“ကြက်များကို တရုတ်နံနံကျွေးပေးခြင်းဖြင့် ဥ ဥနှုန်းမြင့်မားလာနိုင်ခြင်း"
ကြက်မွေးမြူသူ အများစုသည် ကြက်ကို တရုတ်နံနံကျွေးနိုင်ကြောင်း သိပ်မသိကြသေးပေ။ တရုတ်နံနံသည် ကောင်းမွန်သော ကြက်မွေးမြူရေး အစာတစ်မျိုးဖြစ်ပြီး ဗီတာမင်ဓါတ် အများအပြားပါဝင်ပါသည်။ ထို့ပြင် တရုတ်နံနံတွင် အမျှင်ဓါတ်ပါဝင်သောကြောင့် ကြက်၏ အစာအိမ် အရည် စိမ့်ထွက်မှုကို ကောင်းမွန်စေကာ အစာချေလွယ်ကူစေပြီး အာဟာရဓါတ် စုပ်ယူမှု ကောင်းမွန်စေသည်။
ထို့ကြောင့် မွေးမြူသူအများအပြားသည် ကြက်များအစာ စားရာတွင် အစာမကြေခြင်း၊ အစာ စားလိုစိတ်မရှိခြင်းများ ဖြစ်ပေါ်ပါက တရုတ်နံနံကို ကျွေးပေးလျက်ရှိကြကာ ကြက်ကို အစာစားလိုစိတ် ဖြစ်ပေါ်စေနိုင်သည်။
သို့သော် မွေးမြူသူများ မသိရှိကြသည်မှာ တရုတ်နံနံသင့်လျော်စွာ ကျွေးပေးပါက ဥ ထွက်နှုန်းလည်း မြှင့်တင်ပေးနိုင်ကြောင်းပင် ဖြစ်ပါသည်။
အသုံးပြုပုံမှာ -
(၁) ကြက်ကို သာမန်အာနိသင် ကြက်စာကျွေးနေစဥ်မှာပင် တစ်ပတ်လျှင် (၃ - ၅) ကြိမ် ကြက်ကို တရုတ်နံနံ ကျွေးပေးနိုင်ပါသည်။ တစ်ကြိမ်ကျွေးလျှင် ကြက်တစ်ကောင်၏ စားသုံးမှု ပမာဏမှာ (၄၀ – ၅၀) ဂရမ်ဖြစ်ပြီး အကောင်းဆုံးမှာ တရုတ်နံနံအရွက်နှင့် အကိုင်းကို နုတ်နုတ်စဥ်းကာ ပေါင်းစပ်ရောနှောကျွေးခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကြက်၏ အစာချေနိုင်စွမ်းကို မြှင့်တင်ကောင်းမွန်စေမည်ဖြစ်သည့်အပြင် ကြက်၏ အစာစားလိုစိတ်ကိုလည်း မြှင့်တင်ပေးနိင်မည်ဖြစ်သည်။
(၂) တရုတ်နံနံအရည်ကို သောက်ရည်အဖြစ် တိုက်ကျွေးနိုင်ပါသည်။ သောက်လို့ကောင်းစေရန်အတွက် ရေထဲတွင် Glucose (ဂလူးကိုစ့်) အရည်များ ထည့်ပေးနိုင်ပါသည်။ ဤသို့အားဖြင့် ကြက်ကို ရေသောက်ခြင်းမှ တဆင့် အစာချေခြင်း ကောင်းမွန်စေနိုင်ပြီး မွေးမြူရေးစာအာဟာရ စုပ်ယူမှုကိုလည်း ကောင်းမွန်စေမည့်အပြင် ဥ ထွက်နှုန်းကို ၂၀ % ထိ မြှင့်တင်ပေးနိင်မည်ဖြစ်ကြောင်း သိရပါသည်။
(၃) မလတ်ဆတ်သော (သို့) ပုပ်သိုးသော တရုတ်နံနံများကျွေးခြင်းကို ရှောင်ကြဥ်ရမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တရုတ်နံနံ၏ အကျိုးအာနိသင်မှာ ကြက်၏ အစာချေမှုနှင့် အာဟာရဓါတ်စုပ်ယူမှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်သောကြောင့် လတ်ဆတ်မှု မရှိသော ပုပ်ဆွေးနေသော တရုတ်နံနံကို စားသုံးမိပါက ကြက်၏ အာဟာရဓါတ်စုပ်ယူမှုနှင့် အစာချေနိုင်စွမ်းကို မမြှင့်တင်နိုင်သည့်အပြင် ကြက်ကို အစာစားလိုစိတ်မရှိစေခြင်း၊ ဝမ်းလျှော၊ အော့အန်ခြင်းများ ဖြစ်စေနိုင်ပါသည်။ ထို့အပြင် ဥ ထွက်နှုန်းမြှင့်တင်မှု မပြုလုပ်နိုင်သည့်အပြင် ကြက်များသေဆုံးခြင်းကိုလည်း ဖြစ်ပေါ်စေကြောင်း သိရပါသည်။
မှီးငြမ်း - ကိုမိုး၏ တိရစ္ဆာန်အစာကျွေးနည်း မှတ်စုများ။
ဦးဇော် (dof)
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
Ma min ko ko
လွန်ခဲ့သော ၁ နှစ် ကhubbard classic
Ma min ko ko
လွန်ခဲ့သော ၁ နှစ် ကhubbar classic
Jazz Jazz
လွန်ခဲ့သော ၄ နှစ် ကတင်ပေပါမသိတာလေတွေသိခွင့်ရလို
ဆက်စပ်ဆောင်းပါးများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....