ဆိတ်မကြီးများတွင် အဖြစ်များသော နို့အုံရောင်ရောဂါကို ကာကွယ်ကုသနည်း
နို့အုံရောင်(Mastitis)ရောဂါသည် ဆိတ်မကြီးများတွင် ဖြစ်ပွားတတ်ပြီး အလွန်အရေးကြီးသော ရောဂါတစ်မျိုး ဖြစ်ပါသည်။ထိုရောဂါကိုဖြစ်စေသော ရောဂါပိုးများသည် နို့သီးတိုင်မှတဆင့် နို့အုံအတွင်းသို့ဝင်ရောက်ကာ ရောဂါဖြစ်ပေါ်စေပါသည်။
ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းမှာ -
နို့အုံအတွင်းသို့ မည်သည့်ဘက်တီးရီးယားမဆို ပမာဏ အမြောက်အမြား ဝင်ရောက်လာပါက နို့အုံရောင်နိုင်ပါသည်။
ရောဂါကူးစက်ပုံမှာ -
နို့တိုင်ရှိ နို့ထွက်ပေါက်မှတဆင့် ဘက်တီးရီးယားများ နို့အုံအတွင်းသို့ ဝင်သွားကာ နို့အုံရောင်ရောဂါကို ဖြစ်ပွားစေပါသည်။ အထူးသဖြင့် ကလေးမွေးထားသည့်ဆိတ်မများ နို့ပေးချိန်တွင် အဖြစ်များပါသည်။
နို့အုံနှင့် နို့တိုင်ကြားတွင် အညစ်အကြေးများပေကျံနေပါကလည်း ဖြစ်ပွားနိုင်ပါသည်။
ရောဂါလက္ခဏာများ

ဝင်ရောက်လာသော ရောဂါပိုးအမျိုးအစားပေါ်မူတည်၍ နို့အုံရောင်ရောဂါလက္ခဏာ ပြင်းထန်မှုမှာ အမျိုးမျိုး ကွဲပြားခြားနားနိုင်ပါသည်။ တခါတရံတွင် ရောဂါလက္ခဏာမပြသည်အထိ ရောဂါပျော့ပြီး တခါတရံတွင် အလျင်အမြန်သေဆုံးသည်အထိ ရောဂါပြင်းထန်တတ်ပါသည်။ တခါတရံတွင် နို့အုံ အတွင်းရှိ နို့ထုတ်လုပ်ပေးသော တစ်ရှူးများကို ထိခိုက်စေပြီး နို့ထုတ်လုပ်မှုကို လျော့ကျစေပါသည်။
ရောဂါလက္ခဏာများအနေဖြင့် နို့အုံရောင်ရမ်းလာခြင်း၊ နို့အုံအားကိုင်တွယ်ကြည့်ပါက နွေးနေခြင်းများ တွေ့ရနိုင်ပါသည်။ ပုံမှန်နို့နှင့်မတူသော အရည်များ(အရည်ကြည်နှင့် အဖတ်များ၊ အဝါရောင်အရည်များ စသဖြင့်)ထွက်ရှိနိုင်ပါသည်။
တခါတရံတွင် လက္ခဏာမပြဘဲ နို့အုံရောင်ရောဂါ ဖြစ်ပွားနေတတ်ပါသည်။ထိုအခါမျိုးမှာ နို့အတွင်းတွင် ဘက်တီးရီးယားများနှင့် သွေးဖြူဥများ အမြောက်အများ ပါဝင်နေတတ်ပါသည်။
ရောဂါဖြစ်ပွားပြီး သေဆုံးသွားသောဆိတ်အသေကောင်အား ခွဲစိတ်စစ်ဆေးမှု ရလဒ်မှာ ..
အဆိပ်ထုတ်သော ဘက်တီးရီးယားများကြောင့် နို့အုံရောင်ရောဂါဖြစ်ပွားပါက အဆိပ်များသည် သွေးအတွင်းသို့ရောက်ရှိပြီး ရှော့ခ်(shock)ဖြစ်ကာ သေဆုံးနိုင်ပါသည်။ နို့အုံအတွင်းပိုင်းကို ကြည့်ကြည့် ပါက အနာဆွေးများကိုတွေ့ရနိုင်ပါသည်။
ရောဂါကို စစ်ဆေးခြင်း
နို့အတွင်းရှိ ဘက်တီးရီးယားပိုးမွှားများနှင့် သွေးဖြူဥပါဝင်မှုတို့ကို စစ်ဆေးခြင်းအားဖြင့် သိရှိနိုင်ပါသည်။ ထို့ပြင် ရောဂါလက္ခဏာများပြသခြင်းဖြင့်လည်း သိရှိနိုင်ပါသည်။
ကာကွယ်ခြင်း
ကာကွယ်တားဆီးရမည့်နည်းလမ်းများမှာ နို့အုံအား သန့်ရှင်းနေစေပြီး ဆိတ်မများအား ရွှံ့ညွန်များ၊မစင်များရှိသည့်နေရာများတွင် မအိပ်အောင်ထားရှိခြင်းပင် ဖြစ်ပါသည်။
နို့ညှစ်ရန်လိုအပ်ပါက မညှစ်မီ လက်များကို သေချာစွာသန့်ရှင်းပြီးမှ ညှစ်ရန်လည်း လိုအပ်ပါသည်။
ကုသခြင်း
ရောဂါဖြစ်ပွားကြောင်း သိလျှင်သိချင်း ပဋိဇီဝဆေးဝါးများ ထိုးနှံပေးရပါမည်။ နို့အုံရောင်ရောဂါကုသရန် ထုတ်လုပ်ထားသော ပဋိဇီဝညှစ်ဆေးများကို နို့အုံအတွင်းသို့ထည့်သွင်းပေးရပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဖိုးသား
လွန်ခဲ့သော ၂ နှစ် ကဆေးကဘာဆေးသုံးရမလဲခင်ဗျသိချင်ပါတယ်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....