ကျွဲ၊နွား၊ဆိတ်၊ဝက် တို့ရဲ့အစာ နေပီယာမြက်(Napier Grass)
နေပီယာမြက်ဆိုတာ သာမန်မြက်ထက် ၂ဆ၊ ၃ဆကြီးထွား နှုန်းမြန်တဲ့ မြက်မျိုးဖြစ်ပြီး ကြံပင်လိုလို၊ ပြောင်းပင်လိုလို အပင်ကြီးမျိုး ဖြစ်တာကြောင့် တိရစ္ဆာန်တွေကိုကျွေးရန် အထူး သင့်တော်လှပါတယ်။ နေပီယာ မြက်ကိုလွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က ထိုင်းနိုင်ငံမှ စတင်သယ်ဆောင်လာပြီး မြန်မာနိုင်ငံမှာ စမ်းသပ်စိုက်ပျိုးထားရာ နွားများ အလွန်ကြိုက်နှစ်သက် ကြပါတယ်။
ရိုးရိုးမြက်တွေမှာ အသားဓာတ် ၅% ပဲပါဝင်ပြီး နေပီယာ မြက်မှာတော့အသားဓာတ် (၁၅-၁၉)% အထိပါဝင်ပါတယ်။ ၄င်းမြက်မှာ အရွက်ကြီးခြင်း၊ နူးညံ့ခြင်း၊ အမွှေးအမျှင်ကင်းခြင်း နှင့် မထိရှခြင်းတို့ကြောင့် နွားနဲ့ အရွက်စားတိရစ္ဆာန်များ ကြိုက်နှစ်သက်ကြပြီး အပင်ပွားအတက် များရုံသာမက အပင်မြင့်ကာ ရိတ်သိမ်းသယ်ဆောင်ရန်လည်း အဆင်ပြေသဖြင့် ရာသီဥတုနှင့် မြေဆီလွှာသာ ကောင်းရန် လိုပါတယ်။
နေပီယာမြက်ကို နွေရာသီမှာ တိရစ္ဆာန်များအတွက် အစာရှာရခက်ခဲခြင်းကြောင့် စိုက်ပျိုးနိုင်သလို အစာစရိတ် သက်သာချင်သူများ၊ တိရစ္ဆာန်အစာအတွက် အဆင့်တက်ပြုပြင် လုပ်ကိုင်ချင်သူများ၊ ခြံ လှောင်စနစ် ဖြင့် မွေးမြူရေးလုပ်ကိုင်သူများ၊လွှတ်ကျောင်းရန် အဆင်မပြေသူများ၊ မွေးမြူရေး လုပ်ငန်း တွင် တိရစ္ဆာန်အစာများရှာရန် ခက်ခဲသူလုပ်ငန်းရှင်များအနေဖြင့် နေပီယာ မြက်ကို စိုက်သင့် ပါတယ်။
နေပီယာ မြက်ကို ၁ဧကစိုက်ပျိုးထားပါက အရွယ်ရောက်ပြီး နွား ၁၀ကောင်အတွက် ၁နှစ်စာအစာဖူလုံမှု ရှိပြီး မြေသြဇာကျွေးရာတွင်လည်း ယူရီးယား(Urea) ၅၀ ကီလိုဂရမ်နှင့် နွားချေးကဲ့သို့ သဘာဝမြေသြဇာ ၇မက်ထရစ် တန်ခန့် သာ အသုံးပြုရန်သာလိုသဖြင့် ပထမအကြိမ် ရိတ်သိမ်း ခြင်းကို စတင်စိုက်ပျိုးပြီး ၂လ မှ ၂လခွဲအတွင်း ပြုလုပ်နိုင်ပါတယ်။ ဒုတိယအကြိမ်မှစ၍ ၁လမှ ၁လခွဲအတွင်း ရိတ်၍ရပြီး ထိုကဲ့သို့ ရိတ်သိမ်းခြင်းကို ၁နှစ်လျှင် ၆ကြိမ်မှ ၈ကြိမ်အထိရိတ်သိမ်းနိုင်ပါတယ်။ ၁နှစ်၁ကြိမ် မြေသြဇာထည့်ပေးရမည်ဖြစ်ပြီး ၆နှစ်ခန့်ရှိပါက အသစ်ပြန်လည်စိုက်ပျိုးရပါတယ်။
စိုက်ပျိုးနည်းမှာ-
နေပီယာ မြက်ပင် စိုက်ပျိုးမယ့် မြေကို ထယ်ထိုးထွန်မွှေပြီး ပါက ပင်ကြားxတန်းကြား အကွားအဝေး ၃x၃ ပေထား၍ စိုက်ပျိုးလေ့ရှိကြပါတယ်။
