သိုး၊ ဆိတ် အသည်းစားပိုး
မြန်မာနိုင်ငံရှိ ရေလွှမ်းမိုးမှုရှိသောဒေသများတွင် အတွေ့ရများသော ကိုယ်တွင်းကပ်ပါးကောင်တစ်မျိုးမှာ ရွက်ပြားသန်ကောင်(အသည်းစားပိုး)ဟု ခေါ်သော Fasciola hepatica ဖြစ်သည်။
အခြားမျိုးစိတ်တစ်မျိုးဖြစ်သော Fasciola gigantica ကို တွေ့ရှိရသေးသော်လည်း ၎င်းတို့၏ ဘဝစက်ဝန်းနှင့် တိရစ္ဆာန်များအား တိုက်ခိုက်ပုံတို့မှာမူ အတူတူပင်ဖြစ်သည်။
ရောဂါဖြစ်ပွားစေသည့် အကြောင်းရင်းမှာ -

- Fasciola hepatica နှင့် Fasciola gigantica မျိုးစိတ် ရွက်ပြားသန်ကောင်များကြောင့် ဖြစ်ပွားပါသည်။
- ရွက်ပြားသန်ကောင် ၂ မျိုးလုံးကို တစ်နေရာတည်းတွင် တွေ့နိုင်ပြီး ၎င်းတို့သည် ခရု၏ ခန္ဓာကိုယ်ထဲတွင် ကြားခံလက်ခံကောင်အဖြစ် နေထိုင်ပြီးမှ ဆက်လက်ဖွံ့ဖြိုးကြီးထွားနိုင်သဖြင့် ခရုရှိသောဒေသများတွင် အတွေ့ရများပါသည်။
ကူးစက်ပုံမှာ -
- သက်ကြီးကောင်များသည် သည်းခြေအိတ်နှင့် အသည်းတို့အား တွယ်ချိတ်ထားသောပြွန်ငယ် (သည်းခြေရည်ပြွန်) (Bile duct)တွင် နေထိုင်ပြီး သွေးများစုပ်ယူကာ သည်းခြေရည်ပြွန်ကို အကြီးအကျယ်ပျက်စီးစေပြီး ဥများဥချကြပါသည်။
- ယင်းဥများသည် ပြင်ပသို့ တိရစ္ဆာန်၏မစင်မှတဆင့် ရောက်ရှိသွားကြပါသည်။
- ရွက်ပြားသန်ကောင်ဥများသည် ရေထဲသို့ကျသွားပါက ဥမှပေါက်ပြီး ရေကူးကာ ခရုတစ်မျိုးကို ရှာဖွေကြပါသည်။
- ၄င်းတို့နှစ်သက်သောခရုအမျိုးအစားကို ရှာဖွေတွေ့ရှိသည့်အခါ ခရုခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ပွားများကြပြီး cercaria ခေါ် ရွက်ပြားသန်ကောင်သားလောင်းအဆင့်သို့ ရောက်ရှိကြပါသည်။
- ထို့နောက် အဆိုပါ cercaria ရွက်ပြားသန်ကောင်လေးများသည် ခရု၏ကိုယ်မှ ပြင်ပသို့ထွက်လာပြီး ရေကူးကာ ကမ်းစပ်နားရှိ အပင်များတွင် တွယ်ကပ်ကာ metacercaria ရွက်ပြားသန်ကောင်ရောဂါပိုးများအဖြစ် ဖွံ့ဖြိုးလာပါသည်။
- Metacercaria ပိုးများသည် ရေအိတ်ငယ်ကလေးများနှင့်တူပြီး ရေကျသွားချိန်တွင် ခြောက်သွေ့ပြီး မသေသွားအောင် ကာကွယ်ပေးထားပါသည်။
- အကယ်၍ Metacercaria များကို လက်ခံကောင်များ(လူအပါအဝင်နို့တိုက်သတ္တဝါများ)က စားသောက်မိပါက အူထဲသို့ရောက်ရှိသွားပြီး အသည်းကပ်ပါးပိုးသားလောင်း(Juvenile flukes) များအဖြစ် အူနံရံကိုထိုးဖောက်ကာ အသည်းသို့ သွားရောက်ကြပါသည်။
- အသည်းအတွင်းတွင် (၈-၁၂)ပတ်ကြာအောင် သွားလာထိုးဖောက်နေကြပြီး ဥများကို ဥချကြပါသည်။
ရောဂါလက္ခဏာများမှာ -
အဆိုပါရွက်ပြားသန်ကောင်များအနေဖြင့် အသည်းအား မည်မျှဖျက်ဆီးပစ်သည်ဆိုသည့်အချက်နှင့် သွေးမည်မျှဆုံးရှုံးသွားသည်ဆိုသည့်အချက်များအပေါ် မူတည်နေပါသည်။ လက္ခဏာများအနေဖြင့်...
