ကြက်တွေသေနေတယ်... ဘာလုပ်ရမလဲ? အပိုင်း (၁)
ကြက်မွေးမြူရတဲ့လုပ်ငန်းမှာ ကြက်နာကျတယ်၊ ကြက်သေတယ်ဆိုတဲ့ ပြဿနာတွေကြုံတတ်ပါတယ်။ ဘာကြောင့်သေတယ်ဆိုတာ သိရရင် အသေရပ်အောင် လုပ်ဖို့နဲ့နောင်အလားတူ မသေဆုံးရအောင် ကာကွယ်ပေးဖို့နည်းလမ်းတွေရှာနိုင်ကြမယ်။ စီမံခန့်ခွဲတာ ပြုစုစောင့်ရှောက်တာတွေမှာ ညံ့ဖျင်းမှုရှိလို့ ကြက်တွေ သေဆုံးမှုတွေရှိနိုင်ပေမဲ့ ပြဿနာအများစုဟာ ကြက်တွေကိုသေစေနိုင်တဲ့ ရောဂါကြောင့်ဖြစ်ရတာပါ။
ရောဂါကြောင့် သေဆုံးတာဆိုရင် ဖြစ်လာတဲ့ရောဂါကို အမြန်ဆုံးကုသပေးနိုင်မှ ဆုံးရှုံးမှုသက်သာစေပါမယ်။ ကုသပေးဖို့အတွက် ပထမဆုံးအဆင့်အနေနဲ့ ဖြစ်နေတဲ့ရောဂါရဲ့ သရုပ်မှန်ကို သိဖို့လိုတယ်။ အနာသိမှ ကုသပေးမဲ့နည်း (ဆေး)ကို ရှာတွေ့နိုင်ပါလိမ့်မယ်။
ကြက်တွေကို သေစေနိုင်တဲ့ ရောဂါတွေကို အကြမ်းဖျင်းအားဖြင့် မကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ကူးစက်တတ်တဲ့ ရောဂါတွေဆိုပြီး အကြမ်းဖျင်းအုပ်စု နှစ်စု ခွဲခြားလို့ရနိုင်တယ်။
မကူးစက်တတ်တဲ့ရောဂါတွေက ကြက်တွေကို အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တစ်မျိုးမျိုးကို ထိမိ၊ ရှူမိဦ စားသောက်မိလို့ ဖြစ်တာတွေ လေမှာပါတဲ့ အဆိပ်ငွေ့ အမိုးနီးယားငွေ့၊ အစာနဲ့ သောက်ရေမှာပါတဲ့ ဓာတုအဆိပ်၊ မှိုဆိပ်၊ ဘက်တီးရီးယားတွေထုတ်တဲ့ အဆိပ်တွေကို ရှုမိစားသောက်မိတဲ့အတွက် ကြက်တွေကို သေစေနိုင်ပါတယ်။ ဒီလိုရှုမိစားသောက်မိတဲ့အတွက် ကြက်တွေရဲ့ ကိုယ်ခံစွမ်းအားကို လျော့ကျသွားတဲ့အချိန်မှာ ဒီအခွင့်အရေးကိုစောင့်နေတဲ့ ကိုယ်တွင်းကိုယ်ပက ရောဂါပိုးတွေ အလွယ်တကူဝင်လာနိုင်လို့ သေဆုံးမှုတွေ ပိုပြီးဖြစ်စေနိုင်ပါတယ်။
ကြက်သေတာ ဘယ်အဆိပ်မျိုးကြောင့်လိုသိရင် အဲ့ဒီအဆိပ်နဲ့ ထပ်မတွေ့ရအောင် ဖယ်ရှားပေးပြီး အသေရပ်အောင် လုပ်လို့ရပါတယ်။ လေထဲကလာတာဆိုရင် လေကိုသန့်အောင် (အဆိပ်ကင်းအောင်) လုပ်မယ်။ အစာမှာပါနေရင် အစာအသစ်ပြောင်းပြီး ကျွေးမယ်။ ရေမှာ ပါမှန်းသိရင် သန့်ရှင်းတဲ့ (အဆိပ်ကင်းတဲ့) ရေကိုသုံးမယ် စတဲ့နည်းလမ်းတွေနဲ့ပါ။
ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း အုပ်စုနှစ်ခု ခွဲကြည့်လိုက်လို့ရနိုင်တယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေက တစ်အုပ်စု၊ ဘက်တီးရီးယား၊ ပရိုတိုဇိုးဝါး၊ မှိုနဲ့ သန်ကောင်လိုရောဂါပိုးတွေက တစ်အုပ်စုဖြစ်ပါတယ်။
ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကုသပေးနိုင်တဲ့ ကုသဆေး (ဗိုင်းရပ်စ်သေနိုင်တဲ့ဆေး) မရနိုင်သေးတဲ့အတွက် ကုသလို့မရတဲ့ ရောဂါတွေကို အကြမ်းဖျင်းပြောနိုင်ပါတယ်။ ဘက်တီးရီးယားစတဲ့ ပိုးတွေပါတဲ့ ဒုတိယအုပ်စုက သူတို့ကိုနိုင်တဲ့ ပိုးသတ်ဆေး၊ သန်ချဆေးစတာတွေ ရှိနေတဲ့အတွက် ကုသလို့ရနိုင်တဲ့ ရောဂါတွေလို့ဆိုနိုင်တယ်။
ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေမှာ အချိန်တိုအတွင်း သေနှုန်းများစေတဲ့ HAPI, ND, IBD, nephrogenic IB လို့ ကူးစက်မြန်ပြင်းထန်တဲ့ ရောဂါတွေရှိသလို ကူးစက်မြန်ပေမဲ့ သူတို့ချည်းသက်သက်က သိပ်များများ မသေစေတတ်တဲ့ LPAI, coryza, ILT, IB လိုရောဂါမျိုးတွေလည်းရှိတယ်။
ဗိုင်းရပ်စ်ရောဂါအများစုအတွက် အစွမ်းထက်တဲ့ကာကွယ်ဆေးတွေရှိတယ်။ ဖြစ်ပွားနိုင်တဲ့ ရောဂါတွေအတွက် ကာကွယ်ဆေးကြိုတင်ပေးထားပြီး ရောဂါမဖြစ်ရအောင် ကာကွယ်ပေးလို့ရပါတယ်။

ကာကွယ်ဆေးတစ်ချို့ဟာ ရောဂါဝင်ဖြစ်စအချိန်မှာ ထိုးပေး၊ တိုက်ပေးရင် ရောဂါတိုးမလာအောင် အသေရပ်သွားအောင် ထိန်းပေးနိုင်စွမ်းရှိကြတယ်။ ဒါကြောင့်ဖြစ်ဆဲရောဂါကို ကာကွယ်ဆေးနဲ့ ကုပေးတဲ့ therapeutic vaccination အဖြစ်အသုံးချနိုင်ပါတယ်။
သွေးဝမ်းရောဂါ၊ မှိုရောဂါ၊ သန်ရောဂါတွေအတွက် ကြိုတင်တိုက်တဲ့ဆေးတွေ၊ ကုသဆေးတွေ ရှိနေတဲ့အတွက် ရောဂါသိရင်ဖြေရှင်းရမခက်နိုင်ပါ။ ဘက်တီးရီးယား ပိုးတွေမှာလည်း ရောဂါပိုးတစ်မျိုးတည်းမှာတင် တချို့က အပျော့စားရောဂါကိုသာ ဖြစ်တတ်ပေမဲ့ တချို့ကပိုပြီး ပြင်းထန်တဲ့ ရောဂါပုံစံဖြစ်စေပြီး သေဆုံးမှုများစေနိုင်တယ်။ သေဆုံးမှုများစေနိုင်တဲ့ ဘက်တီးရီးယားရောဂါတွေအတွက် ကာကွယ်ဆေးတွေ ရနိုင်ပါတယ်။ ကြိုတင်ထိုးနှံပေးထားရင် ရောဂါမဖြစ်အောင် အကာအကွယ်ပေးနိုင်ကြပါတယ်။ ဘက်တီးရီးယားပိုးတွေကိုနိုင်တဲ့ antibiotic ကုသဆေးတွေရှိပါတယ်။ ဒါပေမဲ့ ဆေးတွေသုံးစွဲလာတာ၊ အကြိမ်များလာတာနဲ့အမျှဆေးတွေကို ခံနိုင်ရည်ရှိတဲ့ ပိုးတွေကိုတွေ့လာကြရတယ်။ ကုသမဲ့ဆေးမတိုးတဲ့ ရောဂါတွေကြုံလာရတယ်။ ဒီလိုဆေးမတိုးတဲ့ ရောဂါတွေအတွက် autogenous vaccine တွေထုတ်ပြီး ဖြစ်ဆဲရောဂါကို ကုသပေးတဲ့ therapeutic vaccine အနေနဲ့ အသုံးချလို့ရနိုင်ပါတယ်။ နီးစပ်ရာခြံတွေကို ရောဂါကူးမသွားအောင် ကြိုတင်ကာကွယ်ဖို့အတွက်လည်း ဒီ autogenous vaccine တွေကိုပဲ သုံးပေးကြတယ်။
လက်တွေ့မွေးကြတဲ့အခါ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားပိုးဆိုတဲ့ ရောဂါတွေအတွက် သက်ဆိုင်ရာ ကာကွယ်ဆေးကို ပေးထားပေးမဲ့ ကာကွယ်မှုမရဘဲ ရောဂါဖြစ်တာမျိုးကြုံရတတ်တယ်။ ပိုးအရှင်ပါတဲ့ ကာကွယ်ဆေးကို သိမ်းဆည်းသယ်ဆောင်အသုံးချတဲ့အဆင့်တွေမှာ ချို့ယွင်းချက်ရှိရင် ဖြစ်တတ်ပါတယ်။ ကြက်တွေရဲ့ ကိုယ်ခံစွမ်းအားထုတ်လုပ်ပေးတဲ့ အဖွဲ့အစည်းအားပျော့နေတဲ့ အချိန်မှာဆေးကို သုံးမိလို့ ကြက်တွေက ကောင်းကောင်းမတုန့်ပြန်နိုင်တာကြောင့်လည်း ဖြစ်တတ်တယ်။ ဆေးကပျော့ပြီး ရောဂါက သိပ်ပြင်းလွန်းလို့ ကာကွယ်မပေးနိုင်တာလည်း ရှိနိုင်တယ်။ ဖြစ်လာတဲ့ ရောဂါပိုးနဲ့ ပေးထားတဲ့ကာကွယ်ဆေး အမျိုးအစားကွာခြားချက်ရှိလို့ အပြည့်အဝမကာကွယ်ပေးနိုင်တာလည်း ဖြစ်နိုင်တယ်။ ကာကွယ်မှုမရဘဲ ရောဂါဖြစ်လာခဲ့ရင် မူလကာကွယ်ဆေးကို အဆတိုးပြီး သုံးတာ၊ ပိုးပြင်းတဲ့ ဆေးမျိုးသုံးပေးတာ ပိုးမျိုးကွဲနဲ့ ထုတ်တဲ့ ဆေးကိုရှာသုံးတာ autogenous vaccine ထုတ်ပြီး သုံးတာဆိုတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းကြရပါတယ်။
အပိုင်း(၂) တွင်ဆက်လက်ဖော်ပြပါဦးမည်။
ဒေါက်တာအောင်မြင့်ရေးသားသော “ဆန်းသစ်လာသော ကြက်ရောဂါပြဿနာများ” စာအုပ်မှဆောင်းပါးကောင်းတစ်ပုဒ်ကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ရဝေထွဠ်
လွန်ခဲ့သော ၆ လ ကကျေးဇူးပါဗျာ ကြက်တွေအတွက် ဆင်ချေးကဘယ်လိုအသုံးဝင်လည်းသိချင်လို့ဗျာ
Ye Min Hein
လွန်ခဲ့သော ၁ နှစ် ကကျေးဇုးပါဗျ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....