ဆောင်းရာသီတွင်ပေါများသော ငါးပုတ်သင်ငါး၏ ကျန်းမာရေးကောင်းကျိုးများ
ငါးပုတ်သင်ငါးကို လူတော်တော်များများသိကြသော်လည်း ငါးပုတ်သင်ငါး၏ ကျန်းမာရေး ကောင်းကျိုးများကိုတော့ သိသူနည်းလှသဖြင့် ဗဟုသုတရရှိစေရန် ဖော်ပြပေးလိုက်ပါသည်။

ငါးပုတ်သင်ငါးကို ဆောင်းရာသီကာလ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲလများတွင် အများဆုံးရမိကြသည်ဟု ငါးဖမ်းရေလုပ်သားများက ပြောကြပါသည်။
ရေအောက်ကြမ်းပြင်နေ(Demersal fish)ဖြစ်သော ငါးပုတ်သင်ငါး(croaker)ကို ရေချိုရေငန်စပ်နှင့် ရေငန်ပိုင်းတွင် အများဆုံးတွေ့ရလေ့ရှိသည်။ အထူးသဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် မုတ္တမပင်လယ်ကွေ့တို့တွင် ငါးပုတ်သင်ငါးကို ပိုမိုတွေ့ရတတ်ပါသည်။
ငါးပုတ်သင်ငါး၏ ပုံသဏ္ဌာန်
ငါးပုတ်သင်ဟုခေါ်ရခြင်းမှာ ထိုငါး၏ဦးခေါင်းသည် ပုတ်သင်ညို၏ဦးခေါင်းနှင့် တူသောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ အချို့ဒေသတွင်တော့ ငါးပြက်ဟုလည်း ခေါ်ကြသည်။
အရောင်အဆင်းမှာ အဖြူရောင်ဖျော့ဖျော့ရှိပြီး အကြေးခွံသည် ပါးလွှာ၏။အောက်ဘက်ရှိမေးရိုးသည် အထက်မေးရိုးထက် အနည်းငယ်ရှည်သည်။ ကိုယ်လုံးမှာမူ ငါး၏ကိုယ်လုံးကဲ့သို့ ဖြစ်သည်။ကျောရိုးဆူးတောင်သည် အမြီးတိုင်အောင် ရှိသည်။အမြီးခွ မရှိဘဲ အမြီးချွန်သည်။ ရေယက်နှင့် စအိုဆူးတောင်လည်း ပါရှိသည်။
ငါးပုတ်သင်၏ အရသာနှင့်ဂုဏ်သတ္တိ
သားငါးကျေးငှက်အဘိဓာန်အဆိုအရ ငါးပုတ်သင်၏ အရသာနှင့်ဂုဏ်သတ္တိမှာ ငါးပုတ်သင်သည်ဖန်သောအရသာရှိသည်။ ကြေလွယ်သည်။ ဝမ်းခိုင်စေသည်။ အစာမကြေနာ၊ ရင်နာနှင့် ဘေးထိုးရင်ကျပ်နာတို့ကို နိုင်သည်။
ဥပမာ - ငါးစီဖောင်းနှင့် ဝမ်းပျဉ်းသားတို့သည်လည်း စားသုံးခြင်းဖြင့် အကျိုးများစေသည်ဟု ဆိုပါသည်။
ငါးပုတ်သင်စားသုံးခြင်းနှင့် ကျန်းမာရေး
ငါးပုတ်သင်၏ ဦးခေါင်းထဲတွင် ကျောက်ခဲဖြူဖြူလေး ၂ လုံး ပါရှိသည်။ ထိုကျောက်ခဲသည် ဆေးဖက်ဝင်သည်။ ယင်းကျောက်ခဲကို အမှုန့်ကြိတ်၍ သံပရာရည်ဖြင့် ဖျော်သောက်ပါက ဆီးမသွားနိုင်သော မုတ္တကျိတ်နာ-မုတ္တကျိတ်ရောဂါကို ပျောက်ကင်းစေသည်ဟု သိရသည်။
ဒါ့အပြင် ငါးပုတ်သင်ကျောက်သည် ဆီးနှင့်သက်ဆိုင်သောရောဂါများကို ပျောက်ကင်းစေသည်။ ဆီးကျိတ်ကြီးသောရောဂါ၊ ဆီးကျိတ်ပိတ်သောရောဂါများအတွက် ငါးပုတ်သင်ကျောက်ကို သံပရာရည်ဖြင့် စိမ်သောက်ပေးနိုင်သည်။
ငါးပုတ်သင်စားသုံးနည်း
ငါးပုတ်သင်ကို အမျိုးမျိုးပြုလုပ်၍ စားသုံးကြသည်။ ချက်စား၊ ကြော်စား၊ ပေါင်စားသည်က များသည်။ ငါးပုတ်သင်မှရသော ငါးပုတ်သင်စီဖောင်း(fish maw)မှာ စျေးကောင်းပြီး စီးပွားရေးအရ အရေးပါလှပါသည်။
ငါးပုတ်သင်ကို အချဉ်တည်၍လည်း စားကြသည်။ ငါးပုတ်သင်ချဉ်သည် ငါးခုံးမချဉ်၊ ငါးဖယ်ချဉ်တို့ထက် ပို၍အရသာရှိသည်ဟု ဆိုသည်။ မော်လမြိုင်ဘက်တွင် 'ငါးပြက်ချဉ်ထုပ်’ဟု ခေါ်ဝေါ်ကြပါသည်။
ငါးပုတ်သင်ကို အစိုချက်စားရာတွင် ပေါ့ပြက်သလိုရှိသော်လည်း ငါးခြောက်ပြုလုပ်၍ ကြော်ချက်စားပါက အရသာထူးလှသည်။ ထို့ပြင် ငါးပုတ်သင်ကို ငါးပိချက်လည်း ချက်စား၍ရသလို အခြား သင့်လျော်သလို ကြော်ချက်၍လည်း စားသုံးနိုင်ပါသည်။
ရေးသားသူ-ပင်လယ်ပြာ(ငါးဦးစီး)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
RFDA(Yangon)
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026