ကျွဲ၊ နွား များမှာလည်း အစာအဆိပ် ဖြစ်တတ်ပါတယ်
ယခုအခါတွင် လက်တွန်းထွန်စက်၊ လယ်ထွန်စက်များ အစားထိုး၍ ခေတ်မီလယ်ယာစိုက်ပျိုးရေးစနစ်ကို တိုးချဲ့ဆောင်ရွက်လာနိုင်ပြီဖြစ်သော်လည်း ကျွဲ၊ နွား သုံးစွဲမှုမှာမူ ရှိနေဆဲ တွေ့နေရဆဲ ဖြစ်ပါသည်။ သို့ဖြစ်၍ ခိုင်းကျွဲ၊ ခိုင်းနွားများ အစာကျွေးရာတွင် ကျွေးနေကျ၊ စားနေကျ ဖြစ်သော်လည်း အစာမှ အဆိပ်ဖြစ်တတ်ကြောင်း သိရှိထားရန် လိုအပ်ပေသည်။
မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျွဲ၊ နွားများကို အဓိကအားဖြင့် ပြောင်းပင်၏ အရိုးများကို ကျွေးမွေးကြသည်။ ရှေးယခင်ကစ၍ ယနေ့ထက်တိုင်ကျွေးမွေးလျက် ရှိသည်။ ပြောင်းရိုးကျွေးမွေးရာတွင် ခုတ်စဉ်း၍ ကျွေးမွေးခြင်း၊ အခြားကောက်ရိုး၊ သစ်ရွက်များ၊ မြက်ခြောက်များ၊ မြက်စိုများ ရော၍ ကျွေးမွေးကြသည်။ ပြောင်းရိုးခြောက်များ ကျွေးရာတွင် အနှံထက်ပြီး ပြောင်းရိုးများ အခြောက်လှန်း၍ ကျွေးမွေးကြသည်။
သို့ဖြစ်၍ ကျွဲ၊ နွားပိုင်ရှင်များ အဆိပ်အတောက်ဖြစ်တတ်ခြင်းကို သတိမပြုမိပေ။ သို့သော် အရွယ်မရောက်သေးသော ပြောင်းပင်ပေါက် (အစို) များ စိုက်ပျိုးထားရာ စိုက်ခင်းများတွင် နွားများလွှတ်ကျောင်းရာမှ ဝင်ရောက်စားသုံးမှုပမာဏမျာစွာ စားသုံးမိလျှင် အဆိပ်ဖြစ်ပေါ်သေဆုံးကြောင်း၊ မိုးဦးကျ နွေရာသီ ချောင်းစပ်များတွင် ပြောင်းပင်ပေါက်စားပြီး အဆိပ်ဖြစ်သေဆုံးကြသည်ကို မကြာခဏ တွေ့ရပေသည်။ အချို့က ပိုးသတ်ဆေး ဖျန်းထားသော ပြောင်းခင်းထဲ ဝင်စား၍ သေသည်ဟု အယူအဆလွဲမှားကြသည်.။ ထိုသို့အဆိပ်ဖြစ်ခြင်းမှာ ပြောင်းပင်တွင် ပါဝင်သော "ဖရပ်ဆစ်အက်ဆစ်" ခေါ် ဓာတုဗေဒဓာတ်ပေါင်းတစ်မျိုးကြောင့် ဖြစ်ကြောင်းသိရသည်။ ယင်းဓာတ်ကို နောက်တစ်နည်းအားဖြင့် ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်" ဟုလည်း ခေါ်သည်။ အလွန်ပြင်းထန်သောအဆိပ်ဖြစ်သည်။ သို့ရာတွင် အကန့်အသတ်နှင့်ကျွေးပါက အန္တရာယ်မရှိကြောင်း သိရပါသည်။
ပြောင်းပင်ပေါက်တွင် အဆိပ်ပါဝင်မှု ပို၍ များပါသည်။ ပြောင်းပင်အရွယ်ရင့်လာသည်နှင့်အမျှ အဆိပ်ပါဝင်မှု လျော့နည်းလာပြီးနေလှန်းခြောက်သွေ့သွားသောအခါ ထိုအဆိပ်ပါဝင်မှု လုံးဝမရှိတော့ကြောင်း၊ ပြောင်းပင်တစ်ပင်တည်းတွင် ပင်စည်ထဲ၌ အဆိပ်ပါဝင်မှု နည်းပါးပြီး ပြောင်းရွက်တွင် အဆိပ်ပါဝင်မှု ပို၍ များကြောင်း သိရသည်။ အရွက်များတွင်ပင် အဖျားပိုင်း၊ အရွက်နုများ၌ အဆိပ်ပါဝင်မှု ပို၍ များကြောင်းသိရသည်။ နှံစားပြောင်း၊ ဖူးပြောင်း နှစ်မျိုးစလုံးတွင် ငယ်စဉ်အဆိပ်ပါဝင်မှု အတူတူပင်ဖြစ်ကြသည်။ ထိုကြောင့် ပြောင်းပင်ပေါက်၊ ပြောင်းဖူးပင်ပေါက်များ တစ်တောင့်တစ်ထွာ အရွယ်တွင် အဆိပ်ပါဝင်မှု များ၍ ကျွဲ၊ နွားများ မကျွေးသင့်ပေ။ လွှတ်ကျောင်းနွားများ အခင်းပိုင်ရှင်မသိအောင် တစ်ဝကြီးစားသဖြင့် သေဆုံးမှုများ တွေ့ရသည်။
