အစိမ်းရောင်လမ်း
ချဉ်ဖတ်ပြုရန်အတွက် အစာစိမ်းလုံလောက်မှုနှင့် ပိုလျှံမှုများကို တွက်ချက်ခြင်း (Feed Budgeting for Silage making)

ချဉ်ဖတ်ပြုရန်အတွက် အစာစိမ်းလုံလောက်မှုနှင့် ပိုလျှံမှုများကို တွက်ချက်ခြင်း (Feed Budgeting for Silage making)

MDEP
MDEP MDEP 15/08/2019

ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလတွေဟာ မြန်မာနိုင်ငံရှိ နို့စားနွားမွေးသူ အများစုအတွက် အရည်အသွေးကောင်းမွန်သော အစာစိမ်းများ အများအပြားရရှိသော ကာလဖြစ်ပါတယ်။

အစာစိမ်းပေါမျာသည့်ကာလတွင် မိမိစိုက်ပျိုးထားသော အစာစိမ်းပမာဏနှင့် မိမိနွားများအတွက်လုံလောက်မှုအတိုင်းအတာ ခန့်မှန်းခြေကို သိရှိထားဖို့ အရေးကြီးပါတယ်။

မိုးတွင်းကာလမှာ အစာစိမ်းလုံလောက်ရုံသာမက အချို့သော မွေးမြူတောင်သူများတွင် ပိုလျှံနေနိုင်ပါတယ်။

အကယ်၍ ပိုလျှံနေပါက နွားအတွက် ဘယ်လိုထိန်းသိမ်းထားမှာပါသလဲ။ ပိုလျှံနေသော အစာစိမ်းကို အာဟာရတန်ဖိုး လျှော့ကျမှုအနည်းဆုံးဖြစ်ပြီး ကြာရှည်ထိန်းသိမ်းထားနိုင်မည့် အကောင်းဆုံးနည်းလမ်းကတော့ နွားစာချဉ်ဖတ်ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

နှံစားပြောင်း ၁ ဧက နှစ်ကြိမ် ရိတ်သိမ်းခြင်းမှ ရရှိနိုင်သော ပိဿာချိန် ခန့်မှန်းတွက်ချက်ခြင်း

ပထမအကြိမ် - ၁၈ တန် = ၁၈၀၀၀ ကီလိုဂရမ် = ၁၁၂၅၀ ပိဿာ

ဒုတိယအကြိမ် - ၂၀ တန် = ၂၀၀၀၀ ကီလိုဂရမ် = ၁၂၅၀၀ ပိဿာ

စုစုပေါင်း - ၃၈ တန် = ၃၈၀၀၀ ကီလိုဂရမ် = ၂၃၇၅၀ ပိဿာ

၈ ပိဿာဝင်ခြင်းတောင်းဖြင့် ချိန်တွယ်ပါက ၂၉၆၈ တောင်း ရရှိနိုင်ပါသည်။

နို့စားနွားမ ၁ ကောင်အတွက် လုံလောက်သောထုတ်လုပ်မှုရစေရန် အစာနု (ဝါစေ့ဖတ်နှင့် ပဲနှစ် စုစုပေါင်း ၃ ပိဿာ) ကျွေးနေပါက နှံစားပြောင်း အစို ၈ ပိဿာဝင်တောင်းဖြင့် ၁ ရက်လျှင် ၅ တောင်းကျွေးရန် လိုအပ်ပါသည်။

နို့စားနွားမ ၁ ကောင် - 

၁ ရက်စာအတွက် အစာစိမ်းလိုအပ်ချက် = ၅ တောင်း

၁ လစာအတွက် အစာစိမ်းလိုအပ်ချက် = ၁၅၀ တောင်း

မိုးရာသီ (ဇူလိုင်လမှ အောက်တိုဘာလအထိ) အစာစိမ်းလိုအပ်ချက် = ၆၀၀ တောင်း

၁ဧကမှ ရနိုင်သော ခြင်းအရေအတွက် = ၂၉၆၈

နို့စားနွားမ ၁ ကောင် မိုးရာသီ ၄ လအတွက် အစာစိမ်းလိုအပ်ချက် ခြင်းအရေအတွက် = ၆၀၀ တောင်း

၁ ဧကမှ မိုးရာသီ ၄ လအတွက် လုံလောက်သော နို့စားနွားမကောင်ရေ = ၅ ကောင်

ပြောင်း ၁ ဧက စိုက်ပျိုးထားပြီး နို့စားနွားမ ၅ ကောင် မွေးမြူထားသောခြံသည် မိုးရာသီ ၄ လစာအတွက်သာ ကျွေးရန်လုံလောက်သည်။

ပြောင်း ၁ ဧက စိုက်ပျိုးထားပြီး နို့စားနွားမ ၃ ကောင် မွေးမြူထာသောခြံသည် မိုးရာသီ ၃ လ + နွေရာသီ ၂ လခွဲအတွက်ပါ ကျွေးရန်လုံလောက်သည်။

မွေးမြူသူတွေအနေဖြင့် နွေရာသီတွင် မိမိနွားမများ၏ထုတ်လုပ်မှုကို မိုးရာသီကဲ့သို့ ထုတ်လုပ်မှု ပေးနိုင်စေရန်နှင့် အစာနုဖိုး လျော့ချနိုင်စေရန်အတွက် မိုးရာသီတွင်ပိုလျှံသော အစာစိမ်းကို (သို့) ပိုလျှံအောင်စိုက်ပျိုး၍ ရလာသော အစာစိမ်းများကို နွေရာသီအတွက် ချဉ်ဖတ်သိပ်၍ ကျွေးမွေးကြရန် တိုက်တွန်းအပ်ပါသည်။  နွားစာချဉ်ဖတ်သိပ်ပြီး ကျွေးမွေးကြရပါသည်။ 

 

sai khan aung

sai khan aung

လွန်ခဲ့သော ၄ နှစ် က

ဈတ်ဓာတိပဲချဉ်ဖတ်လုပ်နည်းကြမပြောပြဘူး🤣🤣

Khun Win Naing

Khun Win Naing

လွန်ခဲ့သော ၅ နှစ် က

ချဉ်ဖတ်ကိုဘယ်လိုလုပ်ရမလဲဗျာ

KhunAungMyo

KhunAungMyo

လွန်ခဲ့သော ၅ နှစ် က

ဘာတွေထည့်သေးလဲဗျ

You

ဆက်စပ်ဆောင်းပါးများ

MDEP

Content provider

MDEP

Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာ​စေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....