လူကိုပါကူးစက်စေသောတိရစ္ဆာန်ရောဂါများ - လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါ (၁)
တိရစ္ဆာန်ကနေလူကို ကူးစက်တတ်တဲ့ရောဂါတွေကို Zoonosis တွေလို့ ခေါ်ကြပါတယ်။ အဲဒီ ရောဂါတွေထဲမှာ အရေးတကြီး ထည့်သွင်းစဉ်းစားကြရတဲ့ ရောဂါတစ်ခုကတော့ လက်ပ်တိုစပိုင်ရိုးဆစ် (Leptospirosis) ဆိုတဲ့ ရောဂါပဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ စိုက်ပျိုးမွေးမြူရေးသမားတွေအတွက် ပိုလို့တောင်အရေးတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ လက်ပ်တိုစပိုင်ရိုးဆစ်ကို အချို့ကလည်း လက်ပ်တို(Lepto) လို့ အတိုချုပ်ခေါ်ကြပါတယ်။

ဘယ်သတ္တဝါတွေမှာ ရောဂါဖြစ်ပွားသလဲ
လက်ပ်တိုစပိုင်ရိုးဆစ် ရောဂါဟာ လူသားတွေအပါအဝင် နို့တိုက်သတ္တဝါအားလုံးနီးပါးမှာ ဖြစ်ပွားနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။
လူတွေနဲ့ နီးစပ်လွန်းလှတဲ့ တိရစ္ဆာန်တွေထဲမှာတော့ နွား၊ ခွေး၊ မြင်း နဲ့ ဝက်တွေဟာ လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါ ပိုပြီး ထင်ထင်ရှားရှား၊ များများစားစား တွေ့ရလေ့ရှိပါတယ်။ ကြောင်တွေကတော့ လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါကို အတော်လေးခံနိုင်ရည်ရှိပြီး ရောဂါကူးစက်ခံရသသည့်တိုင် လက္ခဏာကို သိပ်ပြီး ထင်ထင်ရှားရှား တွေ့ရလေ့မရှိပါဘူး။
တောရိုင်းနို့တိုက်သတ္တဝါတွေဟာလည်း လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါ ဖြစ်ပွားနိုင်ပြီး သူတို့ဆီကနေမှ မွေးမြူရေးတိရစ္ဆာန်တွေဆီ ရောဂါရောက်ရှိလာတာမျိုး ဖြစ်လေ့ရှိပါတယ်။
ကြွက်တွေမှာ လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါ ဖြစ်ပွားမှု အများဆုံးလို့ ပြောလို့ရပါတယ်။ ဒါက မွေးမြူ ရေးအတွက် တကယ့်ပြဿနာပါ။
မွေးမြူရေးခြံမှာ ကြွက်တွေ ခိုအောင်းပွားများနေတတ်ပြီး ကြွက်မှာရှိနေတဲ့ လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါက မွေးမြူထားတဲ့တိရစ္ဆာန်တွေဆီ ရောက်လာနိုင်ပါတယ်။ အဲဒီကမှ နောက်တဆင့်အနေနဲ့ မွေးမြူရေးခြံက လုပ်သားတွေ၊ မွေးမြူရေးသမားတွေဆီကို ကူးစက်လာနိုင်ပါတယ်။
ဘာကြောင့် ရောဂါဖြစ်ပွားသလဲ
ဒီရောဂါဟာ လက်ပ်တိုစပိုင်းရား (Leptospira) လို့ ခေါ်တဲ့ ဗက်တီးရီးယားမျိုးစိတ်တွေကြောင့် ဖြစ်ပွားရတာပါ။ အဲဒီဗက်တီးရီးယားတွေဟာ ဝက်အူရစ်ပုံသဏ္ဍန်ရှိပြီး လေ(အောက်ဆီဂျင်) ရှိမှ အသက်ရှင်နိုင်တဲ့ ဗက်တီးရီးယား (aerobic) တွေ ဖြစ်ပါတယ်။ နောက်ပြီး Gram negative ဗက်တီးရီးယားအုပ်စုထဲမှာ ပါပါတယ်။
