သတိပြုသင့်သော နွားမှိုဆိပ်သင့်အန္တရာယ်
ရောဂါဖြစ်ပွားရသည့်အကြောင်းအရင်းများ
- မှိုပေါက်နေသောအစာများကို ကျွေးမွေးခြင်းဖြင့် နွားတွင် မှိုဆိပ်သင့်ရောဂါ ဖြစ်ပွားရသည်။
- ပတ်ဝန်းကျင် စိုထိုင်းဆမြင့်မားခြင်းနှင့် အစာတွင်းစိုထိုင်းဆမြင့်မားခြင်းက မှိုပေါက်ဖွားနှုန်းကို များစေနိုင်ပါသည်။
- အစာအတွင်း မှိုပေါက်နေခြင်းကို သာမန်မျက်စိဖြင့်မမြင်နိုင်၊ အနံ့ခံခြင်းဖြင့် မသိနိုင်၊ အရောင်အဆင်းကြည့်ခြင်းဖြင့် မသိနိုင်ပေ။ (မျက်မြင် မြင်တွေ့နေရခြင်းက မှိုပေါက်ဖွားနှုန်း ဆိုးရွားလွန်နေသည်။ ၄င်းအစာကို မကျွေးဘဲ ပယ်ရပါမည်။)
- မှိုဆိပ်ကင်းစင်တဲ့ အစာကိုသာကျွေးရပါမည်။
ရောဂါလက္ခဏာများ
- နွားမှာ မှိုဆိပ်သင့်နေပြီဆိုပါက ကိုယ်ခံစွမ်းအားကျဆင်းလာပြီး အကြိမ်ကြိမ်နေထိုင်မကောင်း ဖြစ်လာပါမည်။
- အကြိမ်ကြိမ် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပါမည်။
- အစာစားနည်းလာပြီး နို့ထွက်နှုန်းကျလာပါမည်။
- မျိုးအောင်နှုန်း ညံ့လာပါမည်။
- အာရုံကြောထိခိုက် အားနည်းလာပြီး ခန္ဓာကိုယ်ပြင်ပအစိတ်အပိုင်းများ တုန်ခြင်း၊ တခါတရံ တက်ခြင်းများ ဖြစ်လာပါမည်။
- ခန္ဓာကိုယ်ပြင်ပ အစွန်အဖျားအစိတ်အပိုင်းများဖြစ်သော နားရွက်၊ အမြီး၊ ခြေထောက်များတွင် အနာများဖြစ်ပေါ်ပျက်စီးခြင်း၊ ပါးစပ်တဝိုက်တွင် အရည်ကြည်ဖုအနာများ ဖြစ်ပေါ်လာတတ်ပါမည်။
သတိပြုရန်မှာ-
- နွားမှိုဆိပ်သင့်ရောဂါကို ပိုးသတ်ဆေးထိုးပြီး ကုသသော်လည်း သက်သာပျောက်ကင်းရန် ခက်ခဲခြင်းများရှိကြပါသည်။
- ၄င်းရောဂါကြောင့် မွေးရက်မစေ့ဘဲ မွေးဖွားခြင်းနှင့် မသန်စွမ်း အားပျော့သောနွားငယ်လေးများကို မွေးဖွားစေနိုင်ပါသည်။
- အသားနှင့် နို့ထုတ်ကုန်အရည်အသွေးကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါသည်။
ထို့ကြောင့် မှိုဆိပ်ကင်းစင်သောအစာများကို ကျွေးမွေးခြင်းဖြင့် နွားကျန်းမာရေးနှင့် မျိုးအောင်နှုန်း၊ အသားနှင့် နို့ထုတ်လုပ်မှုနှုန်း တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း လေ့လာရေးသားလိုက်ရပါသည်။
ဦးဇော် (dof)
မှီငြမ်း-ဒေါက်တာ တိုးဝင်းနိုင်၏ ”နွားမှိုဆိပ်သင့် ရောဂါအကြောင်း” ။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး