ကျွဲ၊ နွား ခွာနာလျှာနာရောဂါကုထုံးများ
ခွာနာလျှာနာရောဂါစဖြစ်သော တိရစ္ဆာန်များသည်
၁။ ထိုင်းမှိုင်းနေတတ်ပြီး ဦးချို၊ ခြေဖျား၊ လက်ဖျားများပူသည်။
၂။ နာကျင်မှုကြောင့် ခြေထောက်၊ လက်များ မကြာခန လှုပ်နေတတ်သည်။
၃။ ပါးစပ်ပြင်ပြီး တံတွေးများကာ သွာရည်အမျှင်တန်းများကျတတ်ပြီး အစာစားနှုန်း နည်းသွားတတ်သည်။
၄။ ပါးစပ်တဝိုက်နှင့် ခွာတဝိုက်တွင် မီးလောင်ဖုသကဲ့သို့ အဖုများပေါက်လာတတ်သည်။ ပိုမိုဆိုးဝါးပါက ခွာကျွတ်သည်အထိ ဖြစ်တတ်သောကြောင့် မိမိတို့အိမ်တွင် ပြုစုကုသနိုင်ရန် အောင်ပါအတိုင်း ပြုလုပ်ပေးသင့်ပါသည်။
(၁) လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့သောခြံ (သို့မဟုတ်) တင်းကုတ်ထဲမှာ ရောဂါဖြစ်သောတိရစ္ဆာန်ကို ခွဲပြီးထားပါ။
(၂) ခွာကြား၊ ခွာဖနောင့်တို့တွင်ရှိသော အနာများကို စင်ကြယ်စေရန် ရေကြက်သီးနွေးဖြင့် အရင် ဆေးကြောပါ။
(၃) ရေနွေးဖြင့် ဆေးကြောပြီးပါက ရေတစ်လီတာကို ကျောက်ချဉ်တစ်ကျပ်သားရောစပ်ပြီး ထိုကျောက်ချဉ်ရေဖြင့် ထပ်မံဆေးကြောပေးပါ။
(၄) လျှာ၊ အာခေါင်၊ ပါးစောင်တို့ကို ကျောက်ချဉ်မှုန့်ဖြင့် တစ်နေ့ နှစ်ကြိမ်ပွတ်ပေးပါ။
(၅) ပိုးလောက်တွယ်ခြင်းမျိုးရှိခဲ့ပါက ဆေးကတ္တရာလိမ်းပေးခြင်း၊ ပရုတ်နှင့် နှမ်းဆီရောစပ်၍ လိမ်းပေးခြင်းတို့ ပြုလုပ်နိုင်သည်။
(၆) ဝမ်းချုပ်နေပါက ဆားခါး သို့မဟုတ် အိမ်သုံးဆား ရှစ်ကျပ်သားကို ချင်းစိမ်း၂ ကျပ်သားပြုတ်ရည်ဖြင့် တစ်လီတာဘူးထဲတွင် ရောစပ်ကာ နံနက်၊ ည နှစ်ကြိမ်တိုက်ပေးနိုင်သည်။
(၇) အစာစားနည်းပါက ထမင်းရည်ထဲကို ထန်းညှက်ရည်နှင့် ဆားထည့်ကာ တိုက်ကျွေးပေးနိုင်ပါသည်။
(၈) အားဆေးလိုအပ်ပါက ဗီတာမင်စီပါဝင်သော အားဆေးမျိုးကို အသုံးပြုနိုင်ပါသည်။
Ref: ဆရာမ ဂမုန်းဖြူဖြူ၏”ခွာကွဲတိရစ္ဆာန်များ ခွာနာလျှာနာ ဖြစ်ပွားပါက မိမိအိမ်တွင် အလွယ်တကူကုသနိုင်သော နည်းလမ်း” မှကောက်နှုတ် တင်ပြပါသည်။
KoAgyi Agyi
လွန်ခဲ့သော ၃ နှစ် ကခွာနာလျှာနာဝင် ပြီး အမွှေတွေရှည်လာတယ်ဆရာ ပီးတော့ အစာလည်းကောင်းကေင်းမစားတော့ဘူး ပိန်ပြီး အာနည်းတာမောတာတွေဖြစ်နေပါတယ် မနက်မနက် ရေချိုပေးပါတယ် အာဆေးလည်းမကြာခဏ ထိုးပါတယ် ပုံမှန်တော့ မထိုးဖြစ်ဘူး အခြေနေက ထူးမလာသေးဘူး နို့ကနည်းနည်းဘဲရတော့တယ် ရွာကလူတွေက ရေစိမ်မွှေးထိုး(အမွှေးရှည်)နွားတွေကို အောက်စျေးနဲ့ အသားလိုင်းထဲ ထည့်လိုက်ကြတယ် ကျနော်တို့အိမ်မှာလည်း ရေစိမ်မွှေးထိုး(အမွှေးရှည်)နွား နို့ညှစ် ၃ကောင်ရှိပါတယ်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....