မိုးရာသီတွင်စိုက်ပျိုးပါက အဆစ်၂ဆစ်ပါသောပင်ပိုင်း များမှ အဆစ်၁ဆစ်ကိုမြုပ်၍ ကျန်၁ဆစ်ကို မြေမျက်နှာပြင် နှင့် ထိအောင်ထားပြီး စိုက်ပျိုးရပါတယ်။
ထူးခြားချက်မှာ နေပီယာမြက်ကို တစ်ခါစိုက်လျှင် အနည်းဆုံး ၆နှစ်၊၇နှစ်ခန့် ရိတ်သိမ်း ကျွေးမွေးနိုင်တဲ့အတွက် အစာဖိုးကုန်ကျစရိတ် သက်သာစေတဲ့ မြက်မျိုး လို့ဆိုနိုင်ပါတယ်။ ၁ဧကစိုက်ပျိုးထားရင် ၁နှစ်ပတ်လုံး နွားဆိုအကောင် ၂၀ခန့်၊ ဆိတ်ဆို ၆၅ကောင်အထိ အစာ ကျွေးမွေးနိုင်ပါတယ်။
တိရစ္ဆာန်အစာအတွက် အသုံးဝင်ပုံမှာ-
တိရစ္ဆာန်တွေကို ကျွေးမွေးရာမှာ ရက်၃၀အတွင်း ရိတ်သိမ်းထားတဲ့ မြက်ပင်များကို အပင်အတိုင်းကျွေး နိုင်ပြီး ရက်၃၀ ကျော်မှရိတ်သော အပင်များကိုစင်း၍ ကျွေးရပါမယ်။ ဒါ့အပြင် ပိုလျှံတဲ့ မြက်များကို လေလုံအိုးများမှာ ထည့်ကာ မြက်ချဥ်ဖတ် ပြုလုပ်ထားပြီး အစာရှား ပါးချိန်မှာ ထုတ်ယူ ကျွေးမွေးနိုင်ပါတယ်။ နေပီယာမြက်ကို အခြောက်သိမ်းထားလို့ရပြီး အစာတောင့်အဖြစ်လည်း ပြုလုပ် သုံးစွဲကြပါတယ်။
အစာကျွေးနည်းမှာ-
- နေပီယာ မြက်ကို ကျွဲ၊နွား၊မြင်း၊နွားနောက်များကို ကျွေးမယ်ဆိုရင် ၄င်းတို့၏ကိုယ်အလေးချိန်ရဲ့ ၁၀% ကျွေးလို့ရပါတယ်။ တခြားအစာနဲ့ ရောကျွေးမယ်ဆိုပါက နေပီယာမြက် ၃ချိုး၊ ကျန်အစာ ၁ချိုးထိ ရောကျွေး လို့ရပါတယ်။
-ဝက်စာအဖြစ်ကျွေးမယ်ဆိုပါက အစာကြမ်းအနေနဲ့ လည်းကောင်း၊ ချဥ်ဖတ်သိပ်၍ လည်းကောင်း ၊အခြားအစာ ရောစပ်၍ လည်းကောင်း ကျွေးနိုင်ပါတယ်။
-ငါးကိုကျွေးမယ်ဆိုပါက နေပီယာမြက် ကို ငါးစားလို့ရတဲ့အရွယ်ထိ စင်းပြီးအခြားအစာများနှင့် ရောစပ်ကျွေးလို့ရပါတယ်ဆိုတဲ့ အကြောင်းရေးသားကာ ဖော်ပြလိုက်ရပါတယ်။
မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ အစာကုန်ကျမှုသက်သာ ပြီး လုပ်ငန်းများအဆင်ပြေကြပါစေဗျ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျော်ဇင်လတ်
လွန်ခဲ့သော ၃ နှစ် ကနေပီယာချ၍်ဖတ်လုပ်နည်းလေးပြောပြပါ
အေးထွန်း
လွန်ခဲ့သော ၃ နှစ် ကမြက်ချဉ်ဖတ်ပြုလုပ်နည်းသိချင်ပါတယ်
U Soe Thein Naing
လွန်ခဲ့သော ၄ နှစ် ကနေပီယာမြက်ကိုဘယ်လိုမှာယူလို့ရမလဲခင်ဗျ ညောင်ဦးမြို့နယ်ကပါ။ ရေသွင်းစိုက်ပျိုး၍ရနိုင်ပါ့မလားခင်ဗျာ
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကချဉ်ဖက် လုပ် နည်း ေြပာ ြပ ပါ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး