ကျွဲ၊ နွား၊ သိုး၊ ဆိတ် များအတွက် အစာကြမ်းလိုအပ်ချက် တွက်ချက်နည်း
ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူသူတွေထံက အကြားရများတဲ့ မေးခွန်းတစ်ခုကတော့ "ကျွန်တော့်တိရစ္ဆာန်တွေအတွက် မြက် ဘယ်လောက် စိုက်ပျိုးရမလဲ" ဆိုတဲ့ မေးခွန်းပါ။
ကျွဲ၊ နွား၊ သိုး၊ ဆိတ် တွေဟာ စားမြုံ့ပြန်သတ္တဝါတွေဖြစ်တာမို့ အခြားသတ္တဝါတွေ မစားနိုင်၊ မချေဖျက်နိုင်တဲ့ "အစာကြမ်း" တွေကို စားသောက်နိုင်ပါတယ်။ သူတို့ အစာလမ်းကြောင်းက ချေဖျက်ပြီး ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးဖို့၊ အသား၊ နို့ တွေ ထုတ်လုပ်ပေးဖို့၊ မျိုးပွားဖို့၊ ကိုယ်ဝန်ဆောင်ဖို့ အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် အစာကြမ်း (forage) ဟာ အဲဒီသတ္တဝါတွေအတွက် အဓိကအစာ ဖြစ်ပါတယ်။

အစာကြမ်း ဆိုတာကတော့ စားမြုံ့ပြန်သတ္တဝါတွေကလွဲပြီး လူနဲ့ အခြားသတ္တဝါတွေ ချေဖျက်စားသောက်ဖို့ မလွယ်ကူ၊ မဖြစ်နိုင်တဲ့ အမျှင်ဓာတ် (fibre) တွေ အများအပြား ပါဝင်နေတဲ့ အစာတွေ ဖြစ်ပါတယ်။ ဥပမာ မြက်၊ ကောက်ရိုး အစရှိတဲ့ အစာတွေပါပဲ။
ကျွဲ၊ နွား၊ သိုး၊ ဆိတ်တွေအတွက် အစာကြမ်း လိုအပ်ချက်ကို တွက်ချက်တဲ့ နည်းလမ်းတွေ တစ်ခုထက်မက ပိုရှိပါတယ်။
တွက်ချက်ပုံက အသေးစိတ်ကျလေ၊ အစာကြမ်းလိုအပ်ချက်ကို ပိုပြီးတိတိကျကျ အဖြေထုတ်နိုင်လေပါပဲ။ ဒါပေမဲ့ အသေးစိတ်တွက်ချက်ဖို့ ရှုပ်ထွေးတဲ့ ဓာတ်ခွဲစမ်းသပ်ချက်တွေ လိုအပ်နိုင်ပါတယ်။ ဒါကြောင့် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး အကြမ်းဖျဉ်းသဘော တွက်ချက်ပုံကိုပဲ ဖော်ပြလိုပါတယ်။
အဆင့် ၁ - တိရစ္ဆာန်ရဲ့ ခန္ဓာကိုယ် အလေးချိန်ကို သိရပါမယ်။
ကျွဲ၊ နွား တစ်ကောင်ဟာ နေ့စဉ် အစာကြမ်းအခြောက်ဓာတ် (Dry Matter) ကို သူ့ခန္ဓာကိုယ် အလေးချိန် (အရှင်ချိန်)ရဲ့ ၂-၃ ရာခိုင်နှုန်း စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဆိုလိုတာက ခန္ဓာကိုယ်အလေးချိန် ပိဿာ ၁၀၀ ရှိတဲ့ ကျွဲ၊ နွား တစ်ကောင်ဟာ တစ်ရက်ကို အစာကြမ်း အခြောက်ဓာတ် ၂-၃ ပိဿာ စားသုံးပေးဖို့ လိုအပ်ပါတယ်။
ဒါကြောင့် အစာကြမ်းလိုအပ်ချက်ကို သိရှိဖို့ မိမိမွေးမြူထားတဲ့ တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်အလေးချိန် စုစုပေါင်းကို အကြမ်းဖျဉ်းသိရှိထားဖို့ လိုအပ်တာ ဖြစ်ပါတယ်။
အဆင့် ၂ - မိမိကျွေးမွေးမယ့် အစာကြမ်းရဲ့ အခြောက်ဓာတ် ပါဝင်မှုကို သိရပါမယ်။
