ဝက်စာကျွေးရာတွင် ပါဝင်ရမည့် အာဟာရဓာတ်များနှင့် အစာအချိုးအစားများ အပိုင်း-၂
ဝက်စာတွင်ပါဝင်ရမည့် အစာအမျိုးအမည်များမှာ-

- (၁) ပြောင်း
- (၂) ဆန်ကွဲ
- (၃) ဖွဲနု
- (၄) သကာရည်
- (၅) ပီလောပီနံဥ
- (၆) ငါးမှုန့်၊ ပုစွန်ဖွဲ
- (၇) သစ်ဥ
- (၈) ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ် နှင့် ဆီကြိတ်ဖတ်တို့ဖြစ်ပါသည်။
၁။ ပြောင်း
ပြောင်းတွင် ကစီဓာတ်နှင့် အဆီဓာတ်များ ပါဝင်ပါသည်။ ပရိုတင်းဓာတ်ပါဝင်မှု နည်းပါသည်။ ပြောင်းပါဝင်မှု အချိုးများသောအစာကို စားရသောဝက်များသည် အဆီတက်နှုန်း များပါသည်။
ပြောင်းကိုကျွေးရာတွင် ကြိတ်ပြီးမှကျွေးရပါမည်။ သို့မဟုတ်လျှင် အစာကြေချက်မှု မကောင်းချေ။
၂။ ဆန်ကွဲ
ဝက်အစာစပ်ရာ၌ ဆန်ကွဲကို အချိုးကျပါဝင်ရောစပ်ပေးနိုင်ပါသည်။ ဆန်ကွဲပါဝင်မှု ၂၅ % အထိ ရောစပ်၍ ကျွေးမွေးနိုင်ပါသည်။
၃။ ဖွဲနု
ဝက်ငယ်များကို ဖွဲနု မကျွေးသင့်ပါ။ ဝက်ကြီးများအတွက်ကိုမူကား ၁၀ % ထက် မပိုသည့် အချိုးဖြင့် ရောစပ် ကျွေးနိုင်ပါသည်။
၄။ သကာရည်
သကာရည်ကို ဝက်အစာများထဲတွင် ရောစပ်ကျွေးနိုင်ပါသည်။ ဝက်အများစုက သကာရည်ကို နှစ်သက်ကြပါသည်။ အစာထဲသို့ ၂၀ %အထိ ရောစပ်ကျွေးမွေးနိုင်ပါသည်။
၅။ ပီလောပီနံဥ
ပီလောပီနံဥနှင့် အခွံများသည် ဝက်အာဟာရအတွက် အသုံးဝင်သောအစာဖြစ်သည်။ ပီလောပီနံတွင် အဆိပ်အတောက် ပါဝင်သည့်အတွက် အစိမ်းမကျွေးဘဲ ပြုတ်ပြီးမှကျွေးရပါမည်။ ပီလောပီနံဥမှာ ပြောင်းနှင့် အလားတူ အာဟာရဓာတ် ပါဝင်ပါသည်။
၆။ ငါးမှုန့်၊ ပုစွန်ဖွဲ
ငါးမှုန့်၊ ပုစွန်ဖွဲ စသည်တို့မှာ ပရိုတင်းဓာတ် အများဆုံး ပါဝင်သည့်အတွက် ဝက်စာအဖြစ်အသုံးဝင်ပါသည်။ဝက်ငယ်များအတွက် ၁၀ % အချိုး ထည့်ပေးရပါမည်။
၇။ သစ်ဥ
သစ်ဥအမျိုးမျိုးသည် ဝက်များ၏ သဘာဝအစာ ဖြစ်သည့်အတွက် ကျွေးမွေးရန် သင့်တော်ပါသည်။
၈။ ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ ပဲပုတ်ဖတ်နှင့် ဆီကြိတ်ဖတ်များ
ဆီကြိတ်ဖတ်များ၊ ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်နှင့် ပဲပုတ်ဖတ်များသည် ဝက်စာအတွက်အထူးအသုံးဝင်ပြီး အာဟာရဓာတ်ပါဝင်နှုန်း ကောင်းမွန်ပါသည်။
ဝါစေ့ဖတ်တွင်မူ အဆိပ်တစ်မျိုးပါဝင်သည့်အတွက် ၅%ထက်ပို၍ ကျွေးမွေးရန်မသင့်ချေ။
အခြားဆီကြိတ်ဖတ်များကိုတော့ ၁၀% မှ ၂၀ % အထိ ရောစပ်ကျွေးမွေးနိုင်ပါသည်။
၉။ သကြား
သကြားအကြမ်းများကို ဝက်ငယ်များ စောစောနို့ခွဲရန်အတွက် နို့စို့ဝက်ငယ်အစာတွင် ၁၀% မှ ၂၀% အထိရောစပ်ကျွေးမွေးနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ဝက်အစာစပ်နည်း
ကျော်ဌေး
လွန်ခဲ့သော ၃ နှစ် ကဟုတ်တယ်ပညာပေးတင်သင့်ပါတယ်
ဦးဇင်မင်းထက်
လွန်ခဲ့သော ၃ နှစ် ကဝက်တစ်ကောင် ကြီးထွားဖို ့ ငယ်လတ်ကြီး ဝက်စာအတွက် ဖော်ပြထားတဲ့ အမျိုးအမည် တွေ နဲ ့ အစာစပ်နည်းလေး တင်ပေးပါလား
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး