ဆိတ်ရောဂါမဖြစ်စေရန်ကြိုတင်ကာကွယ်ရမယ့်နည်းလမ်းများ
ဆိတ်ခြံတွင်းသို့ ဆိတ်အသစ်ဝင်ရောက်လာတဲ့အခါ ကာကွယ်ဆေးထိုးပြီးသားဖြစ်ရပါမယ်။ ရှိပြီးသားဆိတ်တွေနဲ့ မရောခင် ရက်အနည်းငယ်သီးခြားထားပြီးတော့လည်း စောင့်ကြည့်သင့်ပါတယ်။ ကောင်းမွန်တဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုက နေ့စဉ်အနီးကပ်ပြုစုခြင်းမှ စတင်ပါတယ်။ ဆိတ်တစ်ကောင်ချင်းစီကို အနီးကပ်ကြည့်သင့်ပြီးတော့ ပတ်ဝန်းကျင် အနေအထားပြောင်းလဲမှုကိုလည်း အမြဲသတိထားနေရပါမယ်။ နေ၊ မိုး၊ လေဒဏ် တို့ကို ကာကွယ်ပေးရမှာ ဖြစ်ပြီးတော့ စွမ်းအင်၊ အသား၊ ဗီတာမင်၊ အနည်းလို အာဟာရနဲ့ ရေတို့ကို လုံလောက်အောင်ထောက်ပံ့ထားသင့်ပါတယ်။
(၁) ကိုယ်ဝန်ဆောင်ဆိတ်မကြီးကို ကာကွယ်ရမယ့်နည်းလမ်း
နေ့စဉ်လှုပ်ရှားမှုပြုလုပ်ပေးရပါမယ်။ ကိုယ်ဝန်ရင့်လာတာနဲ့ အမျှ စွမ်းအင်နဲ့ အသားဓာတ်ကို ဖြည့်စွက်ကျွေးမွေးရပါမယ်။ တကယ်လို့ မိမိနေရာက ဆီလီနီယံ ချို့တဲ့တဲ့ ဧရိယာဖြစ်ပါက ဗီတာမင် အီးနဲ့ ဆီလီနီယံကို ကလေးမဖွေးမွားမီ ရက် ၆၀ အလိုမှာထည့်ကျွေးရပါမယ်။ ဆေးအဆမများစေရန်လည်း ဂရုပြုရမှာဖြစ်ပြီးတော့ ရုတ်တရက်သေဆုံးခြင်းနဲ့ အဆိပ်သင့်၍ သေဆုံးခြင်းကို တွေ့ရှိရပါက ကလေးမမွေးမီ ၃ပတ်အလိုမှာ Clostridium perfriengens C နဲ့ D ကိုထိုးပေးရပါမယ်။ ဆိတ်မကြီးကလေးမွေးပြီးမှ သံချဆေးပေးရင်ပိုကောင်းပြီး ကလေးမွေးပြီးချိန်က သံကောင်အများဆုံးကာလလို့ ဆိုနိုင်ပါတယ်။ ဆိတ်မကြီးကို သံချပေးခြင်းကြောင့် ဆိတ်ကလေးငယ်ကို ဖျားနာဒဏ်မခံရစေနိုင်ပါ။

(၂) အသက် ၃ပတ်မှ ၃လအထိဆိတ်ငယ်ကို ကာကွယ်ရမယ့်နည်းလမ်း
တစ်နှစ်ပတ်လုံးစာ လုံလောက်တဲ့ ကာကွယ်ဆေးတွေကို လိုက်နာဆောင်ရွက်ရပါမယ်။ မေးခိုင်ရောဂါကာကွယ်ဆေးကို ၀.၅ မီလီမီတာနှုန်းနဲ့ ၄ပတ်ခြားပြီး ၂ကြိမ်ထိုးပေးရပါမယ်။ ကူးစက်တတ်တဲ့ ပါးစပ်နာရောဂါ (ပသက်) ကို အမြီးအောက်ဘက် သို့မဟုတ် တံတောင်ဆစ်ကွေးရဲ့ အောက်ဘက်အရေပြားအောက်မှာ ကာကွယ်ဆေးထိုးနိုင်ပါတယ်။ ဆေးထိုးထားတဲ့ နေရာကို ၃ ရက်မြောက်နေ့မှာ အနာဖေးရှိ၊ မရှိ သေသေချာချာ စစ်ဆေးရပါမယ်။ အနာဖေးပေါ်လာတာက ကာကွယ်ဆေးအောင်မြင်တဲ့ လက္ခဏာဖြစ်ပြီးတော့ ရောဂါအဖြစ်များတဲ့ နေရာတွေမှာတော့ ၂နှစ်ခြားပြီး နောက်တစ်ကြိမ်ကာကွယ်ဆေးထိုးပေးရပါမယ်။
Clostridium perfriengens Cနဲ့ D ကာကွယ်ဆေးကို သွေးဆိပ်တက်ရောဂါ (အစားလွန်ရောဂါ) ကာကွယ်ရန်ထိုးပေးရပါမယ်။
Ckostridium chauvoei /Septicum /Novyi/ Sordellii ကာကွယ်ဆေးတွေကို ပေါင်ပုပ်၊ လက်ပုပ်၊ ဖောရောင်ခြင်းနဲ့ ၎င်းတို့သက်ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ဆီလီနီယံနဲ့ ဗီတာမင်အီးတို့ကို ၃ပတ်၊ ၇ပတ် နဲ့ ၁၂ ပတ်သားတို့မှာ ကျွေးပေးရပါမယ်။
၎င်းဓာတ်တွေချို့တဲ့ပါက လှုပ်ရှားမှုနှေးကွေးခြင်း၊ ကြွက်သားတွေပျက်စီးခြင်းနဲ့ မြေဖြူရောင်ဖြစ်စေတဲ့ ရောဂါကို ခံစားရတတ်ပါတယ်။
ဆိတ်ငယ်တွေက အတွင်းနဲ့ အပြင်ကို ကပ်ပါးပိုးတွေရဲ့ ထိခိုက်မှုကို ခံစားရလွယ်ပါတယ်။
မွှားနဲ့ လှေးပိုးတွေကို ကာကွယ်ပေးရန်အတွက် မကြာခဏသန်ချပေးဖို့လည်း လိုအပ်ပါတယ်။
Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ထုတ်ဝေသော ခေတ်မီမွေးမြူရေး နည်းပညာများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026