မှိုဆိပ်သင့်ခြင်းနှင့် ရောဂါပြဿနာ
မှိုဆိပ်(Mycotoxin) ဆိုသည်မှာ မှို (Fungal moulds) မျိုးစိတ်တစ်ခုခုမှ သဘာဝအတိုင်းထွက်ရှိပြီး လူနှင့် တိရစ္ဆာန်တို့၏ ကျန်းမာရေးကိုထိခိုက်စေသော ဓာတုဓာတ်ပေါင်း (အဆိပ်အတောက် - toxin) များ အားလုံးကို ဆိုလိုခြင်း ဖြစ်ပါသည်။

လက်ရှိအချိန်အထိ ရှာဖွေတွေ့ရှိပြီးသော မှိုဆိပ်အမျိုးအစားပေါင်း ၄၀၀ ဝန်းကျင် ရှိသည်။ ၎င်းမှိုဆိပ် များသည် စိုက်ပျိုးရေးထွက်ကုန်များတွင် တွေ့ရှိရသည်ဖြစ်ရာ ၎င်းတို့အား စားသုံးသည့် လူနှင့် တိရစ္ဆာန်များကို ဘေးအန္တရာယ် ဖြစ်ပေါ်စေပါသည်။ အတွေ့ရများသည့် မှိုဆိပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- Aflatoxins (အဖလာတောက်ဆင်)
- Trichothecenes (ထရိုင်ခိုသီဆင်း)
- Fumonisins (ဖြူမိုနစ်ဆင်)
- Deoxynivelenol (ဒီအောက်ဆီနီဗယ်လီနောလ်)
- Zearalenone (ဇီရာလီနွန်)
- Ochratoxin (အိုခရာတောက်ဆင်)
- Ergot alkaloids (အားဂေါ့အယ်လ်ကာလွိုက်)
မှိုဆိပ်အမျိုးအစားပေါင်းများစွာ ကွဲပြားနေရာ ၎င်းတို့၏ ဓာတုဗေဒဖွဲ့စည်းပုံမှာလည်း များစွာ ကွဲပြားခြားနားကြပါသည်။ ထို့ကြောင့် မှိုဆိပ်များက လူနှင့်တိရစ္ဆာန်များ၏ ခန္ဓာကိုယ်အပေါ် ဒုက္ခပေးပုံ (တနည်းအားဖြင့် မှိုဆိပ်သင့်ပုံ) မှာလည်း အမျိုးမျိုး ကွဲပြားခြားနားနိုင်ပါသည်။ ထို့ကြောင့် မှိုဆိပ်သင့်ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် ရောဂါလက္ခဏာများမှာလည်း အလွန်ကွဲပြားနိုင်ပါသည်။
မှိုဆိပ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အဓိက ကျန်းမာရေးပြဿနာများကို အောက်ပါအတိုင်း အုပ်စု ခွဲခြားနိုင်သည် -
- ကင်ဆာဖြစ်နိုင်ခြင်း (Carcinogenicity)
- မျိုးဗီဇချို့ယွင်းချက်များ ဖြစ်ပေါ်စေခြင်း (Genotoxicity)
- ကျောက်ကပ်ကို ထိခိုက်စေခြင်း (Nephrotoxicity)
- အသည်းကို ထိခိုက်စေခြင်း (Hepatotoxicity)
- မ ဟိုမုန်း (အီစထရိုဂျင်) လွန်ကဲခြင်း (Estrogenicity)
- မျိုးပွားလမ်းကြောင်းပြဿနာများ ဖြစ်ပေါ်ခြင်း (Reproductive disorders)
- အစာချေလမ်းကြောင်းပြဿနာများ ဖြစ်ပေါ်ခြင်း (Digestive disorders)
- ခုခံအားစနစ်ကို အလုပ်မလုပ်နိုင်အောင် နှိပ်ကွပ်ခြင်း (Immunosuppression)
- အရေပြားဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခြင်း (Dermal effects)
#ပြင်းထန်လက္ခဏာနှင့် နာတာရှည်လက္ခဏာ
မှိုဆိပ်များကြောင့် ရင်ဆိုင်ရသည့် ပြဿနာများကို ရောဂါလက္ခဏာပြင်းထန်မှု၊ ရောဂါလက္ခဏာ ပြသသည့်ကြာချိန်တို့ပေါ်မူတည်၍ အုပ်စုနှစ်စု ခွဲခြားကာ လေ့လာနိုင်ပါသည်။
(၁) ပြင်းထန်လက္ခဏာများ (Clinical effects/Acute effects)
- အစားအစာအတွင်း မှိုဆိပ်ပမာဏ မြင့်မားစွာပါဝင်ခြင်းကြောင့် လူ သို့မဟုတ် တိရစ္ဆာန်တွင် သိသာထင်ရှားပြီး ဆိုးရွားပြင်းထန်သည့် နာမကျန်းမှုများကို အချိန်တိုအတွင်း ရင်ဆိုင်ရနိုင်ပါသည်။
- ပြင်းထန်လက္ခဏာများကို မှိုဆိပ်နှင့်ထိတွေ့ပြီး စက္ကန့်ပိုင်းအတွင်း၊ သို့မဟုတ် မိနစ်ပိုင်းအတွင်း၊ သို့မဟုတ် နာရီပိုင်းအတွင်း တွေ့ကြုံခံစားရနိုင်ပါသည်။
- ဥပမာအားဖြင့် ကြက်ဆင်များတွင် ဖြစ်ပွားခဲ့သည့် Turkey “X” disease သည် အဖလာတောက်ဆင်ကြောင့် ရင်ဆိုင်ရသည့် Clinical effect ဖြစ်ပါသည်။
(၂) နာတာရှည်လက္ခဏာများ (Sub-clinical effects/Chronic effects)
- မှိုဆိပ်ပမာဏ အနည်းငယ်သာပါဝင်သည့် အစားအစာများကို ရေရှည်စားသုံးလာခြင်းကြောင့် လူ သို့မဟုတ် တိရစ္ဆာန်တွင် ကင်ဆာကဲ့သို့သော နာတာရှည်ရောဂါများ ဖြစ်ပေါ်လာခြင်းကို ရင်ဆိုင်ရနိုင်ပါသည်။
- ဥပမာ တိရစ္ဆာန်များတွင် မှိုဆိပ်ပမာဏအလွန်နည်းပါးစွာပါဝင်သည့် အစာကို ကျွေးမွေးမိခြင်းဖြင့် ယင်းတိရစ္ဆာန်များတွင် ထုတ်လုပ်မှုကျဆင်းလာခြင်းသည် Sub-clinical effects ဖြစ်ပါသည်။
- နာတာရှည်လက္ခဏာအဖြစ် တွေ့မြင်ရသည့် ပြဿနာများအနက် အဖလာတောက်ဆင် မှိုဆိပ်ကို ရေရှည်ထိတွေ့မိခြင်းကြောင့် ကင်ဆာရောဂါ (အထူးသဖြင့် အသည်းကင်ဆာ) ဖြစ်ပွားခြင်းမှာ အများဆုံးဖြစ်သည်။

#Reversible နှင့် Irreversible
မှိုဆိပ်ကြောင့် လူနှင့်တိရစ္ဆာန်များတွင် ဖြစ်ပွားသည့် ကျန်းမာရေးဆိုးကျိုးများတွင် အချို့မှာ ပြန်လည် ကောင်းမွန်အောင် ကုသ၍ ရနိုင်သည်။ ၄င်းတို့ကို Reversible effects ဟု ခေါ်သည်။ ဥပမာ မှိုဆိပ်ကြောင့် အရေပြားတွင် ယားနာဖြစ်ပေါ်ရုံမျှ ထိခိုက်မှုသည် Reversible effects ဖြစ်ပါသည်။
အချို့သော ကျန်းမာရေးသက်ရောက်မှုများမှာမူ ပြန်လည်ကုသ၍ပျောက်ကင်းနိုင်ခြင်း မရှိပါ။ ၄င်းတို့ကို Irreversible effects ဟု ခေါ်ပါသည်။ ဥပမာ အားဂေါ့အယ်လ်ကာလွိုက် မှိုဆိပ်သည် သွေးကြောလေးများကို ကျဉ်းစေသည့် အဆိပ်တစ်မျိုးဖြစ်ပါသည်။ ထိုမှိုဆိပ်သင့်ပါက ခြေထောက်၊ လက် စသည်တို့၏ အစွန်အဖျားရှိ သွေးကြောကလေးများ ကျဉ်းသွားကာ ထိုအစွန်အဖျားနေရာများသို့ သွေး ကောင်းစွာ မရောက်ရှိတော့ဘဲ ခြေဖျား၊ လက်ဖျား ကလေးများ၊ နားရွက်ဖျား၊ အမြီးဖျားလေးများ ပုတ်လိုက်လာကာ ဖြတ်တောက်ပစ်လိုက်ရခြင်းမျိုးသည် Irreversible effects များ ဖြစ်ပါသည်။
#မှိုဆိပ်သင့်မှုလက္ခဏာများအပေါ် လွှမ်းမိုးသည့်အချက်များ
မှိုဆိပ်သင့်မှုလက္ခဏာများ ပြင်းထန်မည် သို့မဟုတ် နာတာရှည်ဖြစ်မည်၊ ပြန်လည်သက်သာပျောက်ကင်းမည် သို့မဟုတ် သက်သာပျောက်ကင်းနိုင်ခြင်း ရှိနိုင် မရှိနိုင်၊ စသည်တို့အပေါ် အောက်ပါအချက်အလက်များက လွှမ်းမိုးထားသည်ကို တွေ့ရှိရသည် -
*စားသုံးမိသည့် မှိုဆိပ်
- အမျိုးအစား
- စားသုံးမိသည့် ပမာဏ
- မှိုဆိပ်နှင့် ထိတွေ့မိသည့် အချိန်ကာလ
*မှိုဆိပ်ကို စားသုံးမိသူ
- မျိုးစိတ် (လူ၊ ကြက်၊ ဝက်၊ နွား စသည်)
- လိင်
- မျိုး
- အသက်အရွယ်
- ကျန်းမာရေးအခြေအနေ
- ခုခံအားစနစ် အခြေအနေ
*မွေးမြူရေးတိရစ္ဆာန်ဖြစ်ပါက မွေးမြူရေးခြံ၏ စီမံခန့်ခွဲမှု
- သန့်ရှင်းရေးဆောင်ရွက်ပုံ
- အပူချိန်
- ထုတ်လုပ်မှုပုံစံ
*မှိုဆိပ်တစ်ခုထက် ပို၍ပါဝင်နေပါက အဆိပ်အတောက် ဖြစ်ပေါ်မှုအတွက် ယင်းမှိုဆိပ် တစ်ခုနှင့် တစ်ခုအကြား အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှု
မှိုဆိပ်များသည် လူနှင့်တိရစ္ဆာန်များ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ရာ ကောက်ပဲသီးနှံများ၊ အ စားအစာများတွင် မှိုပေါက်ပွားမှု မရှိစေရေးနှင့် မှိုဆိပ်တားဆီးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
နွားကဘာရောဂါဖြစ်တာလဲဗျ
Aung Moe • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025