ကြက်မွေးမြူရေးတွင် ဆီး(ဇီး)ဖြူသီးအသုံးဝင်ပုံ
ကြက်မွေးရင် အကြောက်ရဆုံးက ကြက်ခြံထဲကို မြွေဝင်မှာကိုပါ။ ကြက်ကို ဆွဲသွားမှာကြောက်ရသလို လူကိုရန်ပြုမှာလည်း ကြောက်ရပါတယ်။ ဒါကြောင့် ရှေးအဆက်ဆက် ကျင့်သုံးလာတဲ့နည်းအတိုင်း ဇီးဖြူသီးကို ကြက်ခြံပတ်လည်မှာ ကျဲချထားရပါတယ်။ အဲ့သလို ကာကွယ်ထားတဲ့အပြင် ကြက်ခြံအနံ့ကြောင့် မြွေလာမှာစိုးလို့ EM ကိုလည်း ဖျန်းပေးရပါတယ်။
နောက်တစ်ခုက ကြက်ကလေးတွေမှာ ကျောက်ပေါက်တာ၊ နှုတ်သီးတစ်ဝိုက် အနာဖုများထွက်တာတွေအတွက် ဇီးဖြူသီးရွက်ကို ရေနှင့် သုံးခွက်တစ်ခွက်တင်ကျို၍ ရသောအရည်ဖြင့် ဖန်ရည်ဆေးပေးနိုင်သည့်အပြင် အစာအတွင်း ဇီးဖြူသီးကို အစိမ်းထောင်းထည့်ကျွေးပါက ဗီတာမင်-စီဓါတ်ကိုရရှိပြီး အနာအကျက်မြန်စေပါတယ်။ ဇီးဖြူရွက်ကို ကျွမ်းအောင် လှော်၍ အနာပေါ်ကိုလည်း လိမ်းပေးနိုင်ပါတယ်။
ကြက်သွေးဝမ်းရောဂါ၊ အူတွင်း သွေးယိုစိမ့်ခြင်းတို့အတွက် ဇီးဖြူသီးကိုထောင်း၍ သောက်ရေတွင် စိမ်တိုက်ခြင်း (သို့မဟုတ်) ဇီးဖြူသီးကိုပြုတ်၍ အစာနှင့် ရောနယ်ကျွေးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
အရေပြားရောဂါများဖြစ်သော ကြက်ပွေး၊ ယားနာများအတွက် ဇီးဖြူသီးခြောက် (သို့) အစိုကိုသွေး၍ သံပုရာသီးအနည်းငယ်ထည့်ပြီး လိမ်းပေးလို့ရပါတယ်။
ဇီးဖြူသီးသည် ကြက်ချွဲထခြင်းကိုလည်း လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။
ကြက်မျက်စိတွင် ဖြစ်တတ်သော ရောဂါများအတွက် အစေ့ကို ထုထောင်းချေပြီး ရေနွေးနှင့်ပြုတ်၍ မျက်စိကို ဆေးကြောပေးလို့ရပါတယ်။
လတ်ဆတ်သောဇီးဖြူသီးသည် ကြက်သန်ချဆေးအဖြစ်လည်း အသုံးဝင်ပါသေးတယ်။
အသည်းကျန်းမာရေးကိုကောင်းစေပြီး ကြက်ကိုယ်တွင်းရှိ အဆိပ်အတောက်များကိုပါ ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။
ဇီးဖြူသီးကို အစိမ်းထောင်း၊ ပြုတ် စသည်ဖြင့်ပြုလုပ်ပြီး ကြက်စာအတွင်း တစ်ပတ်တစ်ကြိမ် ထည့်ကျွေးပါက အထက်ပါရောဂါများကို သက်သာစေသည့်အပြင် သဘာဝအတိုင်း ဗီတာမင်-စီဓါတ်ကို ရရှိစေပြီး ကြက်များ အလွယ်တကူရောဂါဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
Ref: ဆရာမ ဂမုန်းဖြူဖြူ ၏ “ ကြက်နှင့် ဆီးဖြူသီး အသုံးဝင်ပုံ” စာစုမှ ကောက်နှုတ်ဖော်ပြပါသည်။
ဦးရဲမင်းထွန်း
လွန်ခဲ့သော ၃ နှစ် ကအသားတိုး ကြက်ကျွေးရင် ဝိတ်ကျလား ဆရာ
မနှင်းကလျာမွန်
လွန်ခဲ့သော ၄ နှစ် ကကြ က်တွေအနာကျရင်ရော အစိမ်းထောင်းကျွေးလို့ရပါသလား ဆရာ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး