ဝက်မွေးသူတွေ သတိပြုသင့်တဲ့ ဝက်နားရွက်ပြာရောဂါ
ဝက်နားရွက်ပြာရောဂါကို PRRS (Porcine Reproductive and Respiratory Symdrome)ဟု ခေါ်ပါသည်။ ကူးစက်မြန်ပြီးရောဂါပြင်းထန်သဖြင့် ဝက်မွေးမြူသူများဂရုပြုသင့်သော ရောဂါတစ်မျိုးဖြစ်ပါသည်။
ရောဂါဖြစ်ပွားသည့်အကြောင်းအရင်း
- ဝက်နားရွက်ပြာရောဂါကို ဖြစ်စေသော ဗိုင်းရပ်စ်မှာ RNA ဗိုင်းရပ်စ်အမျိုးအစားဖြစ်ပြီး ဥရောပမျိုးကွဲနှင့် မြောက်အမေရိကမျိုးကွဲဟူ၍ ၂ မျိုး ရှိကြသည်။
- အာရှနိုင်ငံအများစုတွင် မြောက်အမေရိကမျိုးကွဲ၌ပါဝင်သည့် တရုတ်မျိုးစိတ်ကြောင့် ဖြစ်ပွားကြောင်း တွေ့ရှိရပါသည်။
- ဝက်နားရွက်ပြာရောဂါသည် အသက်ရှူလမ်းကြောင်းများ၌ ဖြစ်ပွားတတ်ပြီး ဝက်၏ နှာရည်၊တံတွေး၊ ဆီး၊ ကျင်ကြီးနှင့် သုတ်ပိုးတို့မှတဆင့် ကူးစက်ပျံ့နှံ့စေနိုင်ပါသည်။
ရောဂါကူးစက်နှုန်း
- ဝက်အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ရောဂါကူးစက်မှုနှုန်း ၅၀% မှ ၁၀၀% အထိ ရှိသည်။
- နို့စို့ဝက်ငယ်နှင့် ဝက်ငယ်ကလေးများတွင် သေပျောက်နှုန်း ပိုမိုများပြားပါသည်။
- မျိုးဝက်မကြီးများတွင် ကူးစက်ဖြစ်ပွားပါက သားလျှောခြင်း၊ အသေမွေးခြင်းများ ဖြစ်ပွားစေသဖြင့် ဆုံးရှုံးမှုများပြားစေပြီး ဂရုစိုက်သင့်သော ရောဂါတစ်ခုဖြစ်သည်။
ရောဂါလက္ခဏာများ

- ရောဂါဖြစ်ပွားသောဝက်သည် အစာစားပျက်သည်။
- ဖျားနာသည်။
- ကိုယ်အပူချိန် ၄၀ မှ ၄၂ ဒီဂရီစင်တီဂရိတ်အထိ ရှိလာမည်။
- နှာရည်ယိုခြင်း၊ နှာချေခြင်းများ ဖြစ်လာမည်။
- အသက်ရှူကျပ်ပြီး မျက်မြှေးရောင်ခြင်း၊ မျက်စိနာခြင်းများ ဖြစ်လာမည်။
- အရေပြားများ နီလာပါမည်။
- နားရွက်၊ ဝမ်းဗိုက်နှင့် အမတန်ဆာများတွင် အနီရင့်ရောင်၊ အပြာရောင်အကွက်များ ဖြစ်လာပါမည်။
- ဝမ်းလျှောတတ်ပါသည်။
- ခန္ဓာကိုယ်ဒယီးဒယိုင်ဖြစ်၍ နောက်ပိုင်းမသန် ချိနဲ့လာပါမည်။
- ဝက်မကြီးများတွင် သားလျှောခြင်း၊ သားပျက်ခြင်း၊ အသေမွေးခြင်း၊အင်အားချိနဲ့သော ဝက်ကလေးများမွေးခြင်း၊ အသေအခြောက်ကလေးများ မွေးတတ်ပါသည်။
ကုသခြင်း
- ဝက်နားရွက်ပြာရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်၍ ကုသရန်ဆေးမရှိပါ။
- အခြားနောက်ဆက်တွဲရောဂါများ မဖြစ်ပွားအောင်သာ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ အာဟာရပြည့်ဝသည့် အစာနှင့် ရေကို ကျွေးမွေးတိုက်ကျွေးခြင်းဖြင့် ဆုံးရှုံးမှု လျော့ပါးစေနိုင်ပါသည်။
