Ketosis (ကီတိုးဆစ်)
- Ketosis သည် စွမ်းအင်ဓာတ်မညီမျှခြင်း (Negative Energy Balance) အခြေအနေတွင်ရှိသော နို့စားနွားမများတွင် တွေ့ရပြီး တိရစ္ဆာန်မှ glucose လိုအပ်ချက်မြင့်လာတာနှင့် ဆက်စပ်ဖြစ်ပွားသည်။ အထူးသဖြင့် ထုတ်လုပ်မှုမြင့်သောနွား၊ အရည်အသွေးမကောင်း အာဟာရနည်းသောအစာကို စားရသည့်နွားများတွင် အဖြစ်များသည်။ ရောဂါလက္ခဏာများကို မမွေးခင်တွင်မြင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် မွေးပြီးပထမလတွင် အသိသာဆုံးဖြစ်ပြီး ဒုတိယလတွင်လည်း တွေ့နိုင်သည်။
* ဖြစ်ပွားရသည့်အကြောင်းအရင်း
- ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံးအပတ်အတွင်းတွင် သန္ဓေသားနှင့် အချင်းတိုင်သည် စွမ်းအင်ဓာတ်အများဆုံးလိုအပ်နေသည့် အခြေအနေဖြစ်ပြီး နွားကလေးမွေးပြီးချိန်တွင်လည်း နို့ဖြစ်တည်စေရန်နှင့် နို့ထုတ်လုပ်မှုမြှင့်တင်ရန် စွမ်းအင်ဓာတ် (energy) များစွာလိုအပ်နေချိန်ဖြစ်သည်။ သို့သော် နွားမများသည် မွေးပြီးစအချိန်တွင် အာဟာရလိုအပ်ချက်ကများပြီး အစာစားနှုန်းနည်းနေတတ်သည်။
*** နွားမများတွင် စွမ်းအင်ဓာတ်ရရှိမှု (energy supply) သည် စွမ်းအင်ဓာတ်လိုအပ်ချက် (energy demand) ထက် နည်းနေသည့် အခြေအနေကို စွမ်းအင်ဓာတ်မလုံလောက်ခြင်း (Negative Energy Balance) ဟုခေါ်သည်။
- ထိုသို့ စွမ်းအင်ဓာတ်မလုံလောက်သည့်အခြေအနေတွင် သွေးနှင့် ခန္ဓာကိုယ်တစ်ရှူး (body tissue)များတွင် glucose ပမာဏ လျော့နည်းခြင်း ပြဿနာဖြစ်လာသည်။
- စွမ်းအင်ဓာတ်မလုံလောက်သည့်အခါ နွားမ၏ ခန္ဓာကိုယ်တွင်း ထိန်းသိမ်းထားသော ကိုယ်တွင်းအဆီဓာတ် (body fat) များကို ဖြိုခွဲသုံးစွဲပြီး လိုအပ်တဲ့ စွမ်းအင်ဓာတ်ရရှိအောင်ပြုလုပ်ပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်အလေးချိန်နှင့် ခန္ဓာကိုယ်အခြေအနေ ကျဆင်းလာပါသည်။ ထို့ပြင် အဆီဓာတ်များကို စွမ်းအင်အဖြစ်ပြောင်းလဲသုံးစွဲရာတွင် အသုံးပြုမှုထက် ထုတ်လုပ်မှုကများသောအခါ ဘေးထွက်ပစ္စည်းဖြစ်သည့် Beta-Hydroxy Butyric Acid (ketone body) များ သွေးအတွင်းများလာပြီး Ketosis (ကီတိုးဆစ်) ဖြစ်စေပါသည်။
* ရောဂါလက္ခဏာများ
(1) Wasting form
- အစာစားနှုန်းကျခြင်း၊ ခန္ဓာကိုယ်အလေးချိန်ကျခြင်း၊ နို့ထွက်နှုန်းကျခြင်း
- အားအင်မရှိ ယိမ်းထိုးသွားနေခြင်း၊ ကောင်းစွာမတ်တတ်မရပ်နိုင်ခြင်း၊ ခေါင်းစိုက်နေခြင်း
- နို့ထဲနှင့် အသက်ရှုလိုက်တိုင်း acetone အနံရခြင်း (ချိုအီအီအနံရခြင်း)
ဤအဆင့်သည် သေလောက်အောင်ထိ မပြင်းထန်သော်လည်း ကုသမှုမှ မပေးလျှင် ပြန်လည်ကျန်းမာလာရန်နှေးမည်။ နို့ထွက်နှုန်းသည် တစ်လကျော်ခန့်ကြာလျှင် တဖြည်းဖြည်း ပြန်မြင့်လာသော်လည်း မူလထုတ်လုပ်မှု level ကိုတော့ အပြည့်အဝပြန်မရနိုင်ပေ။
(2) Nervous form
- ရန်လိုခြင်း၊ လျှာနှင့်တွေ့ကရာလျက်ခြင်း၊ စက်ဝိုင်းပုံလှည့်ပတ် လျှောက်နေခြင်း
- အကြောင်းအရင်းမရှိ ကျယ်လောင်စွာအော်နေခြင်း
* ကုသမှု
အဓိကရည်ရွယ်ချက်သည် ခန္ဓာကိုယ်အတွင်း glucose ကိုပြန်လည်ဖြည့်တင်းပေးဖို့ဖြစ်ပါတယ်။ Glucose supplement ကိုအမြန်လုပ်ရန်လိုအပ်ပါတယ်။ ထို့နောက် ဆက်လက်ကုသမှုများဖြင့် glucose ကိုရေရှည်ထောက်ပံ့ပေးရပါမယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ ကုသမှု/အကြံပေးမှုများ ရယူပါ။
(1) Glucose replacement
- Dextrose solution (IV) (လက်တလော အမြန်ကုသမှုအနေနဲ့အကျိုးရှိ)
- Propylene glycol (သို့) glycerine (ရေရှည်အကျိုးသက်ရောက်မှုရှိ၊ ၂ - ၄ ရက်ကြာအောင်ဆက်ပေးရမည်)
- Multivitamin injection
(2) Hormonal therapy
- Corticosteroids
(တိရစ္ဆာန်ဆေးကု ဆရာဝန်များကိုယ်တိုင် ပေးဖို့လိုအပ်ပါသည်)
- Corticosteroids သည် ကြွက်သားအတွင်းမှ protein (အသားဓာတ်)ကို ဖြိုခွဲကာ glucose အဖြစ်ပြောင်းလဲပေးပြီး သွေးတွင်း glucose level ကျမှုကို ဖြည့်တင်းပေးနိုင်သည်။
- အရေးကြီးသောအချက်မှာ ကြွက်သားအတွင်းရှိ protein များ အလွန်အကျွံ ပြိုကွဲခြင်းမဖြစ်စေရန် ဖြစ်သည်။ ထို့ကြောင့် Corticosteroids သုံးသည့်အခါ ကစီဓာတ်ကြွယ်ဝသောအစာများ (သို့) propylene glycol ပေးထားဖို့လိုအပ်ပါသည်။
* ကာကွယ်ခြင်း
- အစာအလုံအလောက်ကျွေးခြင်းနှင့် စီမံခန့်ခွဲနိုင်မှုပေါ်မူတည်သည်။
- နို့နားကာလနှင့် မွေးကာနီးအချိန်တွင် ခန္ဓာကိုယ်သည် မပိန်လွန်းမဝလွန်းသော အခြေအနေတွင်ရှိရမည်။
(အဝလွန်ခြင်းမဖြစ်စေရ)
- မမွေးခင် ၂ ပတ်ခန့်အလိုတွင် အရည်အသွေးကောင်းတဲ့ အစာကြမ်း/အစာစိမ်းကို အခြေခံပြီး နွား၏စွမ်းအင်လိုအပ်ချက်နှင့် ကိုက်ညီအောင်ကျွေးရမည်။ အစေ့အဆံ (cereal grain) များကျွေးနိုင်ပါတယ်။
- မွေးပြီးနောက် နို့ပေးကာလအစောပိုင်းတွင် အာဟာရပြည့်ဝသည့် (အသားဓာတ်၊စွမ်းအင်ဓာတ်) အစာများကျွေးနိုင်အောင် ပြင်ဆင်ထားရမည်။
- propylene glycol ကို အစာတွင်ဖြည့်စွက်ကျွေးနိုင်သည်။
*** နွားကထနိုင်သေးလျှင်-
အစာကျွေးမှုကို အထူးဂရုစိုက်ရမည်။ စွမ်းအင်ဓာတ်များသောအစာများကျွေးရမည်။
*** နွားကမထနိုင်လျှင်-
- အရိပ်ထဲတွင် အခင်းနေရာကောင်းမွန်စွာဖြင့်ထားပါ။ ကိုယ်လက်နာကျင်ကိုက်ခဲမှုမဖြစ်စေရန် ခန္ဓာကိုယ်ကိုတစ်ဖက်မှတစ်ဖက်သို့ ပုံမှန်ပြုပြင်ပေးရပါမယ်။
- ရေနှင့်အရည်အသွေးကောင်းသော အစာများထားထားပေးပါ။ Propylene glycol ပေးနိုင်သည်။
- နွားက သူ့ဘာသာ လုံးဝမထနိုင်လျှင် hip-lifter (နွားကိုတင်ပါးဆုံရိုးမှထိန်း၍ မသည့်အရာ) သို့မဟုတ် တခြားအရာများသုံး၍ ရပ်နိုင်အောင် ကူညီပေးရမည်။ (ထိုသို့ပြုလုပ်ရာတွင် စနစ်တကျလုပ်ဆောင်ရမည်။)
Source- MDEP
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026