သိုး၊ ဆိတ်များတွင် အဖြစ်များသော လေပွရောဂါကို ကာကွယ်ကုသနည်း
ကျွဲ၊ နွား၊ သိုး၊ ဆိတ်အပါအဝင် စားမြုံ့ပြန်သတ္တဝါများတွင် အစာအိမ် ၄ ခု ရှိကြသည်။
ထိုအစာအိမ် ၄ ခုအနက် ရူမင်(rumen)အစာအိမ်ဟု အမည်တွင်သော အစာအိမ်မှာ အကြီးဆုံးဖြစ်ပြီး အစာအိမ်ထုထည်အားလုံး၏ ၈၀ ရာခိုင်နှုန်း ရှိကြသည်။
ထိုရူမင်အစာအိမ်အတွင်းရှိ ဓာတ်ငွေ့များ ပုံမှန်အတိုင်း လေပြန်မတက်နိုင်ခြင်းကို လေပွခြင်း(Bloat)ဟု ဆိုလိုပါသည်။
ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းများမှာ -

သိုး၊ ဆိတ်များ လေပွရောဂါဖြစ်ရသည့် အကြောင်းရင်း (၂)မျိုး ရှိနိုင်သည်။
၁။ ပထမတစ်ခုမှာ အစာရေမျိုတွင် အရာဝတ္ထုတစ်ခုခု ပိတ်ဆို့မှုကြောင့်ဖြစ်သည်။
၂။ ဒုတိယတစ်ခုမှာ သိုး၊ ဆိတ်တို့၏ ရူမင်အစာအိမ်အတွင်း အမြှုပ်များဖြစ်ပေါ်လာမှုကြောင့် ဓာတ်ငွေ့များပြင်ပသို့ မထွက်ရှိနိုင်ခြင်းဖြစ်သည်။
အမြှုပ်များသည် ရူမင်အစာအိမ်အကန့် ရှိ အစာချေအဏုဇီဝပိုးများနှင့် မရင်းနှီးသော အစားအသောက်အသစ်များ(အထူးသဖြင့်- အရွက်နုများ)နှင့် အစာနုများအား လိုသည်ထက်ပို၍ စားသောက်မှုကြောင့်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အဆိုပါ လေပွရောဂါသည် ကူးစက်ရောဂါမဟုတ်သောကြောင့် တိရစ္ဆာန်တစ်ကောင်နှင့်တစ်ကောင် မကူးစက်နိုင်ပါ။
ရောဂါလက္ခဏာများမှာ -
- ခန္ဓာကိုယ်ဘယ်ဖက်ခြမ်းတွင် ဝမ်းဗိုက်တင်းကားထွက်လာသည်ကို တွေ့နိုင်ပါသည်။
- တိရစ္ဆာန်သည် သက်သောင့်သက်သာ မရှိဘဲ အသက်ရှူရခက်ခဲသည်ကိုလည်း တွေ့ရနိုင်သည်။
ကာကွယ်ခြင်း
- အစာသစ်တစ်မျိုးမျိုးကို ကျွေးပါက ဖြည်းဖြည်းနှင့် နည်းနည်းချင်း တိုးကျွေးသွားရပါမည်။
ကုသမှုအနေဖြင့် -
- ပိတ်ဆို့မှုကြောင့်လေပွပါက အစာရေမျိုအတွင်းသို့ ရာဘာပိုက်ဖြင့် ထိုး၍ ပိတ်ဆို့နေသောအရာကို ရူမင်အစာအိမ်အတွင်းသို့ ထိုးချရပါမည်။
- အမြှုပ်ကြောင့်ဖြစ်သော လေပွခြင်းကို ဆီတိုက်၍ သက်သာအောင် ဆောင်ရွက်နိုင်ပါသည်။
- အခြေအနေအရမ်းဆိုးပြီး အရေးပေါ်အခြေအနေဖြစ်ပါက ဝဲဖက်ဝမ်းဗိုက်နံရံရှိ Paralumbar fossa အား ဖောက်ပစ်ရန် လိုအပ်နိုင်ပါသည်။
- သို့သော် ထိုသို့ဖောက်ပါက နောက်ပိုင်းတွင် ဆေးဝါးကုသမှုများ ဆက်လက်ပြုလုပ်ရန်လိုအပ်ပါလိမ့်မည်။
ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့်-
အဓိကနည်းလမ်း ၂ သွယ်ရှိပါသည်။
- ပထမနည်းလမ်းမှာ တိရစ္ဆာန်များအား ရောဂါဖြစ်စေသော အဏုဇီဝပိုးမွှားများနှင့် ထိတွေ့မှုကို လျှော့ချပေးခြင်း ဖြစ်ပါသည်။ ထိုသို့လျှော့ချနိုင်ရန်အတွက် သန့်ရှင်းရေးနှင့် ဇီဝလုံခြုံ မှုအား အလေးပေးသည့် ကောင်းမွန်သောစီမံခန့်ခွဲမှု ရရှိရန် လိုအပ်မည်ဖြစ်ပါသည်။
- ဒုတိယနည်းလမ်းမှာ တိရစ္ဆာန်များ၏ရောဂါဒဏ် ခံနိုင်ရည်အား မြှင့်တင်ပေးရန်ဖြစ်ပါသည်။ ထိုသို့ ရောဂါဒဏ်ခံနိုင်ရည် မြင့်တက်လာစေရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းနှင့် အာဟာရပြည့်ဝသော အစားအစာများကျွေးမွေးခြင်း၊တိရစ္ဆာန်များအား ဒဏ်(Stress)လျော့နည်းအောင်ဆောင်ရွက်ပေးခြင်းတို့ကို တွဲဖက်ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။
- ဒဏ်ဟုဆိုရာတွင် စိုစွတ်လွန်းခြင်း၊ ပူလွန်းအေးလွန်းခြင်း၊ အစာလုံလောက်စွာ မကျွေးမွေးခြင်း၊ ခြံကျပ်လွန်းခြင်း၊ ရေလုံလောက်စွာ မသောက်ရခြင်းအပြင် အခြားအချက်များစွာ ပါဝင်ပါသည်။
အထက်ဖော်ပြပါအချက်များကို ဂရုပြုဆောင်ရွက်ပေးခြင်းဖြင့် ရောဂါကျရောက်မှု အတော်များများကို လျှော့ချနိုင်မည်ဖြစ်ပါသည်။
ထိုသို့ ကြိုတင်ပြုပြင်ဆောင်ရွက်ပေးခြင်းသည် ရောဂါဖြစ်မှ ကုသခြင်းထက် ပိုမိုထိရောက်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မောင်စိုးသိန်း
လွန်ခဲ့သော ၁၁ လ ကဘယ်လိုလုပ်ရမလဲပုံနှစ်ပြရန်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....