- သွေးအားနည်းခြင်း၊
- အသားဝါခြင်း၊
- ခန္ဓာကိုယ်အချို့အစိတ်အပိုင်းများတွင် ရေစုခြင်း၊
- တစ်ခါတစ်ရံ ဝမ်းလျှောခြင်း စသည့်လက္ခဏာများကို တွေ့ရှိရပါသည်။
- အသဲကပ်ပါးပိုးသားလောင်း(Juvenile Flukes) များ အသည်းတွင် ထိုးဖောက်သွားလာထားသော လမ်းကြောင်းများတွင် သွေးစီးကြောင်းများနှင့် ဒဏ်ရာများ၊ အမာရွတ်များကို တွေ့ရတတ်ပါသည်။
- ထို့ပြင် သည်းခြေရည်ပြွန်ထဲတွင် အရွယ်ရောက် ရွက်ပြားသန်ကောင်များကို တွေ့ရမည်ဖြစ်ပါသည်။
- ရွက်ပြားသန်ကောင် ပမာဏများပါက တိရစ္ဆာန်သေဆုံးသည်အထိ ပြင်းထန်နိုင်ပြီး ရွက်ပြားသန်ကောင်ပမာဏ နည်းပါက ထုတ်လုပ်မှု ကျဆင်းစေနိုင်ပါသည်။
အသေကောင်အား ခွဲစိတ်စစ်ဆေးပါက -
- အသည်းသည် ပျက်စီးနေပြီး ရွက်ပြားသန်ကောင်များကို တွေ့ရှိရနိုင်ပါသည်။
ရောဂါအားစစ်ဆေးခြင်း
- တိရစ္ဆာန်များ၏ မစင်တွင် သန်ဥပါဝင်မှုကို စစ်ဆေးခြင်းဖြင့်လည်းကောင်း၊ အသေကောင်ခွဲစိတ်စစ်ဆေးမှုအရလည်းကောင်း ရောဂါရှာဖွေဖော်ထုတ်နိုင်ပါသည်။
ကာကွယ်ခြင်း
- ရွံ့ညွှန်ထူထပ်သော နေရာများတွင် သိုး၊ ဆိတ်များအား မလွှတ်ကျောင်းသင့်ပါ။
- နယ်မြေတစ်ခုလုံးသည် ရွံ့ညွှန်ထူထပ်ပြီး ရေလွှမ်းသောဒေသဖြစ်ပါက စားကျက်ဧရိယာအား ထိန်းချုပ်ခြင်းဖြင့် ရောဂါထိန်းချုပ်ရန် မဖြစ်နိုင်ပါ။
- ရောဂါထိန်းချုပ်ရန် အခြားနည်းလမ်းတစ်ခုမှာ တိရစ္ဆာန်များအား လွှတ်ကျောင်းခြင်းမပြုဘဲ ခြံလှောင်မွေးမြူသည့်နည်းစနစ်(Zero-grazing)နည်းစနစ်ဖြင့် မွေးမြူကာ အစာကိုရိတ်ကျွေးခြင်း၊ အပင်ကြီးများမှ အရွက်များကျွေးမွေးခြင်းနည်းလမ်းပင် ဖြစ်ပါသည်။
- အစာများအား အခြောက်ခံခြင်း (သို့မဟုတ်) အချဥ်ဖောက်ခြင်း (ဥပမာ-မြက်ချဥ်ဖတ်)တို့ ပြုလုပ်ပါက metacercaria ပိုးများကို သေဆုံးစေနိုင်ပါသည်။
- သို့ရာတွင် F-hepatica ကို ထိန်းချုပ်ရန်အတွက် အသုံးများသောနည်းလမ်းမှာ ရွက်ပြားသန်ကောင်များ ပေါများသော အချိန်တွင် သန်ချဆေးတိုက်ကျွေးသည့်နည်းလမ်းပင် ဖြစ်ပါသည်။
