အစိမ်းရောင်လမ်း
ဝက်ငယ်လေးများကို သင်းကွပ်ခြင်းနှင့် ကာကွယ်ဆေးထိုးသင့်သည့်အချိန်များ

ဝက်ငယ်လေးများကို သင်းကွပ်ခြင်းနှင့် ကာကွယ်ဆေးထိုးသင့်သည့်အချိန်များ

အသားတိုးဝက်များမွေးမြူရာတွင်

(၁) အသားတိုးဝက်အဖြစ်မွေးမည့် ဝက်ထီးငယ်များအား အထီးမျိုးပွားအင်္ဂါ မဖွံဖြိုးခင် သင်းကွပ်လျှင် ပိုကောင်းပါသည်။

(၂) သင်းကွပ်ရန်အကောင်းဆုံးအချိန်သည် အသက် (၄) ပတ်သားတွင်ဖြစ်သည်။ သင်းမကွပ်မီ  ဝက်လှောင်အိမ်နှင့် ဝက်ငယ်များအတွက် နေရာကိုသေချာစွာ သန့်ရှင်းထားရန် လိုအပ် သည်။ 

(၃) ဝက်ငယ်များကို အသက်(၄) ပတ်သားအရွယ်တွင် ကာကွယ်ဆေးထိုးပေးသင့်သည်။ ပထမဆုံး ကာကွယ်ဆေးကို သင်းကွပ်ပြီး (၃) ရက်မှ (၄) ရက်တွင်ထိုးပေးရမည်။ ၂ပတ်ကြာပြီးနောက် ဒုတိယအကြိမ် ထိုးပေးရမည်။ နေရာဒေသကိုလိုက်၍ ပြောင်းလဲနိုင်သဖြင့် မွေးမြူရေးဒေသရှိ ရောဂါအခြေအနေ ကို သိရှိထားရမည်။

(၄) ကာကွယ်ဆေး (၂) ကြိမ်ထိုးထားသည့် အကြား အသက် ၅ပတ်သားအရွယ်တွင် သံချပေးရမည်။ သံလုံး ကောင်များ ( Strongyeids) ကိုသတိထားရမည်။

Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းမှထုတ်ဝေတဲ့ ခေတ်မီ မွေးမြူရေး နည်းပညာများ စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

ဦးဝင်းမြင့်

ဦးဝင်းမြင့်

လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပြုပြီး ကာကွယ်ဆေးအမည်နှင့် ထိုးပေးရမည့် ပမာဏကိုဖြေကြားပေးပါခင်ဗျား။

You

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့

tinwinesein • ဖြေကြားချက် 2 ခု

ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်

အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု

နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ

ဇော်ရဲသက် • ဖြေကြားချက် 0 ခု

အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး

sansansoe • ဖြေကြားချက် 0 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....