွေးပါ။
- သန့်ရှင်းသောရေကိုသာ တိုက်ပါ။
- ဘဲခြံတွင် ဘဲများကို ကြပ်ညပ်စွာ မထားပါနှင့်။
- ဘဲခြံနှင့် ခြံဝန်းကျင်ကို သန့်ရှင်းစွာထားပါ။
- ဆိုးရွားသောရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိစေရေးအတွက် အကာအကွယ်ရအောင် စီမံထားပါ။
- ဘဲများကို ကာကွယ်ဆေးထိုးရန် လိုအပ်ပါက ကြိုတင်ထိုးနှံပေးပါ။
- သောက်ရေ ၁ လီတာတိုင်းတွင် နနွင်းမှုန့် လက်ဖက်စားဇွန်း တစ်ဝက်ရောပေးပါ။
- ဆင်နှာမောင်းပင် (သို့မဟုတ်)ဂွေးရွက်ပြုတ်ရည်ကို တိုက်ထားပေးပါ။
ကုသခြင်း
- ဂျင်း ၁ ကျပ်သားကို ထောင်းပြီး အရည်ညှစ်ယူပါ။ ယင်းကို ရေ ၂၅၀ စီစီတွင် ကြံသကာ ၁ ကျပ်သားနှင့် ရေဖျော်ပါ။ ယင်းနှုန်းအတိုင်းရလာသည့် ဖျော်ရည်ကို ဘဲ ၁၀ ကောင်စာနှုန်းဖြင့် သောက်ရေတွင် ရောတိုက်ပါ။
- ပဲနံ့သာစေ့ ၁ ကျပ်သားကို ရေ ၁ လီတာနှင့်ပြုတ်ပြီး ရရှိသော အရည်ကို အအေးခံ၍ တိုက်ပါ။ ထိုအရည်ကို သောက်ရေနှင့် ရောပြီး သောက်သုံးစေပါ။ အရွက်များကိုလည်း အစာနှင့် ရောကျွေးနိုင်ပါသည်။
- ဆင်နှာမောင်းရွက်(သို့မဟုတ်)ဂွေးရွက် ၁ ဆကို ရေ ၂ ဆရောပြီး ၅ မိနစ်မှ ၁၀ မိနစ်အထိ ကျိုပါ။ မင်စုတ်ပြွန်(သို့မဟုတ်) အပ်ဖြုတ်ထားသော ပလတ်စတစ်ဆေးထိုးပြွန်ဖြင့် ၁ ရက်လျှင် ၂ ကြိမ်၊ ၃ ကြိမ် တိုက်ပေးပါ။
ဤရောဂါကိုကာကွယ်ရန်နှင့် ကုသရန်အတွက် ဘဲ ၁ ကောင်စီ ကို ကြက်သွန်ဖြူ ၁ မွှာကျနှုန်းဖြင့် နေ့စဥ် အစာနှင့် ရောကျွေးနိုင်ပါသည်။
မှီငြမ်း-မွေးကုဦးစီးဌာနတွင် သင်တန်းတက်ခဲ့စဥ်က သင်တန်းမှတ်စုများ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....