ကုသခြင်း
- သန်ချဆေးအတော်များများသည် အသည်းတွင် ရွေ့လျားသွားလာနေကြသော သန်ကောင်များအား ထိရောက်စွာ သတ်နိုင်စွမ်းမရှိပါ။
- သန်ချဆေးများကို ထိရောက်စွာတိုက်ကျွေးနိုင်ရန် သန်ကောင်၏ဘဝစက်ဝန်းကို သိရှိနားလည်ထားရန် လိုအပ်ပါသည်။
- မိုးရာသီကာလတွင် ခရုများပေါ်လာပြီး ရွက်ပြားသန်ကောင်များရှိသော တိရစ္ဆာန်မှ ဥများက ၄င်းခရုများထံသို့ ကူးစက်သွားမည်ဖြစ်သည်။
- ထို့နောက် metacercaria များသည် တိရစ္ဆာန်အစာပင်များထံသို့ ရောက်ရှိသွားကြပြီး အခြားတိရစ္ဆာန်များသို့ ကူးစက်ကြသည်။
- ထို့နောက် juvenile flukes များသည် အသည်းတွင် (၂-၃)လခန့် ရွေ့လျားသွားလာနေကြမည်ဖြစ်သည်။
- ထို့ကြောင့် သည်းခြေရည်အိတ်တွင် နေထိုင်ကြသော သက်ကြီးရွက်ပြားသန်ကောင်များကိုသာ သတ်နိုင်သောဆေးများ (dorsilon, albendazole)ကို အသုံးပြုမည်ဆိုပါက metacercaria များကို နောက်ဆုံးစားမိပြီး နောက် ၃ လကြာမှသာ အသုံးပြုသင့်ပါသည်။
- ရာသီဥတုသည် ကာလအတော်ကြာ ပူပြင်းခြောက်သွေ့သွားပါက ခရုများသည် တွင်းအောင်းသွားကြပြီး ခရုတွင် ကူးစက်ထားသော cercaria များ သေဆုံးကုန်ပါသည်။
- နောက်ထပ်တစ်ကြိမ် ခရုများ ပြန်ထွက်မလာမီ ခြောက်သွေ့ရာသီကုန်ဆုံးချိန်သည် သန်ချဆေးတိုက်ကျွေးရန် အကောင်းဆုံးဖြစ်ပါသည်။
- ထို့နောက် ခြောက်သွေ့ရာသီအစတွင် ဒုတိယတစ်ကြိမ် သန်ချဆေးတိုက်ကျွေးပါက ပိုမိုကောင်းမွန်ပါသည်။
- နောက်ထပ်နည်းလမ်းတစ်ခုအဖြစ် triclabendazole ကို ခြောက်သွေ့ရာသီအစတွင် တိုက်ကျွေးနိုင်ပါသည်။
- ၎င်းဆေးသည် သက်ကြီးကောင်နှင့် အသည်းတွင်ရွေ့လျားနေသော juvenile flukes များကိုပါ သေဆုံးစေနိုင်ပါသည်။
- ထို့နောက် ခြောက်သွေ့ရာသီအဆုံးတွင် Albendazole or Dorsilon ကို ဆက်လက်တိုက်ကျွေးပေးခြင်းဖြင့် triclabendazole တိုက်ကျွေးစဥ်က လွတ်သွားသော သန်ကောင်များကိုပါ သေဆုံးစေနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး