ဆောင်းရာသီတွင်ဖြစ်တတ်သော ကြက်ကျောက်နှင့် သန်ကောင်ရောဂါကို ကာကွယ်ကုသနည်းများ
ဆောင်းရာသီဝင်လာမှုနှင့်အတူ ရာသီအကူးအပြောင်းကြောင့် ဖျားနာသူများရှိလာသည်။ ထို့အတူ မွေးမြူရေးတိရစ္ဆာန်များတွင်လည်း ရာသီအလိုက်ဖြစ်တတ်သောရောဂါများ ရှိပါသည်။ ယင်းတို့အထဲမှ ကြက်မွေးမြူသူများအတွက် ဆောင်းရာသီကာလတွင် အဖြစ်များသော ကြက်ရောဂါများအကြောင်းကို သိရှိစေရန်အလို့ငှာ လေ့လာရေးသားဖော်ပြပေးလိုက်ပါသည်။
၁။ ကြက်ကျောက်ရောဂါ

ကြက်ကျောက်ရောဂါသည် ရာသီဥတုပြောင်းချိန် အထူးသဖြင့် မိုးအကုန်ဆောင်းဝင်စ ဆောင်း တွင်းကာလများတွင် အဖြစ်များပါသည်။
ရောဂါလက္ခဏာများမှာ-
- ကြက်မျက်လုံး၊ မျက်နှာ၊ ပါးပျဉ်း၊ နှုတ်ခမ်းထောင့်များပေါ်တွင် အနာဖုများတွေ့ရတတ်ပြီး အရပ်အခေါ် “နှင်းသီး”ဟု ခေါ်ကြပါသည်။
ရောဂါအမျိုးအစားများ
- အရေပြားပေါ်တွင် ဖြစ်တတ်သော အခြောက်အမျိုးအစားနှင့်
- အာခေါင်၊ မျက်လုံးတွင်ဖြစ်တတ်သော အစိုအမျိုးအစားဟူ၍ (၂)မျိုးရှိပါသည်။
ကုသနည်း
- အရေပြားပေါ်တွင် ဖြစ်တတ်သော အခြောက်အမျိုးအစားကို Chikusan ဆေးဖြင့် သုတ်လိမ်းပေးပါက ပျောက်ကင်းနိုင်ပါသည်။
- အာခေါင်၊ မျက်လုံးတွင်ဖြစ်တတ်သော အစိုအမျိုးအစားမှာ ကုသရခက်ခဲပြီး ဗိုင်းရပ်စ်ဖြစ်၍ ကူးစက်မြန်ပါသည်။
- ထို့ကြောင့် Chikusan တိုက်ကျွေးခြင်းဖြင့် ကိုယ်ခံအားမြှင့်ပေးရန်လိုအပ်ပါသည်။
၂။ ကြက်သန်ကောင်ရောဂါ

ကြက်သန်ကောင်ရောဂါမှာ ခြံလှောင်မွေးသော ဥစားကြက်နှင့် အသားစားကြက်များတွင် အဖြစ်များပါသည်။
ရောဂါဖြစ်ပွားသည့် အကြောင်းရင်း
- Ascaridia-galli (ခေါ်)သန်လုံးကောင်ရောဂါမှာ ကြက်၏အစာလမ်းကြောင်းတစ်လျှောက် အူလမ်းကြောင်းပိတ်ဆို့ကုန်သည်အထိဖြစ်စေပြီး သေကြေဆုံးရှုံးနိုင်ပါသည်။
ရောဂါလက္ခဏာများ
- ကြက်၏အူအတွင်း အရွယ်ရောက်ပြီးသန်ကောင်များ စွဲကပ်ပါက အစာချေဖျက်နိုင်စွမ်းကျပြီး ကြက်ထံမှ အာဟာရကို သန်ကောင်က ရယူစားသုံးခြင်းကြောင့် ကြက်များကြီးထွားနှုန်းနှေးခြင်း၊ထုတ်လုပ်မှု ကျဆင်းခြင်း၊ ကိုယ်ခံစွမ်းအားကျခြင်းနှင့် သေဆုံးခြင်းများဖြစ်နိုင်ပါသည်။
ကုသနည်း
- အရွယ်ရောက်ပြီး ကြက်တစ်ကောင်လျှင် ဘောစကိုင်းရွက် အစိမ်း(၂)ဂရမ်( ဇီးသီးခန့်)ကို တစ်ရက်လျှင် ၂ ကြိမ်နှုန်းဖြင့် ၂ ရက်ဆက် တိုက်ကျွေးခြင်းဖြင့် သန်ချနိုင်သည်။
- ဘောစကိုင်းရွက်၊ နာနတ်ရွက်တို့ကို အမှုန့်လုပ်၍ ကြက်စာတွင် ထည့်သွင်းကျွေးမွေးခြင်းဖြင့်လည်း ကုသနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မချ။ိချ။ိမြင့်
လွန်ခဲ့သော ၃ နှစ် ကနွားအစားမစားလို့ပါမေးချင်လို့ပါ
HLa Myo Tun
လွန်ခဲ့သော ၃ နှစ် ကဆေးတိုက်နည်း
HLa Myo Tun
လွန်ခဲ့သော ၃ နှစ် ကhi
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကကြက်နှင့်ပတ်သက်၍အခြားရောဂါများရှိရင်ပြောပြပေးပါရှင့်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး