ဝက်ရေငတ်ဝမ်းကျရောဂါအကြောင်း သိကောင်းစရာ
ရောဂါလက္ခဏာများမှာ-
၁။ ဝက်မစင်မှာ အရည်များဖြစ်နေခြင်း။
၂။ အဝါရောင် မစင်များသွားခြင်း။
၃။ မစင်အနံ့ ဆိုးဝါးခြင်း။
၄။ မစင်တွင် သွေးပါခြင်း။
၅။ ရေငတ်ခြင်း ။
၆။ နှာခေါင်း ခြောက်လွန်းခြင်း။
၇။ ဆီးနည်းခြင်း။
၈။ ခန္ဓာကိုယ် မထိန်းသိမ်းနိုင်လောက်အောင် တုန်နေခြင်းတို့ဖြစ်ပါသည်။
ရောဂါဖြစ်ရသည့် အကြောင်းအရင်းများမှာ...
၁။ ခန္ဓာကိုယ်တွင်း ကပ်ပါးများ၊ ဘက်တီးရီးယားများနှင့် ဗိုင်းရပ်စ်များ စွဲကပ်နေခြင်း။
၂။ မသန့်ရှင်းသောအစာများ စားမိခြင်း။
၃။ အစာပြောင်းလဲမှုနှင့် အစာချေဖျက်နိုင်မှု ပြဿနာများ ဖြစ်ခြင်း။
၄။ ရာသီမရွေး ဖြစ်နိုင်ခြင်း။
၅။ မသန့်ရှင်းသောပတ်ဝန်းကျင်ကြောင့် ဝက်ငယ်များတွင်ဖြစ်ပွားလေ့ရှိပြီး ဝက်ငယ်များကို အစာ ပြောင်းလဲပြီး မကျွေးမိစေရန် အထူးအလေးထားသင့်ပါသည်။
ကာကွယ်ခြင်း
၁။ ဝက်ခြံနှင့် ဝက်စာခွက်များအား သန့်ရှင်းစွာထားခြင်း။
၂။ အစာမှန်မှန်ကျွေးခြင်း ။
၃။ အစာပြောင်းကျွေးရန် လိုအပ်ပါက တဖြည်းဖြည်းချင်း ပြောင်းခြင်း။
၄။ ရောဂါရှိသောဝက်ကို အခြားဝက်များနှင့် သီးခြားခွဲထားခြင်း။
ရှေ့ဦးပြုစုကုသခြင်း
ဝက်တစ်ကောင် (၁) ရက်စာအတွက်
ဂျင်း - ၁ကျပ်သား
လေးညှင်း - ၁ကျပ်သား
ထုံးကျောက်မှုန့် - ၁ကျပ်သား
ရေကျက်အေး - ၄လီတာ တို့ကို ရောစပ်၍ တစ်နေ့ ၂ ကြိမ် တိုက်ပါ။
အထက်ပါနည်းဖြင့် ရောဂါမသက်သာပါက
ဆား - ၃ ဇွန်း
သကြား - ၉ ဇွန်း
ရေ - ၄ လီတာ တို့ကို ဖျော်တိုက်ကြည့်ပါ။
နောက်တနည်းမှာ မာလကာရွက်ကိုပြုတ်ပြီး အရည်ကို အအေးခံ၍ တိုက်ခြင်းဖြင့်လည်း ကုသနိုင်ပါတယ်။
အထက်ပါရောဂါလက္ခဏာများကိုတွေ့ရှိပါက နားလည်တတ်ကျွမ်းသည့် နီးစပ်ရာ တိမွေးကုဆရာဝန်နှင့် အမြန်ဆုံးကုသပါက အကောင်းဆုံး ဖြစ်ပါသည်။
Ref : ဆရာမ ခရေဝင်း၏ “ဝက်ရေငတ်ဝမ်းကျရောဂါ” ဆောင်းပါး မှ ကောက်နှုတ် ဖော်ပြပါသည်။
ဦးဇင်ငြိမ်းထွန်း
လွန်ခဲ့သော ၂ နှစ် ကဝက်ဝမ်းချူပ်အစာမစားဖြစ်နေတာဘလိုကုသရမလဲ
Nine Khant Kyaw
လွန်ခဲ့သော ၂ နှစ် ကဝက်ခန္ဓာက နီရဲလာပြီး မထဘူးဖြစ်နေတယ်ဗျဆွေးနွေးပေးပါဦး
mg kaung
လွန်ခဲ့သော ၃ နှစ် ကဝက် ချောင်းဆိုးပြီး အစားပျက်နေလို့ဗျ ဝက် ကျင်းတတ်အရွယ်ပါဗျ ဘာဆေး တိုက်ရလဲ ဗျာ
မင်းခိုင်
လွန်ခဲ့သော ၄ နှစ် ကကျတော် ၀က်လေးတွေး ချီးပါ တယ် ရေးငက်တယ် ဖြစ်နေလို အကြံလေ ပေပါလာဗျ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....