သိုး၊ ဆိတ်များတွင်အဖြစ်များပြီး လူကိုပါကူးစက်စေနိုင်သည့် Anthrax ဟုခေါ်သော ထောင့်သန်းရောဂါ
ထောင့်သန်းရောဂါ(Anthrax)သည် သေစေနိုင်လောက်အောင် ပြင်းထန်သော ရောဂါတစ်မျိုး ဖြစ်ပြီး စားမြုံ့ပြန်သတ္တဝါများတွင် အလွန်ပြင်းထန်စွာဖြစ်ပွားပြီး ဝက်နှင့်အခြားအသားစား တိရစ္ဆာန်များ တွင်မူ ရောဂါပြင်းထန်မှု သိပ်မရှိပါ။
အဆိုပါထောင့်သန်းရောဂါသည် လူသို့လည်းကူးစက်နိုင်ပြီး ကူးစက်ပါက အထူးသဖြင့် အရေပြားတွင် အနာများဖြစ်ပေါ်လာပါသည်။ လူတွင်ဖြစ်ပွားပါက သိသိခြင်း ပဋိဇီဝဆေးဝါးများဖြင့် ကုသနိုင်ပါသည်။
ရောဂါဖြစ်စေသည့် အကြောင်းအရင်းများမှာ
- Bacillus anthracis ဟုခေါ်သည့် လေမရှိမှအသက်ရှင်နိုင်သော ဘက်တီးရီးယားပိုးတစ်မျိုး ကြောင့် ဖြစ်ပွားပါသည်။
- ၄င်းဘက်တီးရီးယားပိုးသည် ပတ်ဝန်းကျင်တွင်အခွံဖြင့် အုပ်ထားသောပုံစံ(Spores)အဖြစ် ဆယ်စုနှစ်များ ကြာအောင် ရှင်သန်နေကြပါသည်။
- အထူးသဖြင့် ယင်းဘက်တီးရီးယားပိုးသည် ရေကြီးသည့်အခါ ဒေသတစ်ခုမှ အခြားတစ်ခုသို့ ပျံ့နှံ့ ရောက်ရှိသွားပါသည်။
- ၄င်း Spores ကို ခံနိုင်ရည်မရှိသောတိရစ္ဆာန်က စားမိသောအခါ ပေါက်ပွားနိုင်သောပုံစံ (Vegetative Form) အဖြစ်သို့ ပြန်လည်၍ ပြောင်းသွားပြီး တိရစ္ဆာန်အား ရောဂါဖြစ်ပွားစေ ပါသည်။
ရောဂါလက္ခဏာများမှာ
- အပြင်းဖျားခြင်း၊
- ငြိမ်သွားခြင်း၊
- ခန္ဓာကိုယ်ဒွါရပေါက်များမှ သွေးများကျဆင်းလာခြင်း စသည်တို့ကိုတွေ့ရပါသည်။
- ထို့နောက် ခန္ဓာကိုယ်အတွင်းသွေးမတိတ်နိုင်ဘဲ သေဆုံးသွားမည် ဖြစ်ပါသည်။
အသေကောင်အား ခွဲစိတ်စစ်ဆေးခြင်း
- အကယ်၍ တိရစ္ဆာန်တစ်ကောင်ကောင် သေဆုံးသွားပြီး ထောင့်သန်းရောဂါဟု သံသယရှိပါက အသေကောင်ကို ခွဲစိတ်ခြင်းလုံးဝမပြုလုပ်သင့်ပါ။ အဘယ်ကြောင့်ဆိုသော ထိုသို့ခွဲစိတ် လိုက်ခြင်းဖြင့် ဘက်တီးရီးယားများသည် Spores အဖြစ်ပြောင်းလဲပြီး ထိုနေရာတွင် နှစ်ပေါင်း များစွာ ဆက်လက်ရှိနေနိုင်သောကြောင့်ဖြစ်ပါသည်။
- ထို့ကြောင့် အသေကောင်အား မီးရှို့ဖျက်ဆီးသင့်ပါသည်။ (သို့မဟုတ်)အနည်းဆုံး ၂မီတာ (၆ပေကျော်) တွင်းကိုတူး၍ တိရစ္ဆာန်အသေကောင်အားထည့်သွင်းကာ ထုံးဖြူးပြီးမှ မြှုပ်နှံသင့် ပါသည်။
- အကယ်၍ အသေကောင်ကို ခွဲစိတ်ကြည့်ပါက သရက်ရွက်သည် ပုံမှန်ထက် ၄-၅ ဆ ပိုကြီး နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။
ရောဂါအား စစ်ဆေးခြင်း
- ရောဂါလက္ခဏာများကို ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်းဖြင့်သိရှိနိုင်ပါသည်။ ရောဂါနမူနာ ရယူရန်အတွက် ဒွါရပေါက်များမှ ကျလာသော အရည်များကို အဝတ်စသန့်သန့်တွင် စိမ့်ဝင်စေပြီး အခြောက်ခံကာ ဖန်ပုလင်း (သို့မဟုတ်)ပလတ်စတစ်ပုလင်း တစ်ခုအတွင်းတွင် ထည့်၍ လုံအောင်ပိတ်ပြီး ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသင့်ပါသည်။
ကာကွယ်ခြင်း
- ကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်းဖြင့် ကောင်းစွာ ကာကွယ်နိုင်ပါသည်။
- မိမိဒေသတွင် ထောင့်သန်းရောဂါကြောင့် တိရစ္ဆာန်များသေဆုံးပြီးပါက နှစ်စဥ်ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် ရောဂါထပ်မံဖြစ်ပွားမှုကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။
ကုသခြင်း
- များသောအားဖြင့် ရောဂါဖြစ်ကြောင်းသိရှိချိန်တွင် အလွန်နောက်ကျနေပြီဖြစ်သဖြင့် ကုသမှုမှာ မထိရောက်သည်ကို တွေ့ရှိရပါသည်။
- သို့ရာတွင် တိရစ္ဆာန်တစ်ကောင် သေဆုံးပြီးနောက် အခြားတိရစ္ဆာန်များကို သေချာစွာစစ်ဆေး၍ ဖျားကာစတွင် ပဋိဇီဝဆေးများ ထိုးနှံပေးနိုင်ပါက ရောဂါဆက်လက် မပြန့်ပွားအောင် ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....