ကျွဲစာ နွားစာ
မြန်မာနိုင်ငံတွင် ကျေးလက်တောရွာအနီးအပါးများ၌ ကျွဲ စားကျက်၊ နွားစားကျက်ဟူ၍ သတ်မှတ်ထားသော မြက်ခင်းများကို တွေ့နိုင်ပေသည်။ ကျွဲစားကျက်များ ထားရှိသည့်အပြင် ကောက်ရိုး၊ ပြောင်းရိုး စသည်တို့ကိုလည်း သိုလှောင်ထားတတ် ကြသေးသည်။ ဧက (၂ဝ) ခန့်ရှိသော တောင်သူတစ်ယောက်သည် မြေ (၈) ဧကခန့်ကို ဝါစိုက်၍ (၈) ဧကခန့်ကို နှမ်းစိုက်ပြီးလျှင် ကျန် (၄) ဧကကို နွားစားပြောင်း စိုက်လေ့ရှိ၏။
အချို့မြေပဲစိုက်သောသူတို့သည် မြေပဲကို မတူးဖော်မီ ပဲရိုးများကိုဖြတ်၍ ထိုရိုးဖြတ်များကို ကျွဲစာ၊ နွားစာအဖြစ် သိုလှောင်ထားတတ်ကြသည်။ ဤနည်းဖြင့် သန့်ရှင်း၍ ကောင်းသော နွားစာမြေပဲရိုးရ၏။ သို့ရာတွင် စရိတ်ကြီးသဖြင့် ယခုအခါ ဤနည်းကို အသုံးပြုသူနည်းလေပြီ။ အများအားဖြင့်၊ ပဲရိုးကို ထွန်နှင့်တိုက်၍ ဖြတ်ကြသည်ကများ၏။ ထွန်နှင့်တိုက်သောအခါ ပဲရိုးများသည် မြေကြီးနှင့် ရောထွေးနေသဖြင့် နွားစာအတွက်ဖြတ်သော အရိုးလောက် မကောင်းလှချေ။ ဤသို့ ကျွဲစာ၊ နွားစာများကို သိုလှောင်ထားခြင်းအားဖြင့် ကျွဲနွားများ ကျွေးမွေးရန်အစာကို တစ်ရာသီနှင့် တစ်ရာသီ အဆက်မပြတ် ရရှိနိုင်ကြပေသည်။
မြန်မာနိုင်ငံအောက်ပိုင်း၌ မိုးဦးကျအချိန်မှစ၍ ကောက်စိုက်သည့်အချိန်အထိ ကျွဲနွားများ ကျွေးမွေးရန်အတွက် နွေရာသီကပင် ကောက်ရိုးများကို ကုန်းကျ၍ ရေမဝပ်နိုင်သောနေရာများတွင် စုပုံထားတတ်ကြသည်။ မိုးတွင်းအခါ ရေလွှမ်းသော ဒေသများတွင်မူ၊ စင်များဆောက်လုပ်၍ သိုလှောင်ထားတတ်ကြ၏။ ထို့ပြင် မိုးရေကြောင့် ကောက်ရိုးများ မပျက်စီးစေရန်အတွက်လည်း ကောက်ရိုးပုံများကို အမိုးမိုးပေးထားတတ်ကြ၏။ မိုးတွင်းအခါ ကန်သင်းရိုးနှင့် လယ်ကြိုလယ်ကြားတွင်ပေါက်သော မြက်များကို ရိတ်၍ ကျွဲနွားများကို ကျွေးမွေးနိုင်ကြသော်လည်း များသောအားဖြင့် လောက်လောက်ငင မကျွေးနိုင်ကြပေ။ မြေပဲဖတ်၊ နှမ်းဖတ်၊ ဝါစေ့ဖတ်၊ ဖွဲနု၊ ဆန်ကွဲ၊ ပဲမှော်တို့ကိုလည်း၊ ကျွဲစာ၊ နွားစာအဖြစ် အသုံးပြုတတ်ကြရာ ယင်းတို့ကိုလည်း သိုလှောင်ထားတတ်ကြပေသည်။ စဉ်းပြီးသားကောက်ရိုး ပြောင်းရိုးတို့နှင့်အတူ မြေပဲဖတ်၊ နှမ်းဖတ်၊ ပဲမှော် စသည်တို့ကို ရောနယ်၍ ကျွေးမွေးလျှင် ကျွဲနွားများအဖို့ အာဟာရဓာတ် ပို၍ဖြစ်၏။ ရှားပါးသော အချို့အရပ်များတွင် ပေအူ၊ ထန်းအူများကိုပင် ကျွဲစာ၊ နွားစာအဖြစ် ကျွေးမွေးကြရသည်။ ကျွဲစာ၊ နွားစာဖြစ်သော မြက်များမှာ မြက်ဝိုင်း၊ မြက်ကြား၊ ဘဲစာမြက်၊ မြက်ချို၊ ဝါးရုံမြက်၊ မြက်မှား၊ မြက်ခါး၊ မြက်လူး စသည်တို့ ဖြစ်ကြသည်။
ကျွဲနွားတိရစ္ဆာန်များကို သီးသန့်မွေးမြူသည့် အနောက်နိုင်ငံများတွင်မူ ထိုတိရစ္ဆာန်တို့အတွက် အစာဖူလုံရအောင် မြက်အပြင် ပဲပင်အမျိုးမျိုးလည်း အထူးစိုက်ပျိုးထားကြသည်။ ပဲပင်များကို စိုက်ပျိုးရခြင်း၏ အကြောင်းရင်းတစ်ရပ်မှာ ထိုတိုင်းပြည်များတွင် ဆောင်းဥတု၏အအေးဒဏ်ကို မြက်က ခံနိုင်ရည်မရှိသောကြောင့် ဖြစ်သည်။
ကျွဲစာ နွားစာအတွက် မြက်၊ ပဲပင်တို့ကို စိုက်ပျိုးကြရာ၌ တိရစ္ဆာန်များအတွက် လိုအပ်သည့် ပရိုတင်း အချိုဓာတ် အစရှိသော အာဟာရဓာတ်များ မပျက်ပြားသွားစေရန် မြက်ကို ပွင့်ချိန်တွင် ရိတ်သိမ်းကြသည်။ တစ်ခါတစ်ရံ လယ်တစ်ကွင်းထဲမှ တစ်နှစ်လျှင် (၂) ကြိမ် (၃) ကြိမ်မျှ ရိတ်သိမ်းရသည်၊ ရိတ်ပြီးသည့်မြက်ကို လယ်ကွင်းထဲတွင် (၃) ရက်ခန့် အခြောက်လှန်းထားလေ့ရှိသည်။ ထို့နောက် မြက် အခြောက်မမြန်လွန်းရအောင် ထွန်ခြစ်များဖြင့် အစုလိုက်၊ အပုံလိုက်ပြုလုပ်၍ ရက်သတ္တတစ်ပတ်မျှ လယ်ကွင်းထဲ၌ ထားရပြန်သည်။ ပြီးမှ ကျီများသို့ မြက်ခြောက်ကို သယ်ယူသိုလှောင်ထားကြသည်။ ယခုအခါ မြက်ကို ရိတ်သိမ်းသိုလှောင်ခြင်း၊ အသယ်ရအသိုရ လွယ်ကူအောင် သိပ်သည်းစွာစည်းနှောင်ခြင်း အစရှိသော လုပ်ငန်းကိစ္စအဝဝတို့ကို စက်ဖြင့် ဆောင်ရွက်လျက်ရှိကြရာ လုပ်ငန်းမှာ ပိုမိုလွယ်ကူလာသည်။ ထို့ပြင် မြက်စိုကို မူလအာဟာရဓာတ်များ မပျက်ပြားစေဘဲ၊ ခြောက်သွေ့လာစေနိုင်သည့် စက်ကို အသုံးပြုနိုင်ပြီဖြစ်၍ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းသည် တိုးတက်လာလေသည်။
Source: https://my.wikipedia.org/wiki/ကျွဲစာ_နွားစာ
ဆက်စပ်ဆောင်းပါးများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026