နို့စားနွားများ အပူဒဏ်မှ သက်သာစေရန် အာဟာရဖြင့် စီမံခန့်ခွဲနည်း (၂)
နို့စားနွားများ အပူဒဏ်မှ သက်သာစေရန် အာဟာရဖြင့် စီမံခန့်ခွဲနိုင်တဲ့ အကြောင်းကို အပိုင်း (၁) မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
ဖတ်ရှုရန်>>>https://bit.ly/3G4xVlY
အခုအပိုင်းမှာတော့ ဘယ်လိုအစာတွေကျွေးပြီး ဘယ်လို စီမံခန့်ခွဲရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်ရှင့်
(၆) သတ္တုဓာတ်
ရာသီဥတု ပူပြင်းလာသည်နှင့်အမျှ သတ္တုဓာတ် လိုအပ်ချက်သည်လည်း မြင့်တက်လာပါသည်။ ထို့ကြောင့် အစာထဲတွင် သတ္တုဓာတ်များ ပိုမို ပါဝင်ရန် လိုအပ်ပါသည်။ သို့မှသာ နွားများ၏ ကျန်းမာရေးနှင့် နို့ထုတ်လုပ်မှုကို ထိန်းထားနိုင်မည် ဖြစ်ပါသည်။
(၇) ကြားခံအနေဖြင့် ဆောင်ရွက်ပေးသော ဓာတ်ပစ္စည်း
ရာသီဥတု ပူပြင်းချိန်တွင် အစာချေဖျက်ခြင်းမှ ထွက်ရှိသော အပူဓာတ်ကို လျှော့ချရန်နှင့် စွမ်းအင်ဓာတ် ပိုမိုရရှိရန်အတွက် အစာကြမ်း ပမာဏ နည်းပြီး အစာနုပမာဏများသော အစာကို ပြောင်းလဲကျွေးသည့် အချိန်တွင် အစာအိမ်အတွင်း ချဉ်ဖန်နှုန်းသည် ကျဆင်းလာတတ်ပါသည်။ ထိုအခြေအနေကို ထိန်းထားနိုင်ရန်အတွက် ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ကဲ့သို့သော အစာအိမ်၏ ချဉ်ဖန်နှုန်းကို ထိန်းညှိပေးနိုင်သော ကြားခံဓာတ်ပစ္စည်းများ ထည့်ကျွေးရန် လိုအပ်ပါသည်။ အစာထဲတွင် ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်သည် အနည်းဆုံး ၀.၇၅ ရာခိုင်နှုန်း ပါဝင်ရန်လိုအပ်ပါသည်။
(၈) အရည်ရွှမ်းသော အစာများ
မြက်/ပြောင်း ချဉ်ဖတ်၊ အစာစိမ်းများနှင့် အသီးအနှံ စားသောက်ကုန် စက်ရုံများမှ ထွက်လာသော ဘေးထွက်ပစ္စည်းများသည် အရည်ရွှမ်းပြီး အာဟာရပါဝင်မှု မြင့်မားပါသည်။ နွားများသည် အရည်ရွှမ်းသော အစာများကို နှစ်သက်သောကြောင့် ရာသီဥတုပူပြင်းချိန်တွင် ထိုအစာများကို ကျွေးခြင်းအားဖြင့် အစာစားနှုန်းကို ကောင်းစေနိုင်ပါသည်။ သို့သော် အစာ၏ အစိုဓာတ် ပမာဏ များလွန်းနေလျှင် အစာစားနှုန်းကို ထိခိုက်စေနိုင်သောကြောင့် အစာ၏အစိုဓာတ်ပမာဏသည် ၅၀ - ၅၅ ရာခိုင်နှုန်းထက်မများစေရန် ဂရုစိုက်ရပါမည်။ ထို့အပြင် ရာသီဥတုပူပြင်းချိန်တွင် အရည်ရွှမ်းသောအစာများသည် အစာခြောက်များထက် မြန်မြန်ပျက်စီးလွယ်သောကြောင့် အစာထားသော နေရာများကို နေ့စဉ်သန့်ရှင်းရေးလုပ်ပေးရန် လိုအပ်ပါသည်။

