ကူးစက်မြန် သေနှုန်းမြင့် ကြက်လည်လိမ်ရောဂါကို ကာကွယ်ကုသနည်း
ကြက်မွေးမြူရေးလုပ်ငန်း အောင်မြင်မှုကို အဟန့်အတားဖြစ်စေသည့် အကြောင်းအရာများအနက် ကူးစက်ရောဂါသည် အဓိက ပါဝင်လျက်ရှိသည်။ ကူးစက်ရောဂါများကို မဖြစ်ပွားမီ ကြိုတင်ကာကွယ်မှုလုပ်ငန်းသည် အကောင်းဆုံးလုပ်ရပ် ဖြစ်သည်။
ယင်းကဲ့သို့ ကူးစက်တတ်သော ရောဂါများထဲမှ ကြောက်စရာကောင်းသည့် ရောဂါတစ်မျိုးဖြစ်သည့် ကြက်လည်လိမ်ရောဂါကို ကာကွယ်ကုသနည်းအကြောင်းကို ဖော်ပြပေးလိုက်ပါသည်။

ရောဂါကူးစက်ပျံ့နှံ့ပုံ
- ကြက်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပျံ့နှံ့ခြင်းကြောင့် ရောဂါဖြစ်ပွားသည်။
- ရောဂါကူးစက်ပြန့်ပွားမှု လျင်မြန်ပြီး သေဆုံးမှုနှုန်းမြင့်မားသော ရောဂါတစ်မျိုးဖြစ်သည်။
- ရောဂါဖြစ်ပွားသည့်ကောင်ရေ၏ ရာနှုန်းပြည့် သေဆုံးနိုင်သည်။
- ကြက်များကို ကာကွယ်ဆေးထိုးနှံပေးခြင်းထားပေးခြင်း မရှိလျှင် အရွယ်မရွေးရောဂါ ဖြစ်ပွားသေဆုံးနိုင်သည်။
ရောဂါလက္ခဏာများ
- ရောဂါဝင်ရောက်ကူးစက်တတ်သော ကြက်များသည် မှိုင်ခြင်း၊ အသက်ရှူနှုန်းမြန်ခြင်း၊ အင်အားချိနဲ့ခြင်းများဖြစ်ပွားလျက် နောက်ဆုံး၌ အင်အားကုန်ခန်းပြီး သေဆုံးသွားသည်။
- အချို့သော ရောဂါဖြစ်ပွားသည့် ကြက်များသည် မျက်နှာရောင်ရမ်းခြင်းဖြစ်ပြီး အစိမ်းရောင်ဝမ်းပျော့များ သွားသည်။
- အခြားတွေ့ရသောလက္ခဏာများမှာ အာရုံကြောဆွဲခြင်း၊ လည်ပင်းလိမ်ခြင်းများ တွေ့ရသည်။
ကာကွယ်ခြင်းနှင့်ကုသခြင်း
ဤရောဂါကို ကြိုတင်ကာကွယ်ဆေး မျက်စဉ်းခပ်ပေးခြင်း (သို့မဟုတ်) ထိုးနှံပေးခြင်းဖြင့် ရောဂါကာကွယ်ထားနိုင်သည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ အကြံပြုချက်
- အပူဒဏ်ခံ ကြက်လည်လိမ်ရောဂါကာကွယ်ဆေး (I2) ကို ရက်သားကြက်ငယ်မှစ၍ အရွယ်မရွေး အသုံးပြုနိုင်သည်။ ကြက် (၁) ကောင်လျှင် ဆေးတစ်စက်နှုန်း မျက်စဉ်းခတ်ပေးရသည်။ ကြက်များကို (၄) လတစ်ကြိမ် မျက်စဉ်းခတ်ပေးခြင်းဖြင့် ရောဂါကာကွယ်နိုင်သည်။
- ‘K’ အသားဆေးထိုးပေးခြင်းဖြင့်လည်း ရောဂါကာကွယ်နိုင်သည်။ (၆) လ တစ်ကြိမ်ထိုးရန် လိုသည်။
( Food Security Working Group မှ ထုတ်ပြီး မွေးမြူရေးပညာရှင် ဒေါက်တာစောပလယ်စော (ဒုတိယပါမောက္ခချုပ်(ငြိမ်း)) ရေးသားထားသည့် ‘ မြန်မာ့တိုင်းရင်းကြက် မွေးမြူနည်းလမ်းညွှန်’ စာအုပ်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှရေးသားသည့် ‘ တိုင်းရင်းကြက်မွေးမြူရေး ပိုမိုတိုးတက်အောင်မြင်စေရန် မွေးမြူနည်းစနစ်များ’ ဆောင်းပါးတို့မှကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။)
(မြန်မာ့တိုင်းရင်းကြက် မွေးမြူရေးနှင့်ပတ်သက်၍ အသေးစိတ် ပြည့်ပြည့်စုံစုံပါဝင်သော ‘ မြန်မာ့တိုင်းရင်းကြက် မွေးမြူနည်းလမ်းညွှန်’ စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
thaw
လွန်ခဲ့သော ၆ လ ကလူသုံးတဲ့မျက်စဥ်းဆေးပဲလာရှင့် ကြက်တွေအတွက်သီးသန့်ရောရှိလား
ငသက်
လွန်ခဲ့သော ၃ နှစ် ကကာကွယ်နည်းပဲပါပြီး ရောဂါဖြစ်နေချိန်ကုသနည်းရောမရှိဘူးလားဗျာ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....