ကြက်နာတွေကို ဆေးကုပေးမယ်ဆိုရင် (၂)
အခုဆွေးနွေးချင်တဲ့ အကြောင်းကတော့ “ဆရာရေ၊ ဆေးတိုက်တာ နှစ်ရက်ရှိပြီ (သုံးရက်ရှိသွားပြီ) အသေတွေထွက်နေတုန်းပဲ” ဆိုတဲ့ မွေးမြူသူတွေ ပြောလာတတ်တဲ့ အကြောင်းပါ။
ကုသဆေးတွေဟာ သူ့နေရာနဲ့သူ စွမ်းကြပါတယ်။ ဒါပေမဲ့ ကုသမှုအတွက် အချိန်အတိုင်းအတာတစ်ခု လိုမှာဖြစ်လို့ ရှိနေတဲ့ ရောဂါကိုယူပစ်လိုက်သလို ပျောက်သွားအောင် လုပ်ပေးနိုင်မယ်လို့တော့ မျှော်လင့်မထားနိုင်ပါ။
ဆေးတွေကို အစာမှာရောစပ်ပြီး ကျွေးတဲ့ ပုံစံသုံးနိုင်တယ်။ များသောအားဖြင့် ဆေးကို သောက်ရေထဲမှာဖျော်ပြီး တိုက်တဲ့နည်းသုံးကြတယ်။
အစာမစားနိုင်အောင် နာနေတဲ့ကြက်အတွက် အစာမှာထည့်ကျွေးတဲ့ဆေးက ရောဂါကို ကုပေးနိုင်မှာမဟုတ်သလို ရေမသောက်တဲ့ ကြက်ဆီကိုလည်း သောက်ရေမှာ ထည့်တိုက်ပေးတဲ့ဆေးရဲ့ အာနိသင်ဖြစ်လာမှာ မဟုတ်ပါ။
ဒါကြောင့် ကုသဆေးကြောင့် ရောဂါပျောက်ချင် အသေရပ်စေချင်ရင် အစာထဲ သောက်ရေထဲ ဆေးစပ်ထည့်ပေးရုံနဲ့ တာဝန်မကျေသေးပါ။ ကျွေးထားတိုက်ထားတဲ့ ဆေးကို နာနေတဲ့ ကြက်တွေစားသလား၊ သောက်ကြသလား စစ်ဆေးဖို့လိုပါမယ်။ မစားနိုင်ရင် ခွံ့ကျွေးမလား၊ မသောက်ရင် တိုက်ပေးမလား လုပ်ပေးနိုင်မှ ကြက်တစ်အုပ်လုံး ဆေးရဲ့ အကျိုးကို ရကြပါလိမ့်မယ်။ နှစ်ရက် သုံးရက်အတွင်း အသေသိသိသာသာ ရပ်သွားစေလိမ့်မယ်။

ဆေးကုတဲ့ ရလဒ် ဘယ်လောက်ကောင်းကောင်း ရနိုင်မလဲဆိုတာ၊ အနာနဲ့ဆိုင်တဲ့ သေချာတဲ့ကုသဆေးကို သုံးတာ၊ လိုအပ်တဲ့ ဆေးအချိန်အဆကို သုံးတာနဲ့ ဆေးကုမှုက ဘယ်လောက်လက်ဦးမှုရထားသလဲဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။
ရောဂါပိုးက ခံနိုင်ရည်ရှိနေတဲ့ ဆေး၊ ဒါမှမဟုတ် ရောဂါနဲ့ မဆိုင်တဲ့ဆေး သုံးတဲ့အတွက် ဘာရလဒ်ကောင်းမှ ဖြစ်လာနိုင်မှာမဟုတ်ပါ။ ဆေးအချိန်အဆလည်း မှန်ဖို့ လုံလောက်ဖို့ လိုပါလိမ့်မယ်။ ဥပမာ- ဆေးတစ်ခုကို သောက်ရေမှာ ရေတစ်ဂါလံကို ဆေးတစ်ဂရမ်နှုန်း သုံးရက်တိုက်ပါဆိုတာ ကြက်သောက်သမျှရေထဲမှာ ဆေးကို ပြောထားတဲ့ အချိန်အဆတိုင်း ထည့်တိုက်ရမှာဖြစ်ပါတယ်။ ND+IB စတဲ့ ကာကွယ်ဆေးတွေ ပေးတဲ့အခါ ရေခဏဖြတ်မယ်၊ ပြီးရင်ဆေးထည့်ထားတဲ့ ရေကို ထည့်တိုက်မယ်။ နှစ်နာရီလောက်အတွင်း ဆေးတိုက်တဲ့ အလုပ်ပြီးပြီပေါ့။
ကုသဆေးကို ဒီလိုမျိုးတစ်နေ့တစ်ကြိမ် တိုက်လို့မရနိုင်ဆိုတာ သိထားဖို့လိုပါမယ်။ ရေတစ်ဂါလံကို ဆေးတစ်ဂရမ်နှုန်း သုံးရက်တိုက်ပါဆိုတာက သုံးရက်အတွင်း တိုက်သမျှ သောက်ရေထဲမှာ ဆေးပါနေအောင် ထည့်ပေးပါလို့ ပြောတာပါ။ ဒါမှ ဆေးအချိန်အဆ အပြည့်အဝ ကြက်တွေရယူပြီး ကုသမှုရလဒ်ကောင်းပေါ်ထွက်ပါလိမ့်မယ်။
ဆေးကုသမှု လက်ဦးရင် ရောဂါမြန်မြန်ကောင်းမယ်။ အထိအခိုက်နည်းမယ်။ ပုံမှန်ထုတ်လုပ်မှုကို မြန်မြန်ပြန်ရနိုင်မယ်။ ဆေးကုနောက်ကျရင် ဆေးအစွမ်းဘယ်လောက်ထက်ပါစေ။ ရောဂါကြောင့် ထိခိုက်ထားပြီးတဲ့ ကိုယ်တွင်းဒဏ်ရတွေကို ပြန်ပြီးပုံမှန်ဖြစ်စေဖို့ နလံပြန်ထူဖို့ အချိန်ပိုလိုပါလိမ့်မယ်။ တချို့ပျက်စီးသွားတာတွေက ပုံမှန်ပြန်မဖြစ်နိုင်တာမျိုးဆိုရင် နဂိုထုတ်လုပ်မှုကို ပြန်ရောက်ဖို့ ခက်ပါလိမ့်မယ်။
ကြက်နာကို ကြိုတင်ကာကွယ်ပေးတာ အကောင်းဆုံးနည်းလမ်းပါ။ ဒါပေမဲ့ လိုအပ်လို့ ဆေးကုသပေးမယ်ဆိုရင် အထက်ကအချက်လေးတွေကို မေ့မထားကြဖို့ တိုက်တွန်းပါတယ်။
ဒေါက်တာအောင်မြင့် ရေးသားသော ဆန်းသစ်လာသော ကြက်ရောဂါပြဿနာများမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ငြိမ်းချမ်း ကျော်
လွန်ခဲ့သော ၁ နှစ် ကဆေးအမျိုးအစားလေးပါ ပြောပြစေချင်ပါတယ် ခင်ဗျ့
aung bo bo
လွန်ခဲ့သော ၃ နှစ် ကဘယ်လိုဆေးလဲဗျ
ko ko
လွန်ခဲ့သော ၃ နှစ် ကကြက်အဆစ်ရောင်ပြီးလမ်းမလျှောက်နိုင်ပါအစာတော့စားပါတယ်လန်းလန်းဆန်းဆန်းလည်းရှိပါတယ်ဘယ်လိုဆေးဝါးနဲ့ကုသပေးရမလဲညွှန်ကြားပေးပါဆရာ
ကျော်ဆန်း
လွန်ခဲ့သော ၃ နှစ် ကဝမ်းသွားနေတဲ့ကြက်တွေကိုဘာဆေးပေးရမလဲ ခဗျ
ကိုအောင်သန်းအေး
လွန်ခဲ့သော ၃ နှစ် ကအစိမ်းရောင်လမ်းကို လူတွေဘာကြောင့်မသုံးကျလဲး နို့လှုပ်ပြတဲ့တစ်တော့ကြတော့လူတွေတအားကြိုက်တာ နားမလည်လို့ရှင်းပြပါဦး ယခုပို့ကို အသုံးမဝင်ဘူးဆိုတဲ့လူ ပထမဆုံးရှင်းပြပါ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....