ပဲစိမ်းစားဥနှင့် ပဲထောပတ်ပင်တို့တွင် ထိုအဆိပ်ဓာတ်ပါဝင်ကြောင်း သိရသည်။ ထိုအပင်များရှိအရွက်တွင် အဆိပ်ပါဝင်မှုနည်းပြီး အဖျားပိုင်း၊ အညွှန့်ပိုင်းတွင် အဆိပ်ပါဝင်မှုပိုများကြောင်းတွေ့ရသည်။ အစေ့တွင်လည်း ထိုအဆိပ်ဓာတ်ပါဝင်ကြကြောင်း သိရသည်။ ပဲစိမ်းစားဥ စိုက်ခင်းများ၊ ထောပတ်စိုက်ခင်းများ ကျွဲ၊ နွားများ ဝင်ရောက်၍ အရွက် အညွှန့်များစားသော ကျွဲ၊ နွားများ သေဆုံးတတ်ကြောင်း သိရသည်။
ထို့ပြင် နွားစာမြက်များနှင့် ရော၍ ပေါက်လေ့ရှိသော ဘရက်ကင်ဖန်း (ခေါ်) ဒရင်ကောက်ပင်ကြောင့် အဆိပ်ဖြစ်နိုင်ကြောင်း သိရပါသည်။ ထိုအပင်ကို စားသုံးမိခြင်းကြောင့် ရုတ်တရက် အဆိပ်သင့်သေဆုံးခြင်း မရှိဘဲ နေ့စဉ်နည်းနည်းစီ စားမိရာမှ ကြာမြင့်လာသောအခါ Bovine Enzootic Hematuria ရောဂါဖြစ်လာကြောင်းသိရသည်။ ရောဂါလက္ခဏာသည် နှစ်ပေါင်းကြာမှ ဖြစ်တတ်၍ ယင်းဒရင်ကောက်ပင်များကို အမြောက်အများစားသုံးမိလျှင် တစ်လအတွင်း အောက်ဖော်ပြပါ လက္ခဏာများ ဖြစ်ပေါ်ကြောင်း တွေ့ရသည်။
ကျွဲ၊ နွားများ အင်အားချည့်နဲ့လာခြင်း၊ လမ်းလျောက်ရာတွင် ယိမ်းယိုင်လာခြင်း၊ အဖျားအပူချိန်ကြီးလာခြင်း၊ သွားရည်ယိုခြင်း၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့တွင် သွေးခြည်ဥလာကြောင်း သိရသည်။
ယင်းတို့လက္ခဏာပေါ်လာပြီးမှ ကုသလျှင် သေဆုံးနိုင်ကြောင်း ထို့ပြင် "ဘရက်ကင်ဖန်း" ခေါ် " ဒရင်ကောက်ပင်မျိုးနှင့် အခြားဒရင်ကောက်ပင်မျိုးတို့မှ အဆိပ်သည် ကျွဲ၊ နွားတို့၏ ဆီးအိမ်အတွင်းသို့ ရောက်ရှိသောအခါ ဆီးအိမ်၌ ကင်ဆာဖြစ်စေတတ်ကြောင်းသိရသည်။
ယင်းရောဂါကာကွယ်နိုင်သည့် ဆေးနှင့် ကုသဆေးမရှိသေးသဖြင့် ဒရင်ကောက်ပင်များရှိပါက အမြစ်ပြတ်ဖယ်ရှားနည်းကိုသာ အသုံးပြုသင့်ကြောင်း၊ မြန်မာပြည်တွင် အထူးသဖြင့် အေးသော မေမြို့၊ တောင်ကြီးစသည့် ရှမ်းပြည်နယ်ဘက်တွင် ပေါက်ရောက်ကြောင်းနှင့် အပူပိုင်းဒေသတွင်လည်း ဒရင်ကောက်ပင်များ ရှိနိုင်ကြောင်း သိရပါသည်။
နွားများနွေရာသီတွင် မြက်ခြောက်၊ ကောက်ရိုးခြောက်များကို ကျွေးရသည်။ ကောက်ရိုးကျွေးခြင်းဖြင့် နွားများဗိုက်ပြည့်ရုံ ဖြစ်ပြီး အာဟာရမရရှိပါ။ သို့ဖြစ်၍ ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်းဖြင့် အာဟာရပြည့်ဝစွာ ရရှိသည်။ သို့သော်လည်း ယူရီးယားဖျန်းစဉ် မနှံ့ခြင်း၊ ယူရီးယားဖျော်စပ်ရာတွင် ယူရီးယားများသွားခြင်း၊ ဖျန်းပြီး ချက်ချင်းကျွေးလျှင် ယူရီးယားအဆိပ်သင့် ဝေဒနာ ခံစားရတတ်ပါသည်။ ရောဂါသဏ္ဍာန်မှာ ပါးစပ်မှ အမြုပ်ထွက်ခြင်း၊ ဗိုက်ဖောင်းလာခြင်း၊ အကြောဆွဲခြင်း၊ ဒယီးဒယိုင်ဖြစ်ပြီး သေဆုံးနိုင်သည်။ အချိန်မီ ရှာလကာရှည်ကို တစ်လီတာမှ နှစ်လီတာရေနှင့်ရောပြီး ဖြည်းဖြည်းချင်း တိုက်ကျွေးကုသနိုင်ပါသည်။
ထို့ကြောင့် ကျွဲ၊ နွားများကို သဘာဝအစာမှ လွဲ၍ ကျန်အစာ၊ ဆေးဝါးများ တိုက်ကျွေးပါက ကျွမ်းကျင်သူ အကူအညီ ရယူသင့်ကြောင်း အကြံပြုအပ်ပါသည်။
ထွန်းလှိုင် (မြိုင်)
ဒို့ကျေးရွာဂျာနယ်မှ ပြန်လည်ဖော်ပြပါသည်။
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....