အစာကြမ်းအခြောက်ဓာတ်ဆိုတာကတော့ အစာကြမ်းထဲမှာ ပါဝင်တဲ့ အစိုဓာတ်၊ တနည်းအားဖြင့် ရေကို ဖယ်ထုတ်ပြီး ကျန်ရှိတဲ့အစာကို ဆိုလိုတာပါ။
ဒီတော့ အစာကြမ်းတွေမှာ ရှိတဲ့ အခြောက်ဓာတ်ပမာဏဟာ အစာအမျိုးအစားပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။ အစာကြမ်းပင်ကို စိုက်ပျိုးထားတဲ့ မြေ၊ ရေ၊ ရာသီဥတု၊ ရိတ်သိမ်းတဲ့အချိန်ကာလ၊ အပင် အသက်အ ရွယ်၊ သိုလှောင်ထားရှိပုံတွေပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။
ဥပမာအားဖြင့် နေပီယာ ပတ်ချောင်း -၁ မြက်မျိုးကို ပုံမှန်အချိန်မှာ ရိတ်သိမ်းရင် အစိုဓာတ် ၇၅ ရာခိုင်နှုန်းနဲ့ အခြောက်ဓာတ် ၂၅ ရာခိုင်နှုန်း ပါဝင်နိုင်ပါတယ်။ ကောက်ရိုးမှာတော့ အစိုဓာတ် ၄ ရာခိုင်နှုန်းနဲ့၊ အခြောက်ဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်နိုင်ပါတယ်။ တကယ်လို့ နေပီယာပတ်ချောင်း -၁ မြက်မျိုးကိုပဲ သက်တမ်းနုချိန်မှာ ရိတ်သိမ်းရင် အစိုဓာတ်ပိုများပြီး အခြောက်ဓာတ်ရာခိုင်နှုန်း လျော့နည်းနိုင်ပါတယ်။
ခန္ဓာကိုယ်အလေးချိန် ပိဿာ ၁၀၀ ရှိတဲ့ ကျွဲ၊ နွား တစ်ကောင်ဟာ တစ်ရက်ကို အစာကြမ်း အခြောက်ဓာတ် ၂-၃ ပိဿာ လိုအပ်ပါတယ်လို့ အထက်မှာ တွက်ချက်ပြခဲ့ပါတယ်။ မိမိက အခြောက်ဓာတ် ၇၅ ရာခိုင်နှုန်းပါတဲ့ နေပီယာ ပတ်ချောင်း -၁ မြက်ကို ကျွေးမယ်ဆိုရင် မြက်အစိုအလေးချိန် ၈-၁၂ ပိဿာ လိုအပ်မှာ ဖြစ်ပါတယ်။
ကျွေးမွေးရမည့် အစာကြမ်း အစိုပမာဏတွက်ချက်ပုံ (ဥပမာ)
- = လိုအပ်သည့် အခြောက်ဓာတ် ပမာဏ ÷ အခြောက်ဓာတ်ပါဝင်မှု ရာခိုင်နှုန်း
- = ၂ ပိဿာ ÷ ၀.၂၅ = ၈ ပိဿာ/တစ်ရက်
- = ၃ ပိဿာ ÷ ၀.၂၅ = ၁၂ ပိဿာ/တစ်ရက်
ရရှိလာတဲ့ တစ်ရက်စာအစာကြမ်းအစို လိုအပ်ချက်ကို အချိန်ကာလ(ရက်) နဲ့ မြှောက်ပေးရပါမယ်။ ခန္ဓာ ကိုယ်အလေးချိန် ပိဿာ ၁၀၀ ရှိတဲ့ ကျွဲ၊ နွား တစ်ကောင်ဟာ တစ်ရက်ကို အစာကြမ်း အစို ၈-၁၂ ပိဿာ လိုအပ်တာကြောင့် တစ်လမှာ ၂၄၀-၃၆၀ ပိဿာ လိုအပ်မှာ ဖြစ်ပါတယ်။
တစ်လစာ အစာကြမ်းအစို လိုအပ်ချက်တွက်ချက်ပုံ
- = တစ်ရက်စာ ကျွေးမွေးရမည့် အစာကြမ်း အစိုပမာဏ x ရက်
- = ၈ ပိဿာ x ၃၀ ရက် = ၂၄၀ ပိဿာ/တစ်လ
- = ၁၂ ပိဿာ x ၃၀ ရက် = ၃၆၀ ပိဿာ/တစ်လ
အဆင့် ၃ - မိမိ စိုက်ပျိုးမယ့် အစာကြမ်းပင်ရဲ့ အထွက်နှုန်းကို သိရပါမယ်။
မိမိစိုက်ပျိုးမယ့် အစာကြမ်းပင် (ဥပမာ မြက်) ရဲ့ အထွက်နှုန်းကို သေသေချာချာ သိရှိမှသာလျှင် မိမိရဲ့ တိရစ္ဆာန်တွေအတွက် ဘယ်နှစ်ဧက စိုက်ပျိုးထုတ်လုပ်ရမယ်ဆိုတာကို တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ မိမိရဲ့ တိရစ္ဆာန်တွေအတွက် နေပီယာ ပတ်ချောင်း -၁ မြက်မျိုးကို စိုက်ပျိုးပြီး၊ သူ့ရဲ့ တစ်ဧက အထွက်နှုန်းက တစ်နှစ်မှာ ၁၈၀-၂၀၀ မက်ထရစ်တန် ရှိတယ် ဆိုပါစို့။ တစ်နှစ်ကို မြက်အစို ပိဿာချိန်အားဖြင့် ၁၁၂၅၀၀ ကနေ ၁၂၅၀၀ လောက် ထွက်ရှိမှာ ဖြစ်ပါတယ်။