မျိုးဗီဇလေ့လာချက်တွေအရ လက်ပ်တိုစပိုင်းရား ဗက်တီးရီးယားတွေကို မျိုးစိတ် ၂၁ ခု အဖြစ် ခွဲခြားနိုင်ပါတယ်။
- မျိုးစိတ် ၆ ခု ဟာ လူနဲ့ တိရစ္ဆာန်တွေကို အန္တရာယ်မပေးနိုင်တဲ့ မျိုးစိတ် (Non-pathogenic) တွေ ဖြစ်ပါတယ်။
- နောက်ထပ် မျိုးစိတ် ၆ ခုကတော့ လူနဲ့တိရစ္ဆာန်တွေကို အလယ်အလတ် နာဖျားစေနိုင်တဲ့ မျိုးစိတ် (Intermediate) တွေ ဖြစ်ပါတယ်။
- ကျန်ရှိတဲ့ မျိုးစိတ် ၉ ခုကတော့ လူနဲ့ တိရစ္ဆာန်တွေမှာ ရောဂါပြင်းပြင်းထန်ထန်ဖြစ်ပွားစေတဲ့ မျိုးစိတ် (Pathogenic)တွေ ဖြစ်ပါတယ်။
ရောဂါကို ဘယ်ဒေသမှာ အများဆုံး တွေ့ရသလဲ
လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါကို ကမ္ဘာ့နေရာအနှံအပြားမှာ တွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ နွေးထွေးပြီး စိုစွတ်တဲ့ရာသီဥတု (warm and moist climate) ရှိတဲ့ဒေသတွေမှာ ပိုပြီးတွေ့ရပါတယ်။ ဆိုလိုတာကတော့ ကမ္ဘာ့အပူပိုင်းဒေသတွေဟာ လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါဖြစ်ပွားဖို့ ပိုမိုသင့်လျော်တဲ့ ဒေသတွေပါ။ မြန်မာနိုင်ငံဟာ အဲဒီဒေသတွေထဲက တစ်ခုအပါအဝင်ပါပဲ။
ရာသီဥတုအေးတဲ့ သမပိုင်းဒေသတွေမှာတော့ လက်ပ်တိုစပိုင်ရိုးဆစ်ကို ရာသီအလိုက်သာ တွေ့ရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ မိုးရေချိန်များတဲ့ ကာလတွေမှာ ရောဂါဖြစ်ပွားမှု ပိုမိုမြင့်မားပါတယ်။
ရောဂါ ဘယ်လိုကူးစက်သလဲ
လက်ပ်တိုစပိုင်းရား ဗက်တီးရီးယားတွေ ကူးစက်ရောက်ရှိနိုင်တဲ့သတ္တဝါတွေ၊ နောက်တနည်းအားဖြင့် သူတို့ရဲ့လက်ခံကောင် (host) တွေဟာ နို့တိုက်သတ္တဝါတွေဖြစ်ပြီး အုပ်စုနှစ်စု ပြန်ခွဲကြည့်နိုင်ပါတယ်။
Maintenance Host - လက်ပ်တိုစပိုင်းရား ဗက်တီးရီးယား မျိုးစိတ်တချို့ဟာ နို့တိုက်သတ္တဝါမျိုးစိတ် တချို့ဆီမှာ ရောက်ရှိကူးစက်နေပေမဲ့ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မပြကြပါဘူး။ သူတို့က ရောဂါပိုးကို ကာလရှည်ကြာ ထိန်းသိမ်းထားကြပါတယ်။ အဲဒီလို လက်ခံကောင်မျိုးကို Maintenance Host လို့ ခေါ်တာပါ။
- Maintenance Host တစ်ကောင်ရဲ့ ဆီး သို့မဟုတ် သန္ဓေသားမွေးဖွားချိန်ကျဆင်းတဲ့ အရည်တွေထဲမှာ လက်ပ်တိုစပိုင်းရား ဗက်တီးရီးယားတွေ ပါဝင်နိုင်ပါတယ်။ အဲဒီအရည်တွေကို အခြား Maintenance Host တစ်ကောင်က ထိတွေ့မိတဲ့အခါ ရောဂါပိုးတွေ ကူးစက်သွားနိုင်ပါတယ်။