(၉) အစာကျွေးမွေးခြင်းဆိုင်ရာ စီမံခန့်ခွဲမှုများ
ရာသီဥတုပူပြင်းချိန်တွင် နွားများလမ်းလျှောက်ခြင်းအားဖြင့် ပြင်ပအပူဒဏ်ကို ခံစားရနိုင်သလို ကိုယ်တွင်းအပူထုတ်လုပ်မှုလည်း မြင့်တက်လာသောကြောင့် နေ့ခင်းပိုင်းတွင် လမ်းလျှောက်ချိန်ကို လျှော့ချရန် လိုအပ်ပါသည်။ ထို့ကြောင့် နေ့ခင်းပိုင်း အစာကျွေးရာတွင် အစာရှိသော နေရာသို့ နွားများ လာခြင်းထက် နွားများရှိသော နေရာသို့ အစာကို သွားကျွေးခြင်းက ပိုမို သင့်လျော်ပါသည်။ စားကျက် လွှတ်ကျောင်းသော နွားများအတွက် နေ့ခင်း အပူဆုံးအချိန်တွင် နွားများကို အရိပ်တွင် နားစေပြီး နံနက်စောစောနှင့် ညနေ၊ ညနေအစောပိုင်းများတွင်သာ စားကျက်တွင် လွှတ်ကြောင်းသင့်ပါသည်။ အစာကျွေးသည့်အခါတွင် နေ့ခင်းအပူဆုံးအချိန်တွင် အနည်းငယ်သာ ကျွေးပြီး ညပိုင်းနှင့် နံနက်ပိုင်းတွင် ပိုကျွေးသင့်ပါသည်။ ထို့ကြောင့် အစာစုစုပေါင်း၏ ၆၀ - ၇၀ ရာခိုင်နှုန်းခန့်ကို နံနက်အစောနှင့် ညနေပိုင်းတွင် ကျွေးသင့်ပါသည်။ ပူပြင်းစိုစွတ်သော ရာသီဥတုတွင် အစာကျွေးသည့် အကြိမ်ရေတိုးကျွေးခြင်း (အစာနည်းနည်းနှင့် အကြိမ်ရေ များများ) ဖြင့် အစာချေဖျက်ခြင်းမှလည်း ကာကွယ်နိုင်ပါသည်။
ကြိုတင်ပြင်ဆင်ထားသင့်သည့် အချက်များ
နွေရာသီ နီး၍ ရာသီဥတု ပူပြင်းလာချိန် နီးလာလျှင် အောက်ပါအချက်များကို ကြိုတင်ပြင်ထားရန် လိုအပ်ပါသည်။
- အစာစားနှုန်းကို ထိန်းထားနိုင်ရန်အတွက် အစာတွင် ပါဝင်သော ပစ္စည်းများကို ပြန်လည်တွက်ချက်ပြီး အစာစပ်ထားရန်
- သန့်ရှင်းသောရေ ပိုမိုရရှိရန် ပြင်ဆင်ထားရန်
- နွားများ နားခိုနိုင်ရန် အရိပ်ကို ကြိုတင်ပြင်ဆင်ထားရန်
- နွားခြံအတွင်း လေဝင်လေထွက် ကောင်းစေရန်အတွက် ပန်ကာများ၊ ရေပန်းများ တပ်ဆင်ခြင်းနှင့် နွားခြံ၏ ဘေးထက်နံရံများကို ဖွင့်ချနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားခြင်း
ဒေါက်တာ မင်းအောင်ရေးသားသော "နို့စားနွားမွေးမြူရေး စီမံခန့်ခွဲမှုများ"မှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Min Maung
လွန်ခဲ့သော ၁ နှစ် ကဒေသ ခိုင်းနွားတွေအတွက် ကျမ်းမာဝဖြိုးအောင် နွေ မိုး ဆောင်း အစာကျွေးနည်းစနစ်နဲ ဖြည့်စွက်အစာအာဟာရတွေ သိချင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....