- ရောဂါဖြစ်ပွားသည့်ဝက်နှင့် ၎င်းဝက်၏အညစ်အကြေးများ၊ အစာကြွင်းအစာကျန်များတွင် ရောဂါ ပိုးပါရှိနိုင်သဖြင့် ၄င်းပစ္စည်းများ၊အညစ်အကြေးများကို စနစ်တကျသုတ်သင်ရှင်းလင်းနိုင်ရန် လိုအပ်ပါသည်။
ကာကွယ်ခြင်း
- ရောဂါဖြစ်ပွားသောဝက်ကို နေရာရွှေ့ပြောင်းခြင်းမပြုဘဲ အတူနေနေသော ကျန်းမာသည့်ဝက်များကိုသာရွှေ့ပြောင်းမွေးမြူရပါမည်။
- ရောဂါဖြစ်ပွားသော ခြံနေရာနှင့် ပတ်လည်တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ မွေးမြူရေးခြံသုံး ပိုးသတ် ဆေးဖျန်းခြင်းများပြုလုပ်ရပါမည်။
- ရောဂါဖြစ်၍ သေဆုံးသောဝက်ကို ပိုးသတ်ဆေးဖျန်း၍ ၆ ပေအနက်ကျင်းတူး၍ မြှုပ်ရပါမည်။ ဖြစ်နိုင်ပါက မီးရှို့ဖျက်ဆီးခြင်းသည် အကောင်းဆုံးဖြစ်သည်။
- တစ်ပိုင်တစ်နိုင်ဝက်မွေးမြူသူများသည် ခြံလှောင်မွေးမြူခြင်းထက် လွှတ်ကျောင်း၍မွေးတတ်ပြီး လွှတ်ကျောင်းမွေးမြူသူများတွင် အများဆုံးဖြစ်ပွားကြောင်း တွေ့ရပါသည်။
- ဝက်စာကိုစနစ်တကျစပ်၍ ကျွေးသူများတွင် ဖြစ်ပွားမှုနည်းသည်။
- စားသောက်ဆိုင်များမှာ အစာကျန်များကိုစု၍ကျွေးသူများတွင် ဖြစ်ပွားမှု ပိုမိုများပြားပါသည်။
- ဖြစ်နိုင်ပါက အစာကျန်များကို ပွက်ပွက်ဆူအောင်ပြုတ်၍ အအေးခံပြီးမှကျွေးလျှင် ရောဂါဖြစ်ပွားမှု လျော့ကျစေနိုင်မည်ဖြစ်ပါသည်။
ကာကွယ်ဆေး
- ဝက်နားရွက်ပြာရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ကာကွယ်ဆေးထိုး၍ ရပါသည်။
- သို့သော် ကာကွယ်ဆေးသည် ဖော်စပ်ထားသည့် ဗိုင်းရပ်စ်မျိုးကွဲတစ်ခုတည်းကိုသာ ကာကွယ်ပေးနိုင်ပြီး အခြားပိုးမျိုးကွဲဝင်ရောက်လာပါက ကာကွယ်မှု မပေးနိုင်ပါ။
- ပိုးအရှင်သုံးကာကွယ်ဆေးထိုးထားသည့် ဝက်များသည် ဗိုင်းရပ်စ်ပိုးအရှင်များ ပြန်လည်စွန့်ထုတ်တတ်ကြသည်။
- သို့ဖြစ်၍ ကာကွယ်ဆေးအသုံးပြုမှုကို အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
toetoe
လွန်ခဲ့သော ၃ နှစ် ကအသက်ရှူကြပ်နေသောဝက်ကိုဘယ်လိုပြုစုသင့်ပါလည်းဖြေကြားပေးပါ
မောင်ဆမ်း
လွန်ခဲ့သော ၃ နှစ် ကthanks
Tun Tun Lwin
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးအများကြီးတင်ပါတယ် ဆရာ facebook အကောက် ရှိလားဆရာ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး