ကြက်ချေးအရောင်ကြည့်၍ ကြက်ကျန်းမာရေးအခြေအနေခန့်မှန်းခြင်း
ကျန်းမာရေးကောင်းတဲ့ကြက်တွေရဲ့ ပုံမှန်အရောင်က မီးခိုရောင်ပေါ်မှာ အဖြူရောင်ဖတ်များ ကပ်နေတဲ့ပုံစံပါ။ အနံ့တော့ရှိပေမဲ့ ဆိုးရွားတဲ့ အနံ့တော့မဟုတ်လှပါဘူး။ ဒါပေမဲ့ တစ်ခါတစ်လေ ကြက်ချေးတွေ အရောင်ပြောင်းသွားတဲ့အခါ ရောဂါတစ်ခုခု ခံစားရနေတာ ဖြစ်နိုင်ပါတယ်။ ရောဂါခံစားနေရတာကို ဝမ်းကနေတစ်ဆင့် ပြသပေးတတ်တာမို့ ဘယ်အရောင်တွေက ဘာရောဂါလဲဆိုတာ ဆက်ဖတ်ကြည့်ကြရအောင်ပါ။
အနီရောင် - အရေပြားအလွှာများရောင်ရမ်းနေတဲ့အခါတွေ့ရတတ်ပါတယ်။ သွေးဝမ်းရောဂါ ခံစားနေရတဲ့ အချိန်မှာလည်းတွေ့ရတတ်ပြီး ကြက်ကြီးတွေမှာ သံလုံးကောင်နဲ့ သံပြားကောင်ရှိနေပါက အနီရောင်မစင် တွေသွားတာကိုတွေ့ရမှာပါ။
အနက်ရောင် - ကစီဓာတ်ချေဖျက်မှု မကောင်းတာကြောင့် ဖြစ်ပါတယ်။ ပူပေါင်းငယ်တွေ ပါလာက သန်ရောဂါရဲ့ လက္ခဏာပဲဖြစ်ပါတယ်။
အစိမ်းရောင် - အစာခြေမှုအားမကောင်းခြင်း၊ ညပိုင်းအအေးပိုခြင်း၊ ပုပ်သိုးနေတဲ့ အစာတွေကို စားရတာကြောင့်ဖြစ်နိုင်ပါတယ်။ ကူးစက်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ သို့မဟုတ် ကြက်လည်လိမ်ရောဂါကို ခံစားနေရတာမျိုးကြောင့် ဝမ်းအစိမ်းရောင်သွားရခြင်းကဖြစ်နိုင်ပါတယ်။
အဖြူရောင် - အသားဓာတ်တွေ လိုအပ်တာထက် ပိုရနေတာမျိုးကြောင့်လည်း ဖြစ်နိုင်သလို ကြက်ချေးဖြူရောဂါ ကိုခံစားနေရတာလည်းဖြစ်နိုင်ပါတယ်။
ကြက်မွေးတောင်သူတွေအနေနဲ့ ကြက်ချေးအရောင်ကို နေ့စဉ်အကဲခတ်ဖို့လိုပြီး ဝမ်းလျှောခြင်း၊ ကြက်ချေး အရောင်ပြောင်းခြင်းနဲ့အတူ သွေးပါခြင်း ရှိ ၊ မရှိကိုပါ စောင့်ကြည့်ဖို့ လိုပါတယ်။ အကြောင်းကြောင်းကြောင့် ကြက်တွေဖျားနေတဲ့ လက္ခဏာပေါ်ပါက ချက်ချင်းခွဲခြားထားရန်နဲ့ ရောဂါပျံ့နှံ့မှုမရှိစေရန် စောစောသိရှိဖို့က အရမ်းအရေးကြီးပါတယ်။
Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ထုတ်ဝေသော ခေတ်မီမွေးမြူရေး နည်းပညာများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဖြိုးမြတ်
လွန်ခဲ့သော ၃ နှစ် ကကုသတ်ပုံလဲတင်ပေးရင်ကောင်းမှာ
maxx
လွန်ခဲ့သော ၄ နှစ် ကဘာဆေးတေနဲ့ ကုသရမလဲခင်ဗျာ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....