နွားများတွင်ဖြစ်တတ်သော ကိုယ်တွင်းမှ ရေဓါတ်ခမ်းခြောက်ခြင်း ပြဿနာ
ကျွဲ၊ နွားများတွင် ရေသောက်နိုင်သည့် ပမာဏထက် ကုန်ခမ်းသော ပမာဏက များလာလျှင် ခန္ဓာကိုယ်အတွင်း ရေခမ်းခြောက်မှုများဖြစ်ပေါ်လာပါသည်။
ရောဂါဖြစ်ရသည့် အကြောင်းအရင်းများ
၁။ အပူကြောင့်ဖြစ်သော ဝန်းကျင်ဖိစီးမှုဒဏ်ကို ခံစားရခြင်း။
၂။ ရေသောက်နည်းခြင်း။
၃။ နာတာရှည်ရောဂါ ခံစားရခြင်း။
၄။ ဝမ်းပျက်ခြင်း။
၅။ ဆီးလမ်းကြောင်းတွင် ရောဂါပိုးရှိခြင်း။
၆။ အစာလမ်းကြောင်းတွင် တစ်စုံတစ်ခု ဆို့နေခြင်းကြောင့် ရေသောက်၍ မရခြင်း။
၇။ ဒဏ်ရာကြီးများရှိနေပါက ဒဏ်ရာမှ သွေးထွက်များခြင်း။
၈။ မီးလောင်ခံရခြင်း သို့မဟုတ် ဓာတုပစ္စည်းတစ်မျိုးမျိုး အဆိပ်သင့်ခြင်း။
ရောဂါလက္ခဏာများ
၁။ ရေငတ်ပြီး အားအင်ကုန်ခမ်းလာသည်။
၂။ မျက်တွင်းများ ချိုင့်ဝင်သွားသည်။
၃။ အရေပြားများ ခြောက်လာသည်။ တွန့်ခေါက်လာသည်။ မာကျောလာသည်။
၄။ မစင်များ ခြောက်လာသည်။
၅။ မစင်များ နည်းလာသည်။
၆။ ဆီးနည်းသည်။ အရောင်ရင့်လာသည်။
ကျွဲ၊ နွားများတွင် ရေခမ်းခြောက်ခြင်းဝေဒနာကို လွယ်ကူစွာ စမ်းသပ်သိရှိနိုင်ပါသည်။ ကျွဲ၊ နွား၏ လည်ပင်းနေရာမှ အရေပြားကို လက်မ လက်ညှိုးဖြင့် ညှပ်၍ ဆွဲတင်ပြီး ထိုအရေပြားမှာ ဖြည်းဖြည်းသာ ပြန်ကျသွားသည်ကို တွေ့ရပါက ရေခမ်းခြောက်နေပြီဆိုတာ သိနိုင်ပါသည်။
ကာကွယ်ခြင်း
၁။ ကျွဲ၊ နွားများအတွက် သောက်ရေအလုံအလောက် စီမံထားရပါမည်။
၂။ ကျွဲ၊ နွားများ ကျက်စားနေထိုင်ရာတွင် သောက်ရေလွယ်ကူစွာ ရရှိအောင် ထားရပါမည်၊
၃။ ကျွဲ၊ နွားများကို နေရောင်အောက်တွင် အချိန်ကြာရှည်စွာ ချည်နှောင်မထားရပါ။
၄။ ကျွဲ၊ နွားများ နေထိုင်ရာနေရာသည် သန့်ရှင်းနေစေရပါမည်။
၅။ ကျွဲ၊ နွားများကို ဝမ်းပျက်စေနိုင်မည့် အကြောင်းများကို ရှောင်ရှားရပါမည်။
ကုသခြင်း
၁။ ဆန်ဆေးရည် ၁လီတာတွင် ဆား လက်ဖက်စားဇွန်း ၁ ဇွန်း ဖျော်ပြီး တစ်ရက်လျှင် ၂ ကြိမ် ၃ ကြိမ် ကို ရောဂါလက္ခဏာပျောက်သည်အထိ တိုက်ပါ။
၂။ ရေ (၁) လီတာတွင် ဆား လက်ဖက်စားဇွန်း (၂)ဇွန်း၊ စားဆော်ဒါ လက်ဖက်စားဇွန်း တစ်ဝက်၊ သကြား လက်ဖက်စားဇွန်း (၄) ဇွန်းဖြင့် ဖျော်ပြီး ထိုဖျော်ရည် (၂) လီတာမှ (၄) လီတာကို တစ်ရက်လျှင် (၂) ကြိမ်မှ ၃ကြိမ် ခွဲတိုက်ပါ။ ရောဂါလက္ခဏာ ပျောက်ကင်းသည်အထိ တိုက်ရပါမည်။
၃။ အုန်းစိမ်းရည်ကို ရောဂါ ပျောက်သည်အထိ တစ်ရက် (၂)ကြိမ်၊ (၃)ကြိမ် တိုက်ပေးရပါမည်။
၄။ ပျဥ်းကတိုးခေါက် ၁ ကီလို၊ ပေါက်ပန်းဖြူခေါက် (၁) ကီလို ကို ရေ (၃)လီတာဖြင့် ပြုတ်ပါ။ ပြုတ်ရည် (၂)လီတာကို တစ်ရက်လျှင် (၂)ကြိမ်၊ (၃)ကြိမ် ခွဲ၍ တိုက်ပါ။ (၄)ရက်ဆက်တိုက်, တိုက်ရပါမည်။
၅။ လက်ဖက်ရည်ကြမ်း ကျကျ ၂ လီတာတွင် သကြား လက်တစ်ဆုပ် ထည့်ဖျော်ပြီး အေးသောအခါတစ်ရက် (၂) ကြိမ်၊ (၃)ကြိမ်ကို (၃)ရက်ဆက်တိုက်, တိုက်ရပါမည်။
၆။ ဥသျှစ်သီးအစိမ်း၊ အရွက်၊ အပွင့်၊ အမြစ်၊ အခေါက် လက်တစ်ဆုပ်စီကို စဥ်းပြီး ရေ ၂ လီတာတွင် ပြုတ်ပါ။ နာရီဝက်ခန့် ဆူအောင်ပြုတ်ပြီး အအေးခံပြီးမှ ထိုပြုတ်ရည် (၁) လီတာကို ကျွဲ၊ နွား များအား နေ့စဥ်တိုက်ပါ။ ရောဂါပျောက်ကင်းသည်အထိ တိုက်ရပါမည်။
ဦးဇော် (dof)
ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....