တစ်နှစ်မှာ ၃၆၅ ရက် ရှိတာမို့ တစ်ရက်ပျမ်းမျှ အထွက်နှုန်းက ၃၀၀ - ၃၄၀ ပိဿာ ခန့် ရှိမှာ ဖြစ်ပါတယ်။
(၁ မက်ထရစ်တန် = ၆၂၅ ပိဿာ နဲ့ အခြေခံတွက်ချက်ထားတာပါ။)
အထက်မှာ တွက်ချက်ခဲ့တဲ့ အချက်အလက်တွေအရ ခန္ဓာကိုယ်အလေးချိန် ၁၀၀ ပိဿာ ရှိတဲ့ နွားတစ်ကောင်ဟာ တစ်ရက်မှာ နေပီယာပတ်ချောင်း - ၁ မြက် အစို ၈-၁၂ ပိဿာ စားသုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ် ဧက စိုက်ထားမယ်ဆိုရင် ခန္ဓာကိုယ်အလေးချိန် ၁၀၀ ပိဿာ ရှိတဲ့ နွား အကောင်ရေ ၃၀ ဝန်းကျင်ကိုကျွေးမွေးထားနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် မြက်ရဲ့ အထွက်နှုန်းဟာ ရာသီဥတု၊ ရေရှိမှု စတာတွေပေါ် မူတည်ပြီး တစ်နှစ်တာအတွင်းမှာ ပြောင်းလဲနိုင်ပါတယ်။ ဒါ့အပြင် အထွက်နှုန်းဟာ ဒေသတစ်ခုနဲ့တစ်ခုလည်း ကွာခြားနိုင်တာမို့ တစ်နှစ်ကို ၁၈၀-၂၀၀ မက်ထရစ်တန် ထွက်မယ်၊ မထွက်ဘူး သေချာပေါက် မပြောနိုင်ပါဘူး။
ဒါ့အပြင် နွားခြံတွေမှာ နွားတွေအားလုံးဟာ ခန္ဓာကိုယ်အလေးချိန် ပိဿာ ၁၀၀ စီ အတိအကျ ရှိနေမှာ မဟုတ်ဘဲ၊ ပိုသေးတဲ့နွား၊ ပိုကြီးတဲ့ နွားတွေ ရှိနေဦးမှာပါ။ ဒါကြောင့် နေပီယာ ပတ်ချောင်း-၁ မြက် တစ်ဧက ကို နွား အကောင်ရေ ၂၀ ခန့် မွေးမြူရင် အစာလုံလောက်ဖို့ ပိုပြီး သေချာနိုင်ပါတယ်။
အထက်မှာ တင်ပြခဲ့တာကတော့ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တွေအတွက် အစာကြမ်း လိုအပ်ချက် တွက်ချက်နိုင်ဖို့နဲ့ မိမိရဲ့ မြက်စိုက်ခင်းကနေ ကျွဲ၊ နွား၊ သိုး၊ ဆိတ် ဘယ်နှစ်ကောင်အတွက် အစာကြမ်း လုံလောက်အောင် ထုတ် လုပ်နိုင်မလဲ ဆိုတာတွေကို အကြမ်းဖျဉ်းသဘော တွက်ချက်နိုင်ဖို့ အဆင့် ၃ ဆင့်ပဲ ဖြစ်ပါတယ်။ ကျွဲ၊ နွား၊ သိုး၊ ဆိတ် ဘယ်သတ္တဝါကို ဘယ်နှစ်ကောင်မွေးမွေး၊ ဘယ်အစာကြမ်းပင်ကို ဘယ်နှစ်ဧကစိုက်စိုက် အဲဒီ အဆင့် ၃ ဆင့်ကို အသုံးပြုပြီး ကြိုတင်စီမံခန့်ခွဲခြင်းအားဖြင့် အစာကြမ်း ပြတ်လပ်မှု ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Min Maung
လွန်ခဲ့သော ၁ နှစ် က50%လို့တော့ဖတ်ဘူးပါတယ်ကောက်ရိုး2ပိဿ ဆို အစာနု1ပိဿ
Thiha Naung
လွန်ခဲ့သော ၃ နှစ် ကအစာနုကြတော့ဘယ်လိုတွက်ချက်မလဲခင်ဗျ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....