ဝက်ဘက်တီးရီးယားရောဂါနှင့် ဝက်များရောဂါမကျအောင် ကာကွယ်နည်းများ
ဝက်မွေးမြူသူများအနေဖြင့် မိမိတို့မွေးမြူထားသောဝက်များ မည်သို့မည်ပုံ ရောဂါကျရောက်တတ်သည်ကို သိရှိထားရန်လိုပါသည်။

ဝက်များရောဂါဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းများမှာ ..
- ၁။ ရောဂါပိုးမွှား အမျိုးမျိုးဝင်ရောက်ခြင်း၊
- ၂။ ကိုယ်တွင်းဖြစ်စဥ်များ ချို့ယွင်းခြင်း(သို့)ပြောင်းလဲသွားခြင်း၊
- ၃။ ပြင်ပမှထိခိုက်ဒဏ်ရာ ရရှိခြင်း၊
- ၄။ အာဟာရချို့တဲ့ခြင်း၊
- ၅။ ပတ်ဝန်းကျင်မှ သဘာဝဖိစီးမှုဒဏ်များ ရရှိခြင်း၊
- ၆။ အဆိပ်ဖြစ်စေသော အစာများ စားသုံးမိခြင်း၊
- ၇။ မွေးရာပါချို့ယွင်းချက်ရောဂါများ ပါရှိလာခြင်း၊
- ၈။ မသန့်ရှင်းသောလေကို ရှူရှိုက်မိခြင်း၊
- ၉။ ကာကွယ်ဆေးထိုးနှံမှု မရှိခြင်း စသည့်အချက်များကြောင့် ဖြစ်သည်။
ဝက်များတွင် ဖြစ်ပွားလေ့ရှိသောရောဂါများထဲမှ ယခုဖော်ပြမည်မှာ Pasteurella ဘက်တီးရီးယားကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါအကြောင်းဖြစ်သည်။ ယခုရောဂါကို အဓိကဖြစ်စေခြင်းမှာ Pasteurella multocida ဟု ခေါ်သော ဘက်တီးရီးယားကြောင့် ဖြစ်သည်။
ရောဂါဖြစ်ပွားစေသည့် အကြောင်းရင်း
အဆိုပါရောဂါသည် အဆုတ်အအေးမိခြင်း(Pneumonia)ကို အဓိကဖြစ်ပွားစေပြီး အချို့အခြေအနေများတွင် နောက်ဆက်တွဲရောဂါအနေဖြင့် ဝင်ရောက်လာတတ်ပါသည်။ (ဥပမာ-ဝက်နားရွက်ပြာရောဂါဖြစ်ပွားနေသောဝက်တွင် နောက်ဆက်တွဲရောဂါအနေဖြင့် ဝင်ရောက်ခြင်း)
ရောဂါလက္ခဏာများ
ရုတ်တရက်ရောဂါဝင်ရောက်လာပါက ..
- အပူချိန်မြင့်တက်ခြင်း၊
- အသက်ရှူမြန်ခြင်း၊
- နားရွက်များအေးစက်ခြင်း၊
- အရောင်ဖျော့လာခြင်း၊
- အဆုတ်အအေးမိခြင်း
စသည်တို့ကို တွေ့ရပြီး သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။ထို့ပြင် ချောင်းဆိုးခြင်း၊ ပိန်ချုံးခြင်း၊ နှလုံးဖုံးအမြှေးပါးရောင်ခြင်းတို့ကိုလည်း တွေ့ရနိုင်ပါသည်။
ကုသခြင်းနှင့် ကာကွယ်ခြင်း
- ဝက်ရောဂါအများအပြားတွင် နောက်ဆက်တွဲရောဂါအဖြစ် ဝင်ရောက်လေ့ရှိသောကြောင့် ပဋိဇီဝဆေးဖြင့် ကုသနိုင်ပါသည်။
- ကာကွယ်ဆေးထိုးခြင်းဖြင့်လည်း ကာကွယ်ပေးနိုင်ပါသည်။
ဝက်များရောဂါမဖြစ်စေရန် လိုက်နာသင့်သည့်အချက်များ
- ၁။ အဆောက်အဦကို နေရောင်ခြည်ကောင်းစွာရရှိအောင် စီမံခြင်း၊
