ငုံးများတွင်ဖြစ်ပွားတတ်သော ရောဂါများ
ငုံးမွေးမြူရေးအကြောင်းကို တင်ပြထားပြီးဖြစ်၍ ငုံးမွေးမြူသူများအနေဖြင့် ငုံးများတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်းကို သိရှိထားရန်လည်း လိုအပ်လှပေသည်။
၁။ ဝမ်းရောဂါ
ငုံးများ အပြင်းဖျားပြီး မှိုင်ကုပ်၍ အစာမစားခြင်း၊ အသက်ရှူခက်ခဲခြင်း၊ မျက်နှာရောင်ရမ်းခြင်း၊ အစိမ်းရောင်ဝမ်းသွားခြင်းများဖြစ်ပေါ်သည့် လက္ခဏာများတွေ့ရသည်။ ရုတ်တရက် သေဆုံးခြင်းများ ဖြစ်နိုင်သည်။ အစာနှင့် ရေတွင် တက်ထွာဆိုက်ကလင်းဆေးထည့်သွင်းကျွေး၍ ကာကွယ်နိုင်သည်။
၂။ ချေးဖြူရောဂါ
ငုံးများ အသက်ရှူကျပ်ခြင်း၊ မှိုင်ကုပ်ခြင်း၊ ဥနှုန်းကျဆင်းခြင်း၊ အဖြူရောင်ဝမ်းသွားခြင်း စသည့်လက္ခဏာများ တွေ့ရသည်။ ငုံးအသက်အရွယ်မရွေး ရောဂါဖြစ်နိုင်သည်။ ဤသို့ဖြစ်ပွားပါက ဆာလ်ဖာမီရာရင်း ၀.၅%(သို့) ဖျူရာဇိုလီဒုန်း ၀.၀၄% (သို့) ကလိုတက်ရာဆိုက်ကလင်း ၁၀၀ မီလီဂရမ်/ ကီလိုနှုန်း ထည့်ကျွေးပါ။
၃။ လည်လိမ်ရောဂါ
ငုံးအရွယ်မရွေးဖြစ်တတ်ပြီး ကူးဆက်မြန်သည်။ ရောဂါပြင်းထန်ပါက လက္ခဏာများမပြဘဲ ရုတ်တရက်သေဆုံးနိုင်သည်။ ရောဂါဖြစ်ပွားပါက အသက်ရှူရာတွင် ချွဲသံကြားရခြင်း၊ မျက်နှာမှာမူ ရောင်၍ မျက်ရည်များကျခြင်း၊ ဥ ဥနှုန်းရုတ်တရက်ကျဆင်းခြင်း၊ ဥခွံများပျော့ခြင်း စသည့်လက္ခဏာများ တွေ့ရသည်။ ရောဂါအပျော့စားဖြစ်ပါက အသက်ရှူခက်ခဲခြင်း၊ မျက်ရည်၊ နှာရည်များကျခြင်း၊ မျက်စိနာခြင်း၊ အစိမ်းရောင်ဝမ်းသွားခြင်းများ တွေ့ရသည်။ လည်လိမ်ရောဂါ ကာကွယ်ဆေးတိုက်ကျွေးရမည်။
၄။ အူရောင်ရောဂါ
ဇီဝလုံခြုံရေးညံ့ခြင်း၊ သန့်ရှင်းမှုမရှိခြင်းတို့ကြောင့် အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပါက မှိုင်ကုပ်နေခြင်း၊ အမွှေးအတောင်များကျခြင်း၊ အစားပျက်၍ ဝမ်းသွားခြင်း၊ ဝမ်းသွားရာတွင် အညိုရောင်နှင့် အဖြူရောင်များသွားခြင်းတို့ကို တွေ့ရမည်။ ရောဂါဖြစ်ပါက အမောက်စလင်(နီရိုမိုင်စင်၊ အင်နိုဖလိုဆာစင်၊ စီပရိုစင်) ဆေးများကို ဆေးညွှန်းအတိုင်း တိုက်ကျွေးရမည်။
၅။ သွေးဝမ်းကျရောဂါ
ငုံးများ အစာစားပြတ်ပြီး ကြီးထွားနှုန်းနှေးသည်။ ငုံးများငြိမ်၍ ကုပ်နေသည်။ ဥ နှုန်းကျဆင်းမည်။ ဝမ်းသွားရာတွင် သွေးများပါမည်။ ပိန်ချုံး၍သေဆုံးနိုင်သည်။ အသက်အရွယ်မရွေး သွေးဝမ်းရောဂါကာကွယ်ဆေး တိုက်ကျွေးထားသင့်သည်။ ရောဂါဖြစ်ပွားပါက သွေးဝမ်းကာကွယ်ဆေးအား သောက်ရေတွင်ထည့်၍ တိုက်ကျွေးနိုင်သည်။
၆။ မားရက်ရောဂါ
ငုံးလတ်အရွယ်တွင် စတင်ဖြစ်ပွားပြီး ငုံးများကုပ်နေခြင်း၊ အစာစားနည်းသွားခြင်း၊ အသက်ရှူမြန်ခြင်း၊ ဘေးတစ်ဖက်သို့စောင်း၍ လဲခြင်း၊ လည်ပင်းလိမ်ခြင်း၊ ဝမ်းသွားခြင်းများဖြစ်ပေါ်မည်။ သေဆုံးမှုအနည်းအများရှိမည်။ မားရက်ကာကွယ်ဆေးထိုးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်သည်။
ဦးဇော် (dof)
ကိုးကား- တိရစ္ဆာန်ရိုးရာကုထုံးစာအုပ်မှကောက်နှုတ်ချက်များ။
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....