- နို့တိုက်သတ္တဝါမိခင်တစ်ကောင်ဟာ Maintenance Host ဖြစ်နေရင် သူ့ရဲ့ နို့ထဲမှာလည်း လက်ပ်တိုစပိုင်းရား ဗက်တီးရီးယားတွေ ပါဝင်နေနိုင်ပါတယ်။ အဲဒီနို့ကို ကလေးငယ်တွေက သောက်စို့တဲ့အခါ ရောဂါပိုးတွေ ကူးစက်သွားနိုင်ပါတယ်။
- တခါတရံတော့ မိတ်လိုက်ရင်းက ရောဂါကူးစက်နိုင်သလို ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်ကနေ သန္ဓေသားဆီကို အချင်းကနေဖြတ်ပြီး ရောဂါပိုး ကူးစက်ရောက်ရှိသွားတတ်ပြန်ပါတယ်။
Incidental Host - လက်ပ်တိုစပိုင်းရား ဗက်တီးရီးယား မျိုးစိတ်တစ်ခုနဲ့ မရင်းနှီးဘဲ ရောဂါမရှိတဲ့သတ္တဝါတစ်မျိုးမျိုးဆီ လက်ပ်တိုစပိုင်းရားဗက်တီးရီးယား ကူးစက်ရောက်ရှိသွားမယ်ဆိုရင်တော့ အဲဒီသတ္တဝါကို Incidental Host လို့ ခေါ်ပါတယ်။ များသောအားဖြင့် ရောဂါကူးစက်ခံရပြီးနောက် ရောဂါလက္ခဏာတွေ ထင်ထင်ရှားရှား တွေ့ရတတ်ပါတယ်။
- များသောအားဖြင့် Maintenance Host တစ်ကောင်ရဲ့ ဆီးထဲမှာ လက်ပ်တိုစပိုင်းရား ဗက်တီး ရီးယား တွေပါဝင်နေပြီး အဲဒီဆီးတွေ ရောနှောနေတဲ့ရေကို သောက်သုံးမိရာကနေ ရောဂါပိုးက Incidental Host ဆီ ကူးစက်ရောက်ရှိတတ်ပါတယ်။
- ရောဂါပိုးတွေဟာ ပါးစပ်၊ နှာခေါင်း အစရှိတဲ့နေရာတွေကနေ ဝင်ရောက်နိုင်သလို အရေပြားပေါ်မှာ ဒဏ်ရာတွေ ရှိနေတဲ့အခါ အဲဒီဒဏ်ရာကနေလည်း ဝင်ရောက်လာနိုင်ပါတယ်။
ရောဂါပိုးက ဘယ်လောက်ခံနိုင်ရည်ရှိသလဲ
လက်ပ်တိုစပိုင်ရိုးဆစ်ရောဂါကို နွေးပြီးစိုစွတ်တဲ့ ဒေသတွေမှာ အတွေ့ရများပါတယ်။ အကြောင်းကတော့ လက်ပ်တိုစပိုင်းရား ဗက်တီးရီးယားတွေက နွေးပြီး စိုစွတ်တဲ့ ပတ်ဝန်းကျင် အခြေအနေကို ကြိုက်နှစ်သက်ကြလို့ပါ။
နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မယ်ဆိုရင်တော့ လက်ပ်တိုစပိုင်းရား ဗက်တီးရီးယားတွေ သေဆုံးသွားနိုင်ပါတယ်။ နောက်ပြီး ခဲသွားလောက်အောင်အထိ အေးမယ်ဆိုရင်လည်း ဗက်တီးရီးယားတွေ မရှင်သန်နိုင်ပါဘူး။ အစိုဓာတ်လုံးဝမရှိဘဲ ခြောက်သွေ့မယ်ဆိုရင်လည်း သေဆုံးသွားမှာ ဖြစ်ပါတယ်။
(လက်ပ်တိုစပိုင်းရား ဗက်တီးရီးယားပိုးတွေက ရောဂါကို ဘယ်လို ဖြစ်ပွားစေသလဲ၊ ဘယ်လိုရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေသလဲဆိုတာကို ဆက်လက်တင်ပြပေးသွားပါမယ်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from ယုဘုန်း
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....