- ၂။ လေဝင်လေထွက် ကောင်းမွန်၍ ခြောက်သွေ့သန့်ရှင်းသော အခင်းများဖြစ်ခြင်း၊
- ၃။ ရာသီဥတုအေးလွန်းသည့်အချိန်တွင် အနွေးဓာတ်ရရှိအောင် ဆောင်ရွက်ပေးခြင်း၊
- ၄။ ကြမ်းခင်းများ ခြေချော်မှုမရှိစေရန် စီမံပေးခြင်း၊
- ၅။ အာဟာရဓာတ်ပြည့်ဝသောအစာကို လုံလောက်စွာ ကျွေးပေးခြင်း၊
- ၆။ ခြံသန့်ရှင်းရေးနှင့် ပိုးသတ်ဆေးပက်ဖျန်းခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခြင်း၊
- ၇။ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးခြင်း၊
- ၈။ ပဋိဇီဝဆေးများကို တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်း တိုက်ကျွေးခြင်းတို့ဖြစ်ပါသည်။
ကာကွယ်ဆေးထိုးရမည့်အစီအစဥ်
ရောဂါအမည် အသက်(ရက်) ကာကွယ်မှုသက်တမ်း
ဝက်ဝမ်းကျ ၄၅ ၁ နှစ်
ဝက်ပုလိပ် ၆၅ ၆ လ
ခွာနာလျှာနာ ၆၀ ၁ နှစ်
ဝက်ခြံအတွင်းကူးစက်ရောဂါများ ဝင်ရောက်လာပါက ဆောင်ရွက်ရန်နည်းလမ်းများ
- ၁။ ရောဂါပိုးများကူးစက်ရာတွင် ၁ ကောင်မှ ၂ ကောင်သို့၊ တစ်ခြံမှ တစ်ခြံသို့ လေမှလည်းကောင်း၊ ရေမှလည်းကောင်း၊ ခြံသို့လာရောက်သောလူမှ လည်းကောင်း အကြောင်းအမျိုးမျိုးဖြင့် ကူးစက်နိုင်ပါသည်။
- ၂။ ဝက်ခြံတစ်ခြံတွင် ရောဂါဖြစ်နေသောဝက်နှင့် အခြားဝက်များကို သီးသန့်ခွဲထားရပါမည်။
- ၃။ သေဆုံးသောဝက်ကို မီးရှို့ပစ်ခြင်း (သို့) တွင်းနက်နက်တူး၍ မြေမြှုပ်ခြင်းများကို ဆောင်ရွက်ရပါမည်။ ရေတွင်မျှောခြင်း၊ အခြားတစ်နေရာသို့ သွားရောက်စွန့်ပစ်ခြင်း မပြုလုပ်ရပါ။
- ၄။ ရောဂါဖြစ်သောဝက်ကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်သွားခြင်း၊ ရောင်းချခြင်း မပြုရပါ။
- ၅။ ရောဂါဖြင့် သေဆုံးသောခြံကို ပိုးသတ်ဆေးများပက်ဖျန်း၍ သန့်ရှင်းရေးပြုလုပ်ပြီး အနည်းဆုံး ၂ ပတ်ကြာမှသာ ဝက်အသစ်ထပ်မံထည့်ရပါမည်။
- ၆။ ဝက်ခြံအတွင်းသို့ ဝက်အသစ်များ မထည့်မီ ၁ ပတ်ခန့် သီးခြားခွဲထားပြီး ရောဂါမရှိကြောင်း သေချာမှသာလျှင် ဝက်ခြံထဲသို့ ထည့်ပါ။
- ၇။ ကူးစက်ရောဂါဟု သံသယရှိပါက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ သတင်းပို့ရမည်ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါ်မိုးမိုးအေး
လွန်ခဲ့သော ၁ နှစ် ကဝက်ကလေး8ရက်လေးဝမ်းသွားပြီးနို့သိပ်မစို့ချင်ဘူး
Ko Ko
လွန်ခဲ့သော ၃ နှစ် ကဆောင်းပါရှည်လေးတင်